Friday, June 21, 2013

အနာဂတ်သယ်ယူပို့ ဆောင်ရေးတွင် အရေးပါလာမည့် မောင်းသူမဲ့ လေယာဉ်

ချောမွေ့သော ကားလမ်းမပေါ်မှ မောင်းနှင်ခြင်း မပြုဘဲ လမ်းကြမ်းကို သုံးသောကား များသည် လေးဘီး ယက်နှင့် ဧရာမ ထရပ်ကားကြီးများ ဖြစ်ကြသည်။
ရည်မှန်းချက် ကြီးမားသော နည်းပညာ ကုမ္ပဏီနှစ်ခုသည် တစ်စုံတစ်ရာလျှို့ဝှက် နက်နဲမှုပိုမိုရှိ လာစေရန် တော်လှန် ပြောင်းလဲပစ်မည့် အလားအလာကို စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။ လွန်ခဲ့သော ၁၈ လ လောက်က MATTER- NET နှင့်  ARIA တို့သည် သီးခြားကုမ္ပဏီများ ဖြစ်ကြသော်လည်း Silicon Valley ၏ နွေးထွေးသော ဖန်ပေါင်းချောင်မှ ပေါက်ဖွား လာခဲ့ကြသည်။ အဝေးပြေး လမ်းမသို့ မဟုတ် တည်ရှိနေဆဲ လမ်းမများတွင် ဝင်ထွက်နိုင်မှု မရှိသည့်  မြို့ဆင်ခြေဖုံးနှင့် မဖွံ့ဖြိုး သေးသော ဒေသများသို့ ဆက်သွယ်ကူညီ ပေးမည့် အလိုအလျောက် မောင်းနှင် ပျံသန်းနိုင်သည့် ရဟတ်ယာဉ်များကို တီထွင်နေ ကြပြီး ဖြစ်သည်။ ကနဦးတီထွင် ထားပြီးသော လေယာဉ်ပျံဖြင့် စမ်းသပ်မောင်းနှင် ကြည့်ပြီးဖြစ်သော် လည်း တွေ့နေမြင်နေကျ မဟုတ်သည့်  နောက်ဆုံး တီထွင်ဖန်တီးထားသော တီထွင်မှုဖြစ်၍ အရပ်ဘက် မောင်းသူမဲ့  နည်းပညာကို တချို့က ယုံကြည်ကြမည် မဟုတ်ပေ။ အလွယ်ကူဆုံး ဥပမာပြရလျှင် ဖွံ့ဖြိုးတိုးတက်နေသည့် မိုဘိုင်းလ် ဖုန်းနှင့် နှိုင်းယှဉ်ကြည့် ပါက သူတို့ မည်မျှ ခရီးပေါက် နေသည်ကို ခန့်မှန်းကြည့် နိုင်ကြောင်း MATTERNET ကို တည်ထောင်သူလည်းဖြစ်၊ အမှုဆောင် အရာရှိချုပ် (CEO) လည်းဖြစ်သူ အင်ဒရီးစ် ရပ်တိုပေါလို့စ် (ANDREAS RAPTOPOULOS)က ပြောကြားသည်။ တစ်ကိုယ်တည်း ဖြစ်နေကြသူများ သော်လည်းကောင်း၊ ဝေး လံသော နေရာ များတွင် နေ ထိုင် နေကြ သူများအတွက် သော်လည်းကောင်း လူလိုက်ပါခြင်း မရှိသော လေယာဉ်ပျံ (UAVs) ဖြင့် ဓလေ့ထုံးတမ်းများအရ အသုံးပြုနေကြသည့် သယ်ယူ ပို့ဆောင်ရေး အခြေခံ အဆောက် အအုံကို ဖားခုန် စနစ်ဖြင့် ကျော်လွှားသွားမည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
မောင်းသူမဲ့ လေယာဉ်များ၏ ကွန်ရက်
ရပ်တို ပေါလို့စ်သည် သုတေသန အုပ်စုတစ်ခုကိုဦးဆောင်ခဲ့ စဉ်အဆိုပါ အကြံအစည်ကို ရရှိခဲ့ပြီး ၄င်းကိုအခြေခံလျက် Silicon Valley ရှိ Singularity University တက္ကသိုလ်မှ အခြားသော တွဲဖက် တည်ထောင်သူသုံးဦး အပါအဝင် တို့က မောင်းသူမဲ့ လေယာဉ် အုပ်စုကို တည်ဆောက်ကြ မည် ဖြစ် သည်။ နောင်အခါတွင် မောင်းသူမဲ့ လေယာဉ် တစ်စင်းသည် ဝန်စည်စလယ် အဝင်အဆံ့ နှစ်ကီလို ဂရမ်နှင့် ခြောက်မိုင် အကွာအဝေးအထိ ပျံသန်းနိုင် လာမည်ဖြစ်သည်။
ဤအလိုအလျောက် မောင်းနှင်ပျံသန်းမည့် မောင်းသူမဲ့ လေယာဉ်များကို မြေပြင်မှ နည်းဗျူဟာ ကျကျ ကွပ်ကဲပေးကာ ဘက်ထရီများကို အားပြန်သွင်းရန် မိုင်အနည်းငယ် အကွာတွင် စခန်းတစ်ခု သို့မဟုတ် ခရီးဆုံးအရောက်တွင် အားပြန်ဖြည့်ပေးမည် ဖြစ်သည်။ ဤနည်းအားဖြင့် ခရီးစဉ်အားလုံးသို့ ရောက် ရှိအောင် ထပ်ခါထပ်ခါ ဘက်ထရီ အားပြန်သွင်း ပေးနေ မည်ဖြစ်သည်။ မောင်း သူမဲ့ လေယာဉ်ကို ကွပ်ကဲရန်အတွက် လည်းကောင်း၊ ကုန်စည် အထုပ်အပိုးများကို ပေးပို့ရန် အတွက်လည်းကောင်း၊ အလိုအလျောက် စနစ်ဖြင့် ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။ လှမ်း၍ မှာခြင်း၊ တောင်းခံခြင်း စသည့် ကိစ္စရပ်များကို ဆယ်လူလာ ဖုန်းများဖြင့် ပေးဆောင်စေမည် ဖြစ်သည်။ အဆက်အသွယ် ပြတ်တောက်နေ သည့် ဒေသ များသို့ ဆေးဝါးများနှင့် ရိက္ခာများ ကို ဖောက်သည်များထံသို့ တိုက်ရိုက် ပေးပို့နိုင် မည် ဖြစ် သည်။ ထို့ပြင် သဘာဝဘေးအန္တရာယ် ကျရောက်နေသည့် ဒေသများတွင် အဆက် အသွယ် ပြတ်တောက်နေပါက ဤနည်းလမ်း များဖြင့် ဆောင်ရွက်ပေးမည် ဖြစ်သည်။ နောင် အနာဂတ်တွင် မြို့ကြီးများသို့ ပစ္စည်းများ ပေးပို့ခြင်းသို့ မဟုတ် သယ်ယူပို့ဆောင်ပေးခြင်း စသည် တို့ကိုလည်း တိုးမြှင့် ဆောင်ရွက်ပေး သွားမည် ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက The LionCity Roars တွင်ရှာဖွေကြည့်ရှု နိုင်ပါသည်။ လွန်ခဲ့သည့် နှစ်ကဟေတီနှင့် ဒိုမီနီကင် ပြည်ထောင်စု နိုင်ငံသို့ ''qua-drocopter'' drones ရဟတ် ယာဉ်များကို စမ်းသပ် မောင်းနှင် ကြည့်ပြီး ဖြစ်သည်။ ရလဒ် ကောင်းမွန် သဖြင့် အားရပျော်ရွှင်နေသော ရပ်တိုပေါလို့စ်သည် စီးပွားရေး သို့မဟုတ် အရပ်ဘက်တွင် ဆောင် ရွက်ပေးရန် ထပ်မံ၍ စမ်းသပ်ကြည့် ဦးမည်ဟု သိရှိရသည်။
