Monday, June 24, 2013

Miss Diamond Queen 2013 ပြိုင်ပွဲသို့ အမျိုးသားမှ အမျိုးသမီး အဖြစ်သို့ အသွင် ကူးပြောင်းထားသူ ပါဝင်ယှဉ်ပြိုင်

အမျိုးသားမှ အမျိုးသမီး အဖြစ်သို့ အသွင် ကူးပြောင်းထားသည့် ဒါနီစိန့်ဂျိမ်းစ် ဆိုသော မိန်းကလေးသည် ဇွန် ၂၂ ရက်က လန်ဒန်မြို့တွင် ကျင်းပသော Miss Diamond Queen 2013 ပြိုင်ပွဲတွင် အခြားမိန်းမချော ၁၁ ဦးနှင့် အတူ ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အမျိုးသား တစ်ဦးအဖြစ်မှအသွင် ကူးပြောင်းထားသည်ဟုပင် မထင်ရက်လောက်အောင် ဒါနီသည် ချောမွေ့သော အသားအရည်၊ ရွှေရောင်ဆံပင်နှင့် ပြည့်စုံသော မျက်နှာဟန် အမူအရာများကို ပိုင်ဆိုင်ထားသည်။ ဒါနီသည် ဝေးပြည်နယ် တောင်ပိုင်းရှိ ဘာရီမြို့တွင်  မွေးဖွား ခဲ့သူဖြစ်ပြီး အသက် ၁၈ နှစ် အရွယ်တွင် အမျိုးသမီး ဘဝသို့ အသွင်ပြောင်းရန် ဆုံးဖြတ်ခဲ့သူ ဖြစ်သည်။ သူမသည် လက်ရှိ၌ Camden နိုက်ကလပ်တွင် မန်နေဂျာ တစ်ဦးအဖြစ် လုပ်ဆောင်လျက် ရှိသည်။
ဒါနီသည် အသက်သုံးနှစ်အရွယ်ကတည်းက မိန်းကလေးအရုပ်များနှင့် ဆော့ကစားရသည်ကို နှစ် သက်လေ့ ရှိကြောင်း၊ အားကစား လုပ်ရသည်ကို လုံးဝမနှစ်သက်သည့် အပြင် အမျိုးသားတို့၏ အမူအကျင့်များလည်း မရှိကြောင်း သူမက ဖွင့်ဟဝန်ခံခဲ့သည်။
ထို့ပြင် သူမသည် အသက် ၁၁ နှစ် အရွယ်တွင် မိတ်ကပ်စတင် လိမ်းတတ်နေပြီး အသက် ၁၂ နှစ်အရွယ်တွင် အမျိုးသား ချစ်သူ ထားတတ်နေပြီဖြစ် သည်ဟု မိဘများကို ဖွင့်ဟဝန်ခံဖူး ကြောင်း သူမက ပြောကြား ခဲ့သည်။
သူမပါဝင် ယှဉ်ပြိုင်ခဲ့သော Miss Diamond Queen 2013 ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အခြား မိန်းကလေး ၁၁ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment