Wednesday, June 12, 2013

ကန်အစိုးရလျို့ဝှက်ချက် ဖောက်ချသူကို ရာဇ၀တ်သားအဖြစ် အလိုရှိ

Photo: ကန်အစိုးရလျို့ဝှက်ချက် ဖောက်ချသူကို ရာဇ၀တ်သားအဖြစ် အလိုရှိ
Wednesday, 12 June 2013

အမေရိကန်နိုင်ငံရဲ့ လျို့ဝှက်ချက်တွေကို ဖောက်ချခဲ့တဲ့ Edward Snowden ကို အမေရိကန်နိုင်ငံရေးသမားတွေက ရာဇဝတ်သားလို့ ယူဆပြီး အကြီး
အကျယ်အလိုရှိနေချိန်မှာ ဝီကီလခ်စ် ဝဘ်ဆိုက်တည်ထောင်သူ ဂျုလီယန်
အာဆန်းက Edward Snowden ဟာ သူရဲကောင်းတစ်ယောက်ဖြစ်တယ်လို့ ချီးမွမ်းပြောဆိုလိုက်ပါတယ်။

ဝီကီလခ်စ်ဝက်ဆိုက်တည်ထောင်သူ Julian Assange နဲ့ အမေရိကန်အစိုးရ လျို့ဝှက်ချက်ကိုဖောက်ချသူ Edward Snowden

အသက် ၂၉ နှစ်အရွယ် Edward Snowden ဟာ အမေရိကန်အစိုးကနေ အမေရိကန် ပြည်သူတွေနဲ့ တယ်လီဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက်တွေကို
စောင့်ကြည့်နားထောင်တာကို လျို့ဝှက်အဖြစ်ထားရှိတာကို လူသိရှင်ကြား
ပေါက်ကြားစေခဲ့တဲ့အတွက် အမေရိကန်အစိုးရက အလိုရှိနေတာ ဖြစ်ပါ
တယ်။

Edward Snowden ဟာ NSA အမျိုးသားလုံခြုံရေးဌာနမှာ တာဝန်ထမ်း
ဆောင်ခဲ့သူဖြစ်ပြီး အမေရိကန်အစိုးရက ပြည်သူတွေရဲ့ တယ်လီဖုန်းကို ခိုးနားထောင်တာကို မနှစ်သက်လို့ ပေါက်ကြားလိုက်တာလို့ သိရပါတယ်။

ဒီလုပ်ရပ်အတွက် သူ့အပေါ် အစိုးရက တုန့်ပြန်မှုလုပ်မယ်ဆိုတာကိုလည်း သိထားတယ်လို့ ဟောင်ကောင်ကျွန်းကို ရောက်ရှိခဲ့တဲ့ Edward Snowden က ပြောဆိုပြီးနောက်ပိုင်း ပျောက်ဆုံးသွားပြီးနောက် ခုအခါမှာ သူဘယ်ရောက်နေသလဲဆိုတာကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။
သူ့လုပ်ရပ်အတွက် သူ့အနေနဲ့ တန်ပြန် အကျိုးသက်ရောက်မှုကို ခံစား
ရမယ်ဆိုတာ သိပါတယ်လို့ အမေရိကန်နိုင်ငံကနေ ဟောင်ကောင်ကျွန်းကို ပြီးခဲ့တဲ့လတုန်းက ထွက်ပြေးသွားတဲ့ အက်ဝဒ် စနိုးဒန် (Edward Snowden) က ပြောပါတယ်။

သူ့ရဲ့ ပေါက်ကြားမှုကြောင်း ဗြိတိန်နိုင်ငံနဲ့ သြစတြေးလျနိုင်ငံမှာလည်း အစိုးရတွေ အလားတူလုပ်ဆောင်မလားဆိုတာကို သိလိုနေကြပြီး အမှန်အတိုင်းပြောဆိုဖို့ အစိုးရကို ဖိအားပေးတောင်းဆိုနေကြပါတယ်။

အမေရိကန်သံရုံးလျို့ဝှက်ကြိုးနန်းတွေကို ပေါက်ကြားခဲ့ပြီး ခုအခါမှာ လန်ဒန်မြို့က အီကွေဒေါ သံရုံးမှာ ခိုလှုံနေတဲ့ ဝီကီလိခ်စ်ဝဘ်ဆိုက်
တည်ထောင်သူ ဂျူလီယန်အာဆန်းကတော့ Edward Snowden ဟာ လွတ်လပ်စွာ ပြောဆိုနိုင်တဲ့ ပုဂ္ဂိုလ်နဲ့ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံမှုရှိတာကို ယုံကြည်တဲ့ သူရဲကောင်းပုဂ္ဂိုလ်ဖြစ်တယ်လို့ ပြောပါတယ်။

ခုလောလောဆယ် Edward Snowden က တရုတ်နိုင်ငံမှာပဲ ရှိနေဦးမယ်လို့ ခန့်မှန်းနေကြပြီး သူ့ကို မော်ရကိုနိုင်ငံက ခိုလှုံခွင့်ပေးနိုင်တယ်လို့ သိရ
ပါတယ်။

