Wednesday, June 5, 2013

အမှိုက်ကြောင့် ရောဂါဆိုးမရရှိစေရန် စနစ်တကျစွန့်ပစ်သင့်

Photo: အမှိုက်ကြောင့် ရောဂါဆိုးမရရှိစေရန် စနစ်တကျစွန့်ပစ်သင့်
Wednesday, June 5, 2013

ပြည်သူများအနေဖြင့် အမှိုက်စွန့်ပစ်ရာတွင် အမှိုက်အိတ်များကို ကြိုး (သို့မဟုတ်) အိတ်ဖြင့် သေချာစွာ ချည်နှောင်၍ စွန့်ပစ်ခြင်းသည် အမှိုက်သိမ်းသည့် ၀န်ထမ်းများကို ကူညီရာရောက်သည်ဟု မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန မှ တာဝန်ရှိသူများက အကြံပြုပြောဆိုသည်။

“တစ်ချို့က အမှိုက်အိတ်ကို ချည်နှောင်မှုမရှိဘဲ အမှိုက်ကန်မှာ ပစ်ကြတယ်။ အမှိုက်ကန်ထဲမှာ ခွေးတို့ ကျီးကန်းတို့က လာပြီး မွှေသွားတဲ့အခါမျိုးကျရင် ပြန့်ကျဲကုန်တယ်။ အနံတွေထွက်မယ်။ အရည်တွေ စီးကျကုန်မယ်။ အမှိုက် သိမ်းတဲ့သူက အမှိုက်သိမ်းတာတင်မဟုတ်ဘဲ အမှိုက်ပါ ပြန် လိုက်ကောက်နေတာမျိုး ဖြစ်နေတယ်”ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြို့နယ်အသီးသီးရှိ အမှိုက်ကန်များ နှင့် အမှိုက်ပုံးထားရှိသည့် နေရာများသို့ အမှိုက်များ စနစ်တကျ စွန့်ပစ်ခြင်းများ မရှိသောကြောင့် အနံအသက်ဆိုးများထွက်ပေါ်နေပြီး အမှိုက်ကန် အနီးတစ်ဝိုက်ရှိ ပြည်သူများနှင့် အမှိုက်သိမ်းသည့် ၀န်ထမ်းများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ၄င်းက ဆက်ပြောသည်။

“အခုမိုးတွင်းအချိန်ဆိုတော့ အမှိုက်တွေက စိုပြီးတော့ အနံ့ထွက်တယ်၊ အခုဆိုရင် အမှိုက်ပုံမှာ ယင်ကောင် တွေပါ ပိုများလာပြီ၊ စည်ပင်က တစ်ခါတစ်လေလာပြီးတော့ ထုံးဖြူးပေးတာမျိုးရှိတယ်” ဟု ကမာရွတ်မြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။

အမှိုက်သိမ်းသည့် ၀န်ထမ်းများ အသုံးပြုရန် နိုင်ငံတော်အစိုးရမှ ထုတ်ပေးထားသည့် မျက်နှာဖုံးများမှာ အသက်ရှုလမ်းကြောင်းသို့ ဖုန်မှုန့်များ မ၀င်စေရန် တားဆီးနိုင်ရုံသာရှိပြီး အနံဆိုးများကို ကာကွယ်ရာတွင် ထိရောက်မှုမရှိကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ဆိုသည်။

“မျက်နှာဖုံးတို့ လက်အိတ်တို့ ပေးထားပေမယ့် အသုံးပြုမှု အားနည်းတယ်၊ အမှိုက်လိုက်သိမ်းတဲ့သူတွေကို လက်အိတ်တွေ မျက်နှာဖုံးတွေ သုံးဖို့ အတွက် အထက်အရာရှိအနေနဲ့ လိုက်လံ စစ်ဆေးကြပ်မတ် ပေးဖို့လိုတယ်”ဟု အထွေထွေရောဂါကုဆရာဝန် တစ်ဦးက ပြောသည်။

အမှိုက်သိမ်းဆည်းရာတွင် အဆင်ပြေစေရန် လူအများအနေနှင့် စာနာစိတ်ဖြင့် စနစ်တကျပစ်လျှင် အမှိုက်သိမ်းသည့် ၀န်ထမ်းများအနေဖြင့် အမှိုက်သိမ်းဆည်းရာတွင် လက်အိတ်ရှည်ဖြင့် သိမ်းဆည်းလျှင် ကျန်းမာရေးအတွက် ကာကွယ်မှုပြုနိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ တွက်ချက်ထုတ်ပြန်ချက်များအရ လူတစ်ဦးလျှင် ၀.၃၉၆ ကီလိုဂရမ် အမှိုက်ထွက်ရှိပြီး ရန်ကုန်မြို့တွင် တစ်ရက်လျှင် အမှိုက် တန်ချိန် စုစုပေါင်း ၁၆၉၀ တန် ထွက်ရှိကြောင်း သိရှိရသည်။

