Saturday, June 15, 2013

ဆီးရီးယား အစိုးရက ဓာတု လက်နက်များ အသုံးပြုသည် ဟူသော အမေရိကန် နိုင်ငံ၏ ထုတ်ပြန် ချက်သည် လုပ်ကြံ ပြောဆိုခြင်း ဖြစ်ကြောင်း ရုရှား ပြောကြား

ဆီးရီးယား နိုင်ငံအနေဖြင့်  အတိုက်အခံများအား တိုက်ခိုက်ရာတွင်  ဓာတုလက်နက်များ အသုံးပြု ခဲ့သည် ဟူသော အမေရိကန် နိုင်ငံ၏ ပြောဆို ချက်သည် လုပ်ကြံ ပြောဆိုမှု တစ်ရပ်သာ ဖြစ်ကြောင်း ရုရှားနိုင်ငံ
ထိပ်တန်း လွှတ်တော် အမတ် တစ်ဦးက ဇွန် ၁၄ ရက်တွင် ပြောကြား ခဲ့သည်။ ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်အာ ဆတ်၏ အစိုးရ တပ်ဖွဲ့ဝင် များသည်  အတိုက် အခံများကို နှိမ်နင်း ရာတွင်  ဓာတု လက်နက်များ အသုံးပြုခဲ့ သည် ဟူသော အမေရိကန် နိုင်ငံ၏ ပြောကြားချက်သည် ဆက်ဒမ် ဟူစိန် အနေဖြင့် အီရတ် နိုင်ငံတွင်  ဖျက်အားပြင်း လက်နက်များ အသုံးပြုခဲ့သည် ဟူသော ပြောကြားချက် ကဲ့သို့ပင်  လိမ်လည် လုပ်ကြံ ပြော ဆိုခြင်း ဖြစ်ကြောင်း ရုရှားအောက် လွှတ်တော်၏  နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ အဲလက်စ်စီ ပွတ်ရှ်ကော့ဗ် ကပြောကြား ခဲ့သည်။ ဆက်ဒမ် ဟူစိန်သည် အီရတ် နိုင်ငံ အတွင်း၌ ဖျက်အားပြင်း လက်နက်များ ဖြစ်သည့် အာရုံကြော တုံ့ပြန်မှု ပျက်ပြား စေသည့် ဓာတု လက်နက်များ၊ ပဲ့ထိန်း ဒုံးကျည် များနှင့်  နျူကလီးယားထုတ်လုပ်ရန် အစီအစဉ်ရှိသည်ဟူသော အချက် များအား အမေရိကန် ထောက်လှမ်းရေး ဌာနက ကုလသမဂ္ဂနှင့် နိုင်ငံ တကာအဖွဲ့အစည်းများသို့ တင်ပြ ခဲ့ပြီးနောက် အမေရိ ကန် ဦးဆောင်သော အဖွဲ့ များသည်  အီရတ် နိုင်ငံသို့ ၂ဝဝ၃  ခုနှစ်တွင်  ဝင်ရောက် ကျူးကျော် ခဲ့ကြသည်။ သို့သော်လည်း  အီရတ် နိုင်ငံအား အမေရိကန် ဦးဆောင်သော တပ်ဖွဲ့များက  သိမ်း ပိုက် ပြီးသောအခါ အီရတ် နိုင်ငံတွင် ဖျက်အားပြင်း လက်နက်များအား ယခု အချိန်ထိ ရှာဖွေ တွေ့ရှိခြင်းမရှိကြောင်းသိရသည်။ အမေရိကန်သမ္မတ  ဘားရက်အိုဘားမားအနေဖြင့် ယခင် သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျူဘုရှ်  လုပ်ဆောင်သကဲ့သို့ပင် ဆီးရီးယား နိုင်ငံအား လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပွတ်ရှ်ကော့ဗ်က ပြောကြားခဲ့သည်။ ဆီးရီးယား အစိုးရ အနေဖြင့် အတိုက် အခံများ အပေါ် ဓာတုလက် နက်များအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်နိုင်ငံ အိမ်ဖြူတော်က ဇွန် ၁၃ ရက်တွင် ပြောကြား ခဲ့ပြီး  အိုဘားမား အနေဖြင့် ဆီးရီးယား အတိုက် အခံများ ထံသို့ လက်နက် များ ထောက်ပံ့ ပေးရန်အတွက်  လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။
(အင်တာနက်)

No comments:

Post a Comment