Thursday, June 6, 2013

ကြွက် အစုလိုက် အပြုံလိုက် နှိမ်နင်းနည်း

Photo: ကြွက် အစုလိုက် အပြုံလိုက် နှိမ်နင်းနည်း
Thursday, June 06, 2013

ဆိုင်မှာ ကုန်တိုက်မှာ ကြွက်ကပ်ကော် တဗူးဝယ်။ သံဗူးနဲ့ ထည့်ထားတယ်။
အိမ်မှာ ကြွက် အကောင် ၅၀ လောက် ရှိတယ် ဆိုရင်   ဗူးကြီးဝယ်။
၅ ကောင်လောက်ပဲ ရှိတယ် ဆိုရင် ဗူးသေးနဲ့ လုံလောက်မှာပါ။ 

၁။ ကတ်ထူစက္ကူပေါ်မှာ ကော်ဖြန့်လိုက်။ ကတ်ထူစက္ကူမဟုတ်လည်း ပျဉ်ပြား၊ သုံးထပ်သား၊ ကော်ပြားတို့ကိုလည်း သုံးနိုင်ပါတယ်။ ကြွက်နှိမ်နင်းရေးစီမံချက်ပြီးတဲ့အခါ ပစ်လိုက်ရမယ် ဆိုတော့ တန်ဘိုးအနည်းဆုံး ဖြစ်မယ့် ကတ်ထူစက္ကူကို ရွေးသင့်ပါတယ်။ 
ကော်ကို လက်နဲ့ မကိုင်နဲ့။ ကိုင်မိရင် လက်ပြောင်အောင်ဆေးဖို့ ခက်ခဲလိမ့်မယ်။ 
၂။ ကော် ဖြန့်ပြီးပြီ ဆိုရင် အလယ်မှာ ကြက်ရိုး ၀က်ရိုး ဘီစကွတ်မုန့် တခုခုထား။ 

အဲဒီကြွက် အနံ့ရပြီး သွားစားမယ်။ အစာနဲ့ မထိခင် ကော်တွေနဲ့အရင်ထိမယ်။ တကြိမ်တည်းနဲ့ ကြွက်တကောင်မက မိနိုင်တဲ့ နည်းလမ်းပဲ။

၃။ ကြွက်မိရင် လုံးထွေးပြီး ပစ်လိုက်ပေတော့။ 

ကြွက်က သေတော့ မသေဘူး။ နောက်မှ ဖြည်းဖြည်းချင်း သေမယ်။

သတိပြုရမှာက ...
(က)  ကော်သုတ်ထားတဲ့ ကတ်ထူ ကတ်ပြားကို ကြွက်သွားလာတတ်တဲ့ချောင်ကြိုချောင်ကြားမှာ ထားပါ။ အဲဒါဆို ကလေးတွေလည်း လက်နဲ့ သွားမကိုင်မိတော့ဘူး။
(ခ)  အိမ်မှာ ကြောင်၊ ခွေးတွေ ရှိတယ် ဆိုရင်တော့ ဒီနည်း မသုံးသင့်ဘူး။ ကြောင်၊ ခွေးတွေကလည်း အဲဒီထောင်ချောက်ထဲ ၀င်တတ်တယ်။ (၀င်မိလို့ ကော်တွေ ပေသွားရင် တကိုယ်လုံး အမွေးရိတ်ရလိမ့်မယ်။
မျက်နှာကြက် ကြွက်လျှောက်တန်းမှာ ထားမယ် ဆိုရင်တော့ ရပါတယ်။ အရေးကြီးတာက ကိုယ့်ရဲ့ကြောင် အဲဒီနေရာ မသွားဖို့ပဲ။)
(ဂ)  ကြွက် မိ မမိ ဆိုတာ တရက်ကို ၂ ကြိမ်လောက် သွားကြည့်ပါ။ ကြွက်မိပြီး ရက်နဲ့ချီကြာမှ သွားကြည့်ရင် ကြွက်သေပြီး အနံ့ထွက်နိုင်တယ်။
(မိပြီ ဆိုရင်တော့ သူတို့က ရုန်းကန်ရင်း အော်ဟစ်နေတာကြောင့် အသံထွက်ပါတယ်။ ကြွိကြွိကြွိ ဆိုရင် ကြွက်မိလို့ပဲ)

အားသာချက်က .... တကြိမ်တည်းနဲ့ တကောင်မက မိတတ်ခြင်းပါပဲ။

ဒီနည်းလမ်းရဲ့ အားနည်းချက်က အထက်က ၃ နဲ့ ကခဂ တို့မှာ ဖော်ပြထားတဲ့အတိုင်းပါပဲ၊ အိမ်က ကလေး၊ ကြောင်ခွေးတွေက ထောင်ချောက်နဲ့ လုံးထွေးသွားနိုင်တယ်။ ကြွက် မိပြီဆိုရင် ရုန်းကန်နေတဲ့ကြွက်(တွေ)ကို တွေ့ရတာကတော့ တချို့လူတွေအတွက် စိတ်မသက်မသာ ဖြစ်နိုင်တယ်။

 ဒီအားနည်းချက်တွေ ရှိတတ်ကြောင်း ကိုယ့်အိမ်မှာ အတူနေသူတွေကို ပြောပြသင့်တယ်။ သူတို့ သဘောတူပြီဆိုရင် ဒီနည်း သုံးပေါ့။

သူတို့ သဘောမတူဘူး ဆိုရင် ...
အဆိပ်ကို သုံးနိုင်တယ်။ ကြွက်သတ်ဆေး။

အဆိပ်
အဆိပ် သို့မဟုတ် ကြွက်သတ်ဆေးကို စားစရာတခုခုမှာ ထည့်ပြီး ကြွက်လာတဲ့လမ်းမှာ ချထားနိုင်တယ်။
စားပြီးသေနေတဲ့ကြွက်ကို လိုက်ရှာပြီး ပစ်လိုက်ရုံပါပဲ။

ဒီ အဆိပ်သုံးတဲ့နည်းမှာလည်း အားနည်းချက်တွေ အများအပြား ရှိပါတယ်။
၁။ အိမ်က ကလေး၊ သို့မဟုတ် အိမ်မွေးတိရိစ္ဆာန်တွေ စားမိရင် သူတို့ရဲ့ အသက်အန္တရာယ်ကို ထိခိုက်နိုင်တယ်။ ကလေး သို့မဟုတ် လူ တယောက်ယောက် စားမိရင် အနည်းဆုံး ဆေးရုံကို ပြေးရမယ်။ ကံဆိုးရင် စားမိသူ အသက်ဆုံးရှုံးတာ၊ တရားစွဲခံရ ထောင်ကျတာမျိုးအထိ ဖြစ်နိုင်တယ်။  
၂။ အဆိပ် ဆိုကတည်းက လူကို တနည်းမဟုတ်တနည်း အန္တရာယ်ပြုမယ်။ ဥပမာ  အကိုင်အတွယ်မတတ်လို့ လက်မှာ အဆိပ်ပေကျံတာမျိုး၊ အဲဒီလက်နဲ့ မီးဖိုဆောင်ဝင် ထမင်းစားပွဲဝင်မိတာ၊ ကလေးအစာကျွေးမိတာမျိုးပေါ့။
၃။ စားပြီးသေနေတဲ့ကြွက်က လူဝင်လို့မရတဲ့နေရာမှာ ရှိနေတာမျိုး၊ ချောင်ထဲ ရောက်နေတာမျိုးလည်း ဖြစ်တတ်တယ်။ 
၎။ သေပြီး အနံ့ထွက်နေတဲ့ကြွက်  ဘယ်နားမှာရှိမှန်းမသိ ဖြစ်တတ်တယ်။ အနံ့က ကောင်းကောင်း ဒုက္ခပေးမယ်။ 

ဆန်စေ့ကြွက်သတ်ဆေးလည်း ရှိတယ်။ ဆန်စေ့မှာ အဆိပ်သုပ်ထားတဲ့ ရယ်ဒီမိတ် ကြွက်သတ်ဆေး။ 

ဆန်စေ့နဲ့မလှမ်းမကမ်းမှာ ရေခွက်ချပေးရတယ် တဲ့။
အဆိပ်မိတဲ့ကြွက် ရေငတ်မယ်၊ ရေရှိရာ သွားသေတော့ ကြွက်သေ ရှာရလွယ်တယ်လို့ ဆိုတယ်။ မစမ်းသပ်ဖူးပါ။

အသေဖမ်းထောင်ချောက်
ကော် နဲ့ အဆိပ် မသုံးချင်ရင်လည်း နည်းလမ်းတခု ရှိပါသေးတယ်။
ထောင်ချောက်နဲ့ ဖမ်းဖို့ပါ။
အသေဖမ်းထောင်ချောက်ကို ရပ်ကွက်ထဲက ကုန်စုံဆိုင်တွေမှာ၊ ဈေးတွေမှာ ၀ယ်နိုင်တယ်။  
အစာကို ထောင်ချောက်မှာ တပ်ထား၊ လာစားတဲ့ကြွက်က ထောင်ချောက်ကို နင်းမိရင် သေပြီပဲ။
ထောင်ချောက်ကို ကြိုးရှည်ရှည်နဲ့ တိုင်တခုခုမှာ တွဲချည်ထားသင့်တယ်။ တချို့ကြွက်တွေက ကြီးတယ်။ ချက်ကောင်းမမိတာမျိုး သို့မဟုတ် ချက်ချင်းမသေတာမျိုးဖြစ်ပြီး ထောင်ချောက်တန်းလန်းနဲ့ လျှောက်ပြေးတာမျိုး ဖြစ်တတ်တယ်။

အားနည်းချက်
၁။ အကိုင်အတွယ်မတတ်ရင် ထောင်ချောက်ကိုင်သူရဲ့လက် ထိမိခိုက်မိဖြစ်မယ်။
၂။ ကလေး၊ သို့မဟုတ် အိမ်မွေးတိရိစ္ဆာန်တွေ ထောင်ချောက်သွားထိတာမျိုးလည်း ဖြစ်တတ်တယ်။ (သူတို့ လက်လှမ်းမမီတဲ့နေရာမှာ ထားသင့်တယ်)

အရှင်ဖမ်းထောင်ချောက်
ဘယ်ထောင်ချောက်ဖြစ်ဖြစ် ကြွက်လာအောင် ဖြားယောင်းဖို့ လိုတယ်။ စားစရာ တခုခုနဲ့ မျှားခေါ်ရတယ်။
စားစရာ မရှိဘူး၊ သို့မဟုတ် ကြွက်ကိုစိတ်နာလို့ ဘာမှ မကျွေးချင်ဘူး ဆိုရင် .... စက္ကူကို လုံးထွေးပြီး အသားကြော်ထားတဲ့ဆီ နည်းနည်း ဆမ်းလည်း ရပါတယ်။ အဓိကကျတာက အနံ့ပါ။ ကြွက်က အနံ့ရရင် ပြေးခဲမှာပဲ။

အရှင်ဖမ်းထောင်ချောက်တွေထဲမှာ တကောင်ချင်းဖမ်းတဲ့ထောင်ချောက်က ၀ယ်ရလွယ်ပါလိမ့်မယ်။
တပြိုင်တည်းမှာ ကြွက်အကောင်ရေများများ ဖမ်းနိုင်တဲ့ထောင်ချောက် ဆိုတာကို ကြားဖူးပေမယ့် မတွေ့ဖူးပါဘူး။

အရှင်ဖမ်းတဲ့နည်းရဲ့ အားနည်းချက်က ကြွက်မိရင် သွားလွှတ်တဲ့အခါ ခက်ခဲတတ်တာပဲ။ သူများအိမ်ရှေ့သွားလွှတ်ရင်လည်း လူချေတိတ်ချိန်အထိ စောင့်ရမယ်။
 အမှိုက်ပုံတို့၊ ဘောလုံးကွင်းတို့မှာ သွားလွှတ်ကြတာ တွေ့ဖူးတယ်။ ဒီကြွက်က ကိုယ့်အိမ် ပြန်မလာနိုင်ဘူးလို့ ယူဆရပေမယ့် ကိုယ့်ရပ်ကွက်ထဲက အိမ်တအိမ်ကို ရောက်လာမှာပဲ။
ထောင်ချောက်တံခါးဖွင့်ပြီး အထပ်မြင့်တိုက်ပေါ်က ခါကျတာမျိုး တခါ တွေ့ဖူးတယ်။ မြေပြင်ပေါ်ရောက်တာနဲ့ ကြွက်က ထွက်ပြေးသွားတယ်။ မသေဘူး။ ကျိုးပဲ့တာမျိုးတော့ ဖြစ်မယ် ထင်တယ်။

ကြွက်ရောင်းရန်ရှိသည်
တချို့အိမ်နံရံမှာ ကြွက်ရောင်းရန်ရှိသည် လို့ စာရေးထားတာ တွေ့ဖူးတယ်။
ကြွက်ထွက်ပြေးအောင်၊ ကြွက်မလာအောင် ရေးထားတာ ဆိုပဲ။
သြော် .... လို့ပဲ ပြောရတော့မယ် ထင်တယ်။
ကြောင်နဲ့ခွေးအိမ်မှာ ကြောင်နဲ့ခွေး မွေးတာကလည်း နှိမ်နင်းရေးနည်းလမ်းတခုပဲ။ ပုံမှန်အားဖြင့်ဆိုရင် ဒီကောင်တွေက ကြွက်ကို ချမ်းသာပေးမယ် မဟုတ်။  

ကဲ .... ကြွက်နှိမ်နင်းရေးနည်းလမ်းတချို့ကို ရေးလိုက်ပါတယ်။
ကြိုက်ရာနည်းလမ်းကို သုံးနိုင်ပါပြီ။
နံရံပေါ်မှာ ကြွက်လန့်သွားအောင် ခြိမ်းခြောက်တဲ့နည်းကို မသုံးဘူးလို့ ယူဆပါတယ်။

ဧရာဝတီblog
ဆိုင်မှာ ကုန်တိုက်မှာ ကြွက်ကပ်ကော် တဗူးဝယ်။ သံဗူးနဲ့ ထည့်ထားတယ်။ အိမ်မှာ ကြွက်အကောင် ၅၀ လောက် ရှိ တယ် ဆိုရင် ဗူးကြီးဝယ်။ ၅ ကောင်လောက်ပဲ ရှိတယ် ဆိုရင် ဗူးသေးနဲ့ လုံလောက်မှာပါ

