Saturday, June 15, 2013

မြောက်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးမှုပြုလုပ်ရန် ဆန္ဒရှိဆဲဖြစ်ကြောင်း တောင်ကိုရီးယား ပြောကြား

Photo: မြောက်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးမှုပြုလုပ်ရန် ဆန္ဒရှိဆဲဖြစ်ကြောင်း
တောင်ကိုရီးယား ပြောကြား
Saturday, June 15, 2013

တောင်ကိုရီးယားနိုင်ငံနှင့် မြောက် ကိုရီးယားနိုင်ငံအကြား ပြုလုပ်ရန် စီစဉ် ထားသော အဆင့်မြင့်ဆွေးနွေးပွဲတစ် ရပ်ပျက်ပြားခဲ့ရမှုသည် ကိုရီးယားနှစ်
နိုင်ငံအကြားတွင် နာကျင်မှုတစ်ရပ်ကို ဖြစ်ပေါ်စေကြောင်းနှင့် တောင် ကိုရီးယားအစိုးရအနေဖြင့် မြောက် ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးမှုပြုလုပ် ရန်အတွက် တံခါးဖွင့်ကြိုဆိုနေဆဲ ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံက
ပြောကြားခဲ့သည်။

သို့ရာတွင် မြောက်ကိုရီးယားအစိုးရ အနေဖြင့် တောင်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးသစ်တစ်ရပ်ကို ဖော်ဆောင် ရန်စစ်မှန်သော သဘောထား
တစ်ရပ်ကို ပြသသင့်ကြောင်း ပြန်လည်ပေါင်း စည်းရေးဝန်ကြီးဌာနတွင် ထိပ်တန်း အရာရှိများနှင့် ဆွေးနွေးပွဲမပြုလုပ်မီ ပြန်လည်ပေါင်းစည်းရေး
ဝန်ကြီး ရူးခီလ် ဂျေးက သတင်းထောက်များ ကို ပြောကြားခဲ့သည်။ 

ဆွေးနွေးပွဲကို ရွှေ့ဆိုင်းခြင်းထက် ပျက်ပြားရခြင်းသည် တောင်ကိုရီးယား
နှင့် မြောက်ကိုရီးယား နိုင်ငံအကြား အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပရန် အဟန့်အတားများ ဖြစ်ပေါ်စေမည်ဟု ရည်ညွှန်းနေကြောင်း ရူးက
မှတ်ချက်ပြု ပြောကြားခဲ့သည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား အစိုးရတို့သည် ခြောက်နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဆင့် မြင့်ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပရန် ဇွန် ၁ဝ ရက်က သဘောတူညီမှုရရှိခဲ့ ကြောင်း၊ ဆိုးလ်မြို့၌ ဇွန် ၁၂ ရက်နှင့် ၁၃ ရက်အတွင်း နှစ်ရက်ကြာကျင်းပရန် စီစဉ်ခဲ့သော ယင်းဆွေးနွေးပွဲသည် ကိုယ်စားလှယ်များအား ဦးဆောင်မည့် ခေါင်းဆောင်ရွေးချယ်မှုနှင့်စပ်လျဉ်း၍
သဘောထား ကွဲလွဲမှု ဖြစ်ပေါ်ခဲ့ပြီး နောက် ဇွန် ၁၁ ရက်က ပျက်ပြားခဲ့ရခြင်း
ဖြစ်ကြောင်း သိရသည်။

မြ၀တီ
တောင်ကိုရီးယားနိုင်ငံနှင့် မြောက် ကိုရီးယားနိုင်ငံအကြား ပြုလုပ်ရန် စီစဉ် ထားသော အဆင့်မြင့်ဆွေးနွေး ပွဲတစ် ရပ်ပျက်ပြားခဲ့ရမှုသည် ကိုရီးယားနှစ်နိုင်ငံအကြားတွင် နာကျင်မှုတစ်ရပ် ကို ဖြစ်ပေါ်စေကြောင်းနှင့် တောင်ကိုရီးယားအစိုးရအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေး မှုပြု လုပ်ရန်အတွက် တံခါးဖွင့်ကြိုဆိုနေ ဆဲ ဖြစ်ကြောင်း တောင် ကိုရီးယားနိုင်ငံကပြောကြားခဲ့သည်။

သို့ရာတွင် မြောက်ကိုရီးယားအစိုးရ အနေဖြင့် တောင်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးသစ် တစ်ရပ် ကို ဖော်ဆောင် ရန်စစ်မှန်သော သဘောထားတစ်ရပ်ကို ပြသသင့်ကြောင်း ပြန်လည်ပေါင်း စည်းရေး ဝန်ကြီးဌာနတွင် ထိပ်တန်း အရာရှိများနှင့် ဆွေးနွေးပွဲမပြုလုပ်မီ ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ရူးခီလ် ဂျေးက သတင်းထောက်များ ကို ပြောကြားခဲ့သည်။

ဆွေးနွေးပွဲကို ရွှေ့ဆိုင်းခြင်းထက် ပျက်ပြားရခြင်းသည် တောင် ကိုရီးယားနှင့် မြောက် ကိုရီးယား နိုင်ငံ အကြား အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပရန် အဟန့်အတားများ ဖြစ်ပေါ်စေမည်ဟု ရည်ညွှန်းနေကြောင်း ရူးကမှတ်ချက်ပြု ပြောကြားခဲ့သည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား အစိုးရတို့သည် ခြောက်နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဆင့် မြင့်ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပရန် ဇွန် ၁ဝ ရက်က သဘောတူညီမှုရရှိခဲ့ ကြောင်း၊ ဆိုးလ် မြို့၌ ဇွန် ၁၂ ရက်နှင့် ၁၃ ရက်အတွင်း နှစ်ရက်ကြာကျင်းပရန် စီစဉ်ခဲ့သော ယင်းဆွေးနွေးပွဲသည် ကိုယ်စားလှယ်များအား ဦးဆောင်မည့် ခေါင်းဆောင်ရွေးချယ်မှုနှင့်စပ်လျဉ်း၍သဘောထား ကွဲလွဲမှု ဖြစ်ပေါ်ခဲ့ပြီး နောက် ဇွန် ၁၁ ရက်က ပျက်ပြားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment