Wednesday, June 26, 2013

ပဋိပက္ခများထပ်မံ မဖြစ်အောင် စီမံချက်များ ရေးဆွဲထားသည်ဟုဆို

Photo: ပဋိပက္ခများထပ်မံ မဖြစ်အောင် စီမံချက်များ ရေးဆွဲထားသည်ဟုဆို
Wednesday, June 26, 2013

မြန်မာနိုင်ငံအတွင်း ဘာသာမတူသည့် လူအုပ်စုနှစ်ခုကြား ဖြစ်ပွားခဲ့ရသည့် ပဋိပက္ခများကဲ့သို့ အလားတူဖြစ်စဉ်များ ထပ်မံ မဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းစီမံချက်များ ရေးဆွဲထားပြီးဖြစ်ကြောင်း ပြန်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ပြောဆိုလိုက်သည်။

ယင်းသို့ ဒုဝန်ကြီးက ပြောဆိုလိုက်ခြင်း မှာ ဇွန် ၂၅ တွင် စတင်ကျင်းပသည့် ပြည်သူ့လွှတ်တော်၏ သတ္တမပုံမှန် အစည်းအဝေးတွင်ဖြစ်ပြီး ပဋိပက္ခများ နောင်တွင် ထပ်မံဖြစ်ပေါ်ပါက ဟန့်တားရန်နှင့် အရေးယူဆောင်ရွက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ အရ ဥပဒေကြမ်းရေးဆွဲပြီး အတည် ပြုပြဌာန်းရန် အစီအစဉ် ရှိ၊ မရှိနှင့် ပတ်သက်ပြီး အမရပူရမြို့နယ်မှ လွှတ်တ်ေအမတ် ဦးသိန်းထွန်းဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားလိုက်ခြင်း ဖြစ်သည်။

ဒုဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ''လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ထပ်မံ မဖြစ်ပွားစေရေးအတွက် တရားဥပဒေစိုးမိုး ရေးမှာ အဓိကတာဝန်ရှိတဲ့ ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုပ်ငန်းအစီအမံ
စီမံချက်များအား ရေးဆွဲထားရှိပြီး စနစ်တကျ ထိန်းသိမ်းတားဆီး အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု ပြောဆိုခဲ့သည်။

သို့သော် မည်ကဲ့သို့ စီမံရေးဆွဲထားပြီး မည်သို့ အရေးယူဆောင်ရွက်သွားမည်ကို အသေးစိတ်ရှင်းလင်း ပြောဆို ခဲ့ခြင်းမရှိဘဲ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန်မှာ လက်ရှိတည်ဆဲဥပဒေများနှင့် လုံလောက်မှု ရှိသောကြောင့် နောက်ထပ်ဥပဒေအသစ် တစ်ခုပြဌာန်းရန် လိုအပ်မှုမရှိကြောင်းလည်း ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၃၆၄ တွင် ''နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာ သနာကို အလွဲသုံးစားမပြုရ၊ ထို့ပြင်
လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း။ တစ်ဖက်နှင့် တစ်ဖက် တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော (သို့မဟုတ်) ပေါ်ပေါက်လာစေရန် အကြောင်းရှိသော အပြုအမူသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည်'' ဟု ပါရှိသည်။

ယင်းကဲ့သို့ ဥပဒေသစ် ပြဌာန်းရန်အတွက် လို၊ မလို သုံးသပ်ရန်မှာ အစိုးရ၏ လုပ်ဆောင်ပုံ၊ ကိုင်တွယ်ဖြေရှင်းပုံတို့ကိုပွင့်ပွင့်လင်းလင်းသိရန် လိုအပ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၅ ရက် လွှတ်တော် ခေတ္တ နားချိန်တွင် မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက် ဖျက် ဆီးမှု အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အဖွဲ့ဝင် ၁ဝ ဦးပါသည့်
အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီကို မတ်လ ၃ဝ ရက်တွင် သမ္မတက ဖွဲ့စည်းပေးခဲ့သည်။

ကော်မတီတွင်ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဥက္ကဌ အဖြစ်ဆောင်ရွက်ရပြီး ကော်မတီ၏ တာဝန်မှာ အဓိကရုဏ်းဖြစ်ပွားခဲ့လျှင် ပြည်နယ်အစိုးရများနှင့်ချိတ်ဆက်၍ အလျင်အမြန် နှိမ်နင်းနိုင်ရေး စီမံပေးရန်၊ လှုံ့ဆော်သူများကို ဖမ်းဆီးထိန်းသိမ်းရန်၊ ဥပဒေအရ အရေးယူနိုင်ရန်နှင့် အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားအောင် ထိထိရောက်ရောက် ကာကွယ်ရန်တို့ ဖြစ်သည်။