၁။ ကတ်ထူစက္ကူပေါ်မှာ ကော်ဖြန့်လိုက်။ ကတ်ထူစက္ကူမဟုတ်လည်း ပျဉ်ပြား၊ သုံးထပ်သား၊ ကော်ပြား တို့ကိုလည်း သုံးနိုင်ပါတယ်။ ကြွက်နှိမ်နင်းရေးစီမံချက်ပြီးတဲ့အခါ ပစ်လိုက်ရမယ် ဆိုတော့ တန်ဘိုးအနည်း ဆုံးဖြစ်မယ့် ကတ်ထူစက္ကူကိုရွေးသင့်ပါတယ်။ ကော်ကိုလက်နဲ့မကိုင်နဲ့။ ကိုင်မိရင် လက်ပြောင်အောင်ဆေး ဖို့ ခက်ခဲလိမ့်မယ်။
၂။ ကော် ဖြန့်ပြီးပြီ ဆိုရင် အလယ်မှာ ကြက်ရိုး ၀က်ရိုး ဘီစကွတ်မုန့် တခုခုထား။ အဲဒီကြွက် အနံ့ရပြီး သွားစားမယ်။ အစာနဲ့ မထိခင် ကော်တွေနဲ့အရင်ထိမယ်။ တကြိမ်တည်းနဲ့ ကြွက်တကောင်မက မိနိုင်တဲ့ နည်းလမ်းပဲ။
၃။ ကြွက်မိရင် လုံးထွေးပြီး ပစ်လိုက်ပေတော့။ ကြွက်က သေတော့ မသေဘူး။ နောက်မှ ဖြည်းဖြည်း ချင်း သေမယ်။
သတိပြုရမှာက ...
(က) ကော်သုတ်ထားတဲ့ ကတ်ထူ ကတ်ပြားကို ကြွက်သွားလာတတ်တဲ့ချောင်ကြိုချောင်ကြားမှာ ထားပါ။ အဲဒါဆို ကလေးတွေလည်း လက်နဲ့ သွားမကိုင်မိတော့ဘူး။
(ခ) အိမ်မှာ ကြောင်၊ ခွေးတွေ ရှိတယ် ဆိုရင်တော့ ဒီနည်း မသုံးသင့်ဘူး။ ကြောင်၊ ခွေးတွေကလည်း အဲဒီထောင်ချောက်ထဲ ၀င်တတ်တယ်။ (၀င်မိလို့ ကော်တွေ ပေသွားရင် တကိုယ်လုံး အမွေးရိတ်ရလိမ့်မယ်။
မျက်နှာကြက် ကြွက်လျှောက်တန်းမှာ ထားမယ် ဆိုရင်တော့ ရပါတယ်။ အရေးကြီးတာက ကိုယ့်ရဲ့ကြောင် အဲဒီနေရာ မသွားဖို့ပဲ။)
(ဂ) ကြွက် မိ မမိ ဆိုတာ တရက်ကို ၂ ကြိမ်လောက် သွားကြည့်ပါ။ ကြွက်မိပြီး ရက်နဲ့ချီကြာမှ သွားကြည့်ရင် ကြွက်သေပြီး အနံ့ထွက်နိုင်တယ်။
(မိပြီ ဆိုရင်တော့ သူတို့က ရုန်းကန်ရင်း အော်ဟစ်နေတာကြောင့် အသံထွက်ပါတယ်။ ကြွိကြွိကြွိ ဆိုရင် ကြွက်မိလို့ပဲ)
အားသာချက်က .... တကြိမ်တည်းနဲ့ တကောင်မက မိတတ်ခြင်းပါပဲ။
ဒီနည်းလမ်းရဲ့ အားနည်းချက်က အထက်က ၃ နဲ့ ကခဂတို့မှာ ဖော်ပြထားတဲ့အတိုင်းပါပဲ၊ အိမ်က ကလေး၊ ကြောင်ခွေးတွေ က ထောင်ချောက်နဲ့ လုံးထွေးသွားနိုင်တယ်။ ကြွက် မိပြီဆိုရင် ရုန်းကန်နေ တဲ့ကြွက်(တွေ)ကို တွေ့ရတာကတော့ တချို့လူတွေအတွက် စိတ်မသက်မသာ ဖြစ်နိုင်တယ်။

ဒီအားနည်းချက်တွေ ရှိတတ်ကြောင်း ကိုယ့်အိမ်မှာ အတူနေသူတွေကို ပြောပြသင့်တယ်။ သူတို့ သဘောတူပြီဆိုရင် ဒီနည်း သုံးပေါ့။
သူတို့ သဘောမတူဘူး ဆိုရင် ... အဆိပ်ကို သုံးနိုင်တယ်။ ကြွက်သတ်ဆေး။

