Saturday, June 1, 2013

မြန်မာနိုင်ငံ ၏ ကျေး လက်ဒေသ ဖွံ့ဖြိုးရေး အတွက် ကမ္ဘာ့ ဘဏ်မှ ကူညီမည်

Photo: မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်မှ ကူညီမည်
Saturday, June 01, 2013

ရေ၊ မီး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ပညာရေး အပါအ၀င် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်မှ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာ ရာခိုင်နှုန်း ၇၀ လောက်ရှိတဲ့ ပြည်သူတွေဟာ ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့အတွက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျေးလက်ဒေသမှာရှိတဲ့ လူတွေရဲ့ဘ၀ တိုးတက်ဖို့ လုပ်ဆောင်ပေးဖို့လည်း လိုပါတယ်။ အဓိကအားဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့၊ ရေ၊ မီး ရရှိဖို့ လိုပါတယ်။ ဒါမှ နောက်တစ်ဆင့် အနေနဲ့ ကလေးတွေရဲ့ ပညာရေးအတွက်ကိုပါ အထောက်အကူ ဖြစ်သွားမှာပါ။ တိုင်းပြည်စီးပွားရေး တိုးတက်ဖို့အတွက် ရေရှည်အနေအထား တစ်ရပ်ကို ထည့်သွင်းဆွေးနွေးရင် ပညာရေးကို ချန်လှပ်ထားခဲ့လို့ မရပါဘူး။ ဒါကြောင့်မို့လို့ ကမ္ဘာ့ဘဏ်အနေနဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့ စတဲ့ အခြေခံ အဆောက်အအုံ ကောင်းတွေကို ကူညီပေးသွားမှာ ဖြစ်ပါတယ်'' ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယဥက္ကဋ္ဌဖြစ်သူ Axel van Trotsenburg က မေ ၃၁ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လက်ရှိအနေအထားတွင်လည်း ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ အစိုးရအား ကဏ္ဍအသီးသီး အကူအညီ အထောက်အပံ့များ ပေးနေကြောင်း နည်းပညာပိုင်းဆိုင်ရာ အကူအညီများအပြင် အစိုးရကိုယ်စားလှယ်များအား ပြည်ပနိုင်ငံများသို့ ပို့ဆောင်ရေး၊ ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အစီအစဉ်များကို လက်တွေ့ကွင်းဆင်း လေ့လာနိုင်ရန် အကူအညီများလည်း ပေးဆောင်နေကြောင်း အလားတူ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်နှင့်အတူ IFC (International Finance Corporation) တို့ မှလည်း အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးနေကြောင်း သိရသည်။

''ကျေးလက်ဒေသတွေတင် မဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရေရရှိရေး၊ တယ်လီဖုန်းဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့အခြေခံ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်စေဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ခြင်းအားဖြင့် ကလေးငယ်တွေရဲ့ ပညာရေးအတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။ ဆေးရုံ၊ ဆေးပေးခန်းတွေ အတွက်လည်း မရှိမဖြစ် လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအနေအထားမှာ စုစုပေါင်း လူဦးရေရဲ့ လေးပုံတစ်ပုံလောက်ကပဲ လျှပ်စစ်မီး ရရှိကြတာပါ။ အဲဒီအတွက် ကမ္ဘာ့ဘဏ်အနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သင့်တော်တဲ့ ဓာတ်ငွေ့တာဘိုင်တွေကိုသုံးပြီး လိုအပ်ချက်မြင့်မားတဲ့ လျှပ်စစ်ဓာတ်အားကို ထုတ်ယူနိုင်ဖို့ အတွက်လည်း အကူအညီပေးနေပါတယ်'' ဟု ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မီးရရှိရေး ဆောင်ရွက်ရာတွင် ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ်၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်အနေဖြင့် လတ်တလော အခြေအနေတွင် မွန်ပြည်နယ်၌ လျှပ်စစ်ဓာတ်အား ရရှိရန်အတွက် မဂ္ဂါဝပ် ၁၂၀ ရှိသော ပရောဂျက်တစ်ခုအား စတင်လုပ်ဆောင်နေကြောင်း ရေရှည်အတွက်မူ လျှပ်စစ်ကဏ္ဍတွင် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း၍ လုပ်ဆောင်သင့်ကြောင်း ရင်းနှီးမြှုပ်နှံမှုများလည်း လုပ်ဆောင်သင့်ကြောင်းနှင့် ရေရှည်အတွက် ကောင်းမွန်သော စွမ်းအင်ထုတ်လုပ်မှုများကို ဦးစားပေး ထုတ်လုပ်သင့်ကြောင်း ပြောကြားခဲ့သည်။

Eleven
ရေ၊ မီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပညာရေးအပါအ၀င် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး အတွက် ကမ္ဘာ့ဘဏ်မှ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
''မြန်မာနိုင်ငံမှာ ရာခိုင်နှုန်း ၇၀ လောက်ရှိတဲ့ ပြည်သူတွေ ဟာ ကျေးလက်ဒေသ မှာ နေထိုင်ကြတဲ့ အတွက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျေးလက်ဒေသမှာရှိတဲ့ လူတွေရဲ့ဘ၀ တိုးတက်ဖို့ လုပ်ဆောင်ပေးဖို့လည်း လိုပါတယ်။ အဓိကအားဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့၊ ရေ၊ မီး ရရှိဖို့ လိုပါတယ်။ ဒါမှ နောက်တစ်ဆင့် အနေနဲ့ ကလေးတွေရဲ့ ပညာရေးအတွက်ကိုပါ အထောက်အကူ ဖြစ်သွား မှာပါ။ တိုင်းပြည်စီးပွားရေး တိုးတက်ဖို့အတွက် ရေရှည်အနေအထား တစ်ရပ်ကို ထည့်သွင်းဆွေးနွေးရင် ပညာရေးကို ချန်လှပ်ထားခဲ့လို့ မရပါဘူး။ ဒါကြောင့်မို့လို့ ကမ္ဘာ့ဘဏ်အနေနဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့ စတဲ့ အခြေခံ အဆောက်အအုံ ကောင်းတွေကို ကူညီပေး သွားမှာ ဖြစ်ပါတယ်'' ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယဥက္ကဋ္ဌဖြစ်သူ Axel van Trotsenburg က မေ ၃၁ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လက်ရှိအနေအထားတွင်လည်း ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ အစိုးရအား ကဏ္ဍအသီးသီး အကူအညီ အထောက်အပံ့များ ပေးနေကြောင်း နည်းပညာပိုင်းဆိုင်ရာ အကူအညီများအပြင် အစိုးရကိုယ်စားလှယ် များအား ပြည်ပနိုင်ငံများသို့ ပို့ဆောင်ရေး၊ ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အစီအစဉ်များကို လက်တွေ့ကွင်းဆင်း လေ့လာနိုင်ရန် အကူအညီများလည်း ပေးဆောင်နေကြောင်း အလားတူ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကမ္ဘာ့ဘဏ်နှင့်အတူ IFC (International Finance Corporation) တို့ မှလည်း အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူ အညီပေးနေကြောင်း သိရသည်။

''ကျေးလက်ဒေသတွေတင် မဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရေရရှိရေး၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့အခြေခံ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်စေဖို့ အတွက် အထောက်အကူ ဖြစ်စေပါတယ်။ လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ခြင်း အားဖြင့် ကလေးငယ်တွေရဲ့ ပညာရေးအတွက် အများကြီး အထောက် အကူ ဖြစ်ပါ တယ်။ ဆေးရုံ၊ ဆေးပေးခန်းတွေ အတွက်လည်း မရှိမဖြစ် လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအနေအထားမှာ စုစုပေါင်း လူဦးရေရဲ့ လေးပုံတစ်ပုံလောက်ကပဲ လျှပ်စစ်မီး ရရှိကြတာပါ။ အဲဒီအတွက် ကမ္ဘာ့ဘဏ်အနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သင့်တော်တဲ့ ဓာတ်ငွေ့တာဘိုင်တွေကိုသုံးပြီး လိုအပ်ချက်မြင့်မားတဲ့ လျှပ်စစ်ဓာတ်အားကို ထုတ်ယူနိုင်ဖို့ အတွက်လည်း အကူအညီပေးနေပါတယ်'' ဟု ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မီးရရှိရေး ဆောင်ရွက်ရာတွင် ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ်၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်အနေဖြင့် လတ်တလော အခြေအနေတွင် မွန်ပြည်နယ်၌ လျှပ်စစ်ဓာတ်အား ရရှိရန်အတွက် မဂ္ဂါဝပ် ၁၂၀ ရှိသော ပရောဂျက်တစ်ခုအား စတင်လုပ်ဆောင်နေကြောင်း ရေရှည်အတွက်မူ လျှပ်စစ်ကဏ္ဍတွင် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း၍ လုပ်ဆောင်သင့်ကြောင်း ရင်းနှီးမြှုပ်နှံမှုများလည်း လုပ်ဆောင်သင့်ကြောင်းနှင့် ရေရှည် အတွက် ကောင်း မွန်သော စွမ်းအင်ထုတ်လုပ်မှုများကို ဦးစားပေး ထုတ်လုပ်သင့်ကြောင်း ပြောကြားခဲ့သည်။

Eleven

No comments:

Post a Comment