Mizzima News
မြန်မာနိုင်ငံအတွင်း ဘာသာမတူသည့် လူအုပ်စုနှစ်ခုကြား ဖြစ်ပွားခဲ့ရသည့် ပဋိပက္ခများကဲ့သို့ အလား တူဖြစ်စဉ်များ ထပ်မံမဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းစီမံချက်များ ရေးဆွဲထားပြီးဖြစ်ကြောင်း ပြည် ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ပြောဆိုလိုက်သည်။
ယင်းသို့ ဒုဝန်ကြီးက ပြောဆိုလိုက်ခြင်း မှာ ဇွန် ၂၅ တွင် စတင်ကျင်းပသည့် ပြည်သူ့လွှတ်တော်၏ သတ္တမပုံမှန် အစည်းအဝေးတွင်ဖြစ်ပြီး ပဋိပက္ခများ နောင်တွင် ထပ်မံဖြစ်ပေါ်ပါက ဟန့်တားရန်နှင့် အရေး ယူဆောင်ရွက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ အရ ဥပဒေကြမ်းရေးဆွဲပြီး အတည် ပြုပြ ဌာန်းရန် အစီအစဉ်ရှိ၊ မရှိနှင့် ပတ်သက်ပြီး အမရပူရမြို့နယ်မှ လွှတ်တ်ေအမတ် ဦးသိန်းထွန်းဦး ၏ မေးမြန်းချက် ကို ပြန်လည်ဖြေကြားလိုက်ခြင်း ဖြစ်သည်။

ဒုဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ''လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ထပ်မံ မဖြစ် ပွားစေရေး အတွက် တရားဥပဒေစိုးမိုး ရေးမှာ အဓိကတာဝန်ရှိတဲ့ ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လုပ်ငန်းအစီအမံစီမံချက်များအား ရေးဆွဲထားရှိပြီး စနစ်တကျ ထိန်းသိမ်းတားဆီး အရေး ယူဆောင် ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု ပြောဆိုခဲ့သည်။

သို့သော် မည်ကဲ့သို့ စီမံရေးဆွဲထားပြီး မည်သို့ အရေးယူဆောင်ရွက်သွားမည်ကို အသေးစိတ် ရှင်းလင်း ပြောဆိုခဲ့ခြင်းမရှိဘဲ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန်မှာ လက်ရှိတည်ဆဲဥပဒေများနှင့် လုံလောက်မှု ရှိသောကြောင့် နောက်ထပ်ဥပဒေအသစ် တစ်ခုပြဌာန်းရန် လိုအပ်မှုမရှိကြောင်း လည်း ဖြေ ကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၃၆၄ တွင် ''နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာ သနာကို အလွဲ သုံးစား မပြုရ၊ ထို့ပြင်လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော် လည်းကောင်း။ တစ်ဖက်နှင့် တစ်ဖက်တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်းမုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော (သို့မဟုတ်) ပေါ်ပေါက်လာစေရန် အကြောင်းရှိသော အပြုအမူသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည်'' ဟု ပါရှိသည်။

ယင်းကဲ့သို့ ဥပဒေသစ် ပြဌာန်းရန်အတွက် လို၊ မလို သုံးသပ်ရန်မှာ အစိုးရ၏ လုပ်ဆောင်ပုံ၊ ကိုင်တွယ်ဖြေရှင်းပုံတို့ကိုပွင့်ပွင့်လင်းလင်းသိရန် လိုအပ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၅ ရက် လွှတ်တော် ခေတ္တ နားချိန်တွင် မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက် ဖျက် ဆီးမှု အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အဖွဲ့ဝင် ၁ဝ ဦးပါသည့်အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီကို မတ်လ ၃ဝ ရက်တွင် သမ္မတက ဖွဲ့စည်းပေးခဲ့သည်။

ကော်မတီတွင်ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဥက္ကဌ အဖြစ်ဆောင်ရွက် ရပြီး ကော်မတီ၏ တာဝန်မှာ အဓိကရုဏ်းဖြစ်ပွားခဲ့ လျှင် ပြည်နယ်အစိုးရ များနှင့်ချိတ် ဆက်၍ အလျင်အမြန် နှိမ်နင်းနိုင်ရေး စီမံပေးရန်၊ လှုံ့ဆော်သူများကို ဖမ်းဆီးထိန်းသိမ်းရန်၊ ဥပဒေအရ အရေးယူနိုင်ရန်နှင့် အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားအောင် ထိထိရောက်ရောက် ကာကွယ်ရန် တို့ ဖြစ် သည်။

Mizzima News

No comments:

Post a Comment