အဆိပ်
အဆိပ် သို့မဟုတ် ကြွက်သတ်ဆေးကို စားစရာတခုခုမှာ ထည့်ပြီး ကြွက်လာတဲ့လမ်းမှာ ချထားနိုင်တယ်။
စားပြီးသေနေတဲ့ကြွက်ကို လိုက်ရှာပြီး ပစ်လိုက်ရုံပါပဲ။
ဒီ အဆိပ်သုံးတဲ့နည်းမှာလည်း အားနည်းချက်တွေ အများအပြား ရှိပါတယ်။
၁။ အိမ်က ကလေး၊ သို့မဟုတ် အိမ်မွေးတိရိစ္ဆာန်တွေ စားမိရင် သူတို့ရဲ့ အသက်အန္တရာယ်ကို ထိခိုက်နိုင်တယ်။ ကလေး သို့မဟုတ် လူ တယောက်ယောက် စားမိရင် အနည်းဆုံး ဆေးရုံကို ပြေးရမယ်။ ကံဆိုးရင် စားမိသူ အသက်ဆုံးရှုံးတာ၊ တရားစွဲခံရ ထောင်ကျတာမျိုးအထိ ဖြစ်နိုင်တယ်။
၂။ အဆိပ် ဆိုကတည်းက လူကို တနည်းမဟုတ်တနည်း အန္တရာယ်ပြုမယ်။ ဥပမာ အကိုင်အတွယ်မတတ်လို့ လက်မှာ အဆိပ်ပေကျံတာမျိုး၊ အဲဒီလက်နဲ့ မီးဖိုဆောင်ဝင် ထမင်းစားပွဲဝင်မိတာ၊ ကလေးအစာကျွေးမိတာမျိုးပေါ့။
၃။ စားပြီးသေနေတဲ့ကြွက်က လူဝင်လို့မရတဲ့နေရာမှာ ရှိနေတာမျိုး၊ ချောင်ထဲ ရောက်နေ တာမျိုးလည်း ဖြစ်တတ်တယ်။
၎။ သေပြီး အနံ့ထွက်နေတဲ့ကြွက် ဘယ်နားမှာရှိမှန်းမသိ ဖြစ်တတ်တယ်။ အနံ့က ကောင်းကောင်း ဒုက္ခပေးမယ်။

ဆန်စေ့ကြွက်သတ်ဆေးလည်း ရှိတယ်။ ဆန်စေ့မှာ အဆိပ်သုပ်ထားတဲ့ ရယ်ဒီမိတ် ကြွက်သတ်ဆေး။
ဆန်စေ့နဲ့မလှမ်းမကမ်းမှာ ရေခွက်ချပေးရတယ်တဲ့။ အဆိပ်မိတဲ့ကြွက် ရေငတ်မယ်၊ ရေရှိရာ သွားသေတော့ ကြွက်သေ ရှာရလွယ်တယ်လို့ ဆိုတယ်။ မစမ်းသပ်ဖူးပါ။

အသေဖမ်းထောင်ချောက် ကော် နဲ့ အဆိပ် မသုံးချင်ရင်လည်း နည်းလမ်းတခု ရှိပါသေး တယ်။ ထောင်ချောက်နဲ့ ဖမ်းဖို့ပါ။ အသေဖမ်းထောင်ချောက်ကို ရပ်ကွက်ထဲက ကုန်စုံ ဆိုင်တွေ မှာ၊ ဈေးတွေမှာ ၀ယ်နိုင်တယ်။ အစာကို ထောင်ချောက်မှာ တပ်ထား၊ လာစားတဲ့ကြွက် က ထောင်ချောက် ကို နင်းမိရင်သေပြီပဲ။ ထောင်ချောက်ကို ကြိုးရှည်ရှည်နဲ့ တိုင်တခုခုမှာ တွဲချည်ထားသင့်တယ်။ တချို့ကြွက်တွေက ကြီးတယ်။ ချက်ကောင်းမမိတာမျိုး သို့မဟုတ် ချက်ချင်းမသေတာမျိုးဖြစ် ပြီး ထောင်ချောက် တန်းလန်း နဲ့ လျှောက်ပြေးတာမျိုး ဖြစ်တတ်တယ်။

အားနည်းချက်
၁။ အကိုင်အတွယ်မတတ်ရင် ထောင်ချောက်ကိုင်သူရဲ့လက် ထိမိခိုက်မိဖြစ်မယ်။
၂။ ကလေး၊ သို့မဟုတ် အိမ်မွေးတိရိစ္ဆာန်တွေ ထောင်ချောက်သွားထိတာမျိုးလည်း ဖြစ်တတ်တယ်။ (သူတို့ လက်လှမ်းမမီတဲ့နေရာမှာ ထားသင့်တယ်)