အင်တာနက်မှ တကယ်အစစ်အမှန် အရာဝတ္ထုများ
နီဗားဒါးနယ်တွင် Burning Man ပွဲတော်ကျင်းပစဉ် အလိုအလျောက် မောင်းနှင်သည့် စနစ်ဖြင့်  Aria (Auton-omous Roadless Intelligent Array) ကုမ္ပဏီမှ ကွင်းပြင်တွင် မြေပြင်မှ ကွန်ရက်ဖြင့် ထိန်းချုပ်၍ ပြသပေးမည် ဖြစ်သည်။
Aria သည် Singularity Univer-sity မှ ကျောင်းသားများက တည်ထောင်ထားခြင်း ဖြစ်သည်။ နည်းပညာ တိုးတက် လာသည်နှင့် အတူ Aria တွဲဖက် တည်ထောင်သူ အတ်တူရိုပယ် လေးယို (Arturo Pela-yo) က မောင်းသူမဲ့ လေယာဉ်များကို ကုန်များများ တင်ပြီး ခရီးဝေး ဝေးသို့ ပျံသန်းနိုင်အောင် ဆောင်ရွက် သွားမည် ဟုဆိုသည်။
ကန်ကျစရိတ် တွက်ချက်ကြည်ခြင်း
မာ့စာရုခရိုင် (Maseru) က Sigula-rity University မှ ကိစ္စတစ်ခုကို စမ်းသပ်ခဲ့သည်။ အာဖရိကမှ ဘုရင်အုပ် ချုပ်သည့် လက်ဆိုသို (Lesotho) တွင် အခြေစိုက် စခန်း ၅ဝ နှင့် မောင်း သူမဲ့ လေယာဉ် ၁၅ စင်းဖြင့် ဆောင်ရွက်ခဲ့ရာ၌ အမေရိကန် ဒေါ်လာ ၉ဝဝဝဝဝ သာ ကုန်ကျခဲ့၍ နှစ်ကီလိုမီတာ အမေရိကန် ဒေါ်လာ တစ်သန်း ကုန်ကျစရိတ်ဖြင့် နှိုင်း ယှဉ်ကြည့်နိုင် ပေ သည်။ နောက်ထပ် အခက်အခဲများဖြင့် ကြုံတွေ့နိုင်သေးရာ ဥပမာအားဖြင့် ရာသီဥတု ဆိုးရွားမှု ဖြစ်ပွားနေစဉ် ဝန်ဆောင်မှု ပေးရလျှင်မည်သို့ ဖြစ်လာမည်နည်း။ အပြန်အလှန် အချင်းချင်း မည်သို့ ဆက်သွယ်နိုင်ကြ မည်နည်း။ ထိုထက် အရေးကြီးသော အချက်တစ်ရပ်မှာ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတွင် မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်ရန် လုပ်ဆောင် လာကြ လျှင် တွေ့ကြုံရ မည့် ပြဿနာများကိုလည်း ထည့်သွင်း စဉ်းစားသင့် လှပေသည်။ ဤကိစ္စကို ဒါကိုတာ မြောက်ပိုင်းနယ်ရှိ တက္ကသိုလ်မှ လေကြောင်း ဆိုင်ရာ တွဲဖက်ပါမောက္ခ ဘင်ထရက်နဲလ် (Ben Trapnell) က ထောက်ပြခဲ့ခြင်း ဖြစ်သည်။ ဤကွန်ရက် စနစ်များတွင် တစ်လွဲအသုံးပြု လာတတ်ကြသည်ကို အလေးမထားဘဲ လျစ်လျူရှုလိုက်လျှင် မိုက်မဲရာ ကျပေလိမ့်မည်။
မြ၀တီ

No comments:

Post a Comment