Myit Makha Mediagroup
ပြည်သူများအနေဖြင့် အမှိုက်စွန့်ပစ်ရာတွင် အမှိုက်အိတ်များကို ကြိုး(သို့မဟုတ်)အိတ်ဖြင့် သေချာစွာ ချည်နှောင်၍ စွန့်ပစ်ခြင်းသည် အမှိုက်သိမ်းသည့် ၀န်ထမ်းများကို ကူညီရာရောက်သည်ဟု မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန မှ တာဝန်ရှိသူများက အကြံပြုပြောဆိုသည်။

“တစ်ချို့က အမှိုက်အိတ်ကို ချည်နှောင်မှုမရှိဘဲ အမှိုက်ကန်မှာပစ်ကြတယ်။ အမှိုက်ကန်ထဲမှာ ခွေးတို့ ကျီးကန်းတို့ကလာပြီး မွှေသွားတဲ့အခါမျိုးကျရင် ပြန့်ကျဲကုန်တယ်။ အနံတွေထွက်မယ်။ အရည်တွေ စီးကျကုန်မယ်။ အမှိုက် သိမ်းတဲ့သူက အမှိုက်သိမ်းတာတင်မဟုတ်ဘဲ အမှိုက်ပါ ပြန် လိုက်ကောက်နေတာ မျိုး ဖြစ်နေတယ်”ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြို့နယ်အသီးသီးရှိ အမှိုက်ကန်များ နှင့် အမှိုက်ပုံးထားရှိသည့် နေရာများသို့ အမှိုက်များ စနစ်တကျ စွန့်ပစ်ခြင်းများ မရှိသောကြောင့် အနံအသက်ဆိုးများထွက်ပေါ်နေပြီး အမှိုက်ကန် အနီးတစ်ဝိုက်ရှိ ပြည်သူ များနှင့် အမှိုက်သိမ်းသည့် ၀န်ထမ်းများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ၄င်းက ဆက်ပြောသည်။

“အခုမိုးတွင်းအချိန်ဆိုတော့ အမှိုက်တွေက စိုပြီးတော့ အနံ့ထွက်တယ်၊ အခုဆိုရင် အမှိုက်ပုံမှာ ယင်ကောင်တွေပါ ပိုများလာပြီ၊ စည်ပင်က တစ်ခါတစ်လေလာပြီးတော့ ထုံးဖြူးပေးတာမျိုးရှိတယ်” ဟု ကမာရွတ်မြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။

အမှိုက်သိမ်းသည့် ၀န်ထမ်းများ အသုံးပြုရန် နိုင်ငံတော်အစိုးရမှ ထုတ်ပေးထားသည့် မျက်နှာဖုံးများမှာ အသက်ရှုလမ်းကြောင်းသို့ ဖုန်မှုန့်များ မ၀င်စေရန် တားဆီးနိုင်ရုံသာရှိပြီး အနံဆိုးများကို ကာကွယ်ရာတွင် ထိရောက်မှုမရှိကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ဆိုသည်။

“မျက်နှာဖုံးတို့ လက်အိတ်တို့ ပေးထားပေမယ့် အသုံးပြုမှု အားနည်းတယ်၊ အမှိုက်လိုက်သိမ်းတဲ့သူတွေကို လက်အိတ်တွေ မျက်နှာဖုံးတွေ သုံးဖို့အတွက် အထက်အရာရှိအနေနဲ့ လိုက်လံ စစ်ဆေးကြပ်မတ် ပေးဖို့ လိုတယ်”ဟု အထွေထွေရောဂါကုဆရာဝန် တစ်ဦးက ပြောသည်။

အမှိုက်သိမ်းဆည်းရာတွင် အဆင်ပြေစေရန် လူအများအနေနှင့် စာနာစိတ်ဖြင့် စနစ်တကျပစ်လျှင် အမှိုက်သိမ်းသည့် ၀န်ထမ်းများအနေဖြင့် အမှိုက်သိမ်းဆည်းရာတွင် လက်အိတ်ရှည်ဖြင့် သိမ်းဆည်းလျှင် ကျန်းမာရေးအတွက် ကာကွယ်မှုပြုနိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ တွက်ချက်ထုတ်ပြန်ချက်များအရ လူတစ်ဦးလျှင် ၀.၃၉၆ ကီလိုဂရမ် အမှိုက်ထွက်ရှိပြီး ရန်ကုန်မြို့တွင် တစ်ရက်လျှင် အမှိုက် တန်ချိန် စုစုပေါင်း ၁၆၉၀ တန် ထွက် ရှိကြောင်း သိရှိရသည်။

Myit Makha Mediagroup

No comments:

Post a Comment