အရှင်ဖမ်းထောင်ချောက်
ဘယ်ထောင်ချောက်ဖြစ်ဖြစ် ကြွက်လာအောင် ဖြားယောင်းဖို့ လိုတယ်။ စားစရာ တခုခုနဲ့ မျှားခေါ်ရတယ်။
စားစရာ မရှိဘူး၊ သို့မဟုတ် ကြွက်ကိုစိတ်နာလို့ ဘာမှ မကျွေးချင်ဘူး ဆိုရင် .... စက္ကူကို လုံးထွေးပြီး အသားကြော်ထားတဲ့ဆီ နည်းနည်း ဆမ်းလည်း ရပါတယ်။ အဓိကကျတာက အနံ့ပါ။ ကြွက်က အနံ့ရရင် ပြေးခဲမှာပဲ။

အရှင်ဖမ်းထောင်ချောက်တွေထဲမှာ တကောင်ချင်းဖမ်းတဲ့ထောင်ချောက်က ၀ယ်ရလွယ်ပါလိမ့်မယ်။ တပြိုင် တည်းမှာ ကြွက်အကောင်ရေများများ ဖမ်းနိုင်တဲ့ထောင်ချောက် ဆိုတာကို ကြားဖူးပေမယ့် မတွေ့ဖူးပါဘူး။

အရှင်ဖမ်းတဲ့နည်းရဲ့ အားနည်းချက်က ကြွက်မိရင် သွားလွှတ်တဲ့အခါ ခက်ခဲတတ်တာပဲ။ သူများအိမ်ရှေ့ သွားလွှတ်ရင်လည်း လူချေတိတ်ချိန်အထိ စောင့်ရမယ်။ အမှိုက်ပုံတို့၊ ဘောလုံးကွင်းတို့မှာ သွားလွှတ်ကြ တာ တွေ့ဖူးတယ်။ ဒီကြွက်က ကိုယ့်အိမ် ပြန်မလာနိုင်ဘူးလို့ ယူဆရပေမယ့် ကိုယ့်ရပ်ကွက်ထဲက အိမ် တအိမ်ကို ရောက်လာမှာပဲ။ ထောင်ချောက်တံခါးဖွင့်ပြီး အထပ်မြင့်တိုက်ပေါ်က ခါကျတာမျိုး တခါတွေ့ဖူး တယ်။ မြေပြင်ပေါ်ရောက်တာနဲ့ ကြွက်က ထွက်ပြေးသွားတယ်။ မသေဘူး။ ကျိုးပဲ့တာမျိုးတော့ ဖြစ်မယ် ထင်တယ်။

ကြွက်ရောင်းရန်ရှိသည်
တချို့အိမ်နံရံမှာ ကြွက်ရောင်းရန်ရှိသည် လို့ စာရေးထားတာ တွေ့ဖူးတယ်။ ကြွက်ထွက်ပြေးအောင်၊ ကြွက် မလာအောင် ရေးထားတာ ဆိုပဲ။
သြော် .... လို့ပဲ ပြောရတော့မယ် ထင်တယ်။ ကြောင်နဲ့ခွေးအိမ်မှာ ကြောင်နဲ့ခွေး မွေးတာကလည်း နှိမ် နင်းရေးနည်းလမ်းတခုပဲ။ ပုံမှန်အားဖြင့်ဆိုရင် ဒီကောင်တွေက ကြွက်ကို ချမ်းသာပေးမယ် မဟုတ်။

ကဲ .... ကြွက်နှိမ်နင်းရေးနည်းလမ်းတချို့ကို ရေးလိုက်ပါတယ်။ ကြိုက်ရာနည်းလမ်းကို သုံးနိုင်ပါပြီ။ နံရံပေါ်မှာ ကြွက်လန့်သွားအောင် ခြိမ်းခြောက်တဲ့နည်းကို မသုံးဘူးလို့ ယူဆပါတယ်။

ဧရာဝတီblog

No comments:

Post a Comment