သူ့ကို အလုပ်အကိုင်ပေးထားတဲ့ ကုမ္ပဏီကလည်း လျို့ဝှက်စာတမ်းပေါက်
ကြားတာဟာ ကုမ္ပဏီရဲ့ ကျင့်ဝတ်နဲ့ မကိုက်ညီတဲ့အတွက် အလုပ်က ထုတ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

ABC Radio Australia
အမေရိကန်နိုင်ငံရဲ့ လျို့ဝှက်ချက်တွေကို ဖောက်ချခဲ့တဲ့ Edward Snowden ကို အမေရိကန်နိုင်ငံရေး သမားတွေက ရာဇဝတ်သားလို့ ယူဆပြီး အကြီး အကျယ်အလိုရှိနေချိန်မှာ ဝီကီလခ်စ် ဝဘ်ဆိုက် တည်ထောင် သူ ဂျုလီယန်အာဆန်းက Edward Snowden ဟာ သူရဲကောင်းတစ်ယောက်ဖြစ်တယ်လို့ ချီးမွမ်းပြောဆိုလိုက်ပါတယ်။ ၀ီကီလခ်စ်ဝက်ဆိုက်တည်ထောင်သူ Julian Assange နဲ့ အမေရိကန်အစိုးရ လျို့ဝှက်ချက်ကိုဖောက်ချသူ Edward Snowdenအသက် ၂၉ နှစ်အရွယ် Edward Snowden ဟာ အမေရိကန်အစိုးကနေ အမေရိကန် ပြည်သူတွေနဲ့ တယ်လီဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက်တွေကိုစောင့်ကြည့်နားထောင်တာကို လျို့ဝှက်အဖြစ်ထားရှိတာကို လူသိရှင်ကြားပေါက်ကြားစေခဲ့တဲ့အတွက် အမေရိကန်အစိုးရက အလိုရှိနေ တာ ဖြစ်ပါတယ်။

Edward Snowden ဟာ NSA အမျိုးသားလုံခြုံရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်ပြီး အမေရိကန် အစိုးရက ပြည်သူတွေရဲ့ တယ်လီဖုန်းကို ခိုးနားထောင်တာကို မနှစ်သက်လို့ ပေါက်ကြားလိုက်တာလို့ သိရပါတယ်။ ဒီလုပ်ရပ်အတွက် သူ့အပေါ် အစိုးရက တုန့်ပြန်မှုလုပ်မယ်ဆိုတာကိုလည်း သိထားတယ် လို့ ဟောင်ကောင်ကျွန်းကို ရောက်ရှိခဲ့တဲ့ Edward Snowden က ပြောဆိုပြီးနောက် ပိုင်း ပျောက်ဆုံးသွား ပြီးနောက် ခုအခါမှာ သူဘယ်ရောက်နေသလဲဆိုတာကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။
သူ့လုပ်ရပ်အတွက် သူ့အနေနဲ့ တန်ပြန် အကျိုးသက်ရောက်မှုကို ခံစားရမယ်ဆိုတာ သိပါတယ်လို့ အမေရိကန်နိုင်ငံကနေ ဟောင်ကောင်ကျွန်းကို ပြီးခဲ့တဲ့လတုန်းက ထွက်ပြေးသွားတဲ့ အက်ဝဒ် စနိုးဒန် (Edward Snowden) က ပြောပါတယ်။

သူ့ရဲ့ ပေါက်ကြားမှုကြောင်း ဗြိတိန်နိုင်ငံနဲ့ သြစတြေးလျနိုင်ငံမှာလည်း အစိုးရတွေ အလားတူ လုပ်ဆောင် မလား ဆိုတာကို သိလိုနေကြပြီး အမှန်အတိုင်းပြောဆိုဖို့ အစိုးရကို ဖိအားပေးတောင်းဆိုနေကြပါတယ်။

အမေရိကန်သံရုံးလျို့ဝှက်ကြိုးနန်းတွေကို ပေါက်ကြားခဲ့ပြီး ခုအခါမှာ လန်ဒန်မြို့က အီကွေဒေါ သံရုံးမှာ ခိုလှုံနေတဲ့ ဝီကီလိခ်စ်ဝဘ်ဆိုက်တည်ထောင်သူ ဂျူလီယန်အာဆန်းကတော့ Edward Snowden ဟာ လွတ်လပ်စွာ ပြောဆိုနိုင်တဲ့ ပုဂ္ဂိုလ်နဲ့ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံမှုရှိတာကို ယုံကြည်တဲ့ သူရဲကောင်းပုဂ္ဂိုလ်ဖြစ်တယ်လို့ ပြောပါတယ်။

ခုလောလောဆယ် Edward Snowden က တရုတ်နိုင်ငံမှာပဲ ရှိနေဦးမယ်လို့ ခန့်မှန်းနေကြပြီး သူ့ကို မော်ရကိုနိုင်ငံက ခိုလှုံခွင့်ပေးနိုင်တယ်လို့ သိရပါတယ်။

သူ့ကို အလုပ်အကိုင်ပေးထားတဲ့ ကုမ္ပဏီကလည်း လျို့ဝှက်စာတမ်းပေါက်ကြားတာဟာ ကုမ္ပဏီရဲ့ ကျင့်ဝတ်နဲ့ မကိုက်ညီတဲ့အတွက် အလုပ်က ထုတ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

ABC Radio Australia

No comments:

Post a Comment