Wednesday, June 5, 2013

NASA မှ အာကာသသို့ စမတ်ဖုန်းများ ထုတ်လွှင့်ခဲ့

Photo: NASA မှ အာကာသသို့ စမတ်ဖုန်းများ ထုတ်လွှင့်ခဲ့
Wednesday, June 5, 2013

NASA မှ လွန်ခဲ့သည့် တစ်ပတ်အတွင်း အာကာသထဲသို့ စမတ်ဖုန်းများ ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

သတင်း ထုတ်ပြန်ချက်များ အရ NASA မှ ထုတ်လွှင့်ခဲ့သော စမတ်ဖုန်းများမှာ Google Nexus One စမတ်ဖုန်း ဟန်းဆက်များ ဖြစ်ပြီး Android ကိုသာ အသုံးပြု ထားကြောင်း သိရသည်။ အဆိုပါ စမတ်ဖုန်းများကို Virginia မြို့တော်ရှိ NASA ၏ Wallops Island Flight မှ ထုတ်လွှင့်ခဲ့သော Antares ဂြိုလ်တု၌ ထည့်သွင်းခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါ စမတ်ဖုန်းများ အာကာသ အတွင်း ခံနိုင်ရည် ရှိစေရန် ၄ လက်မ အရွယ် အစားရှိ သံကိုယ်ထည်၌ ထည့်သွင်း ပေးထားပြီး external lithium ion ဘက်ထရီများနှင့် အချက်အလက် ပို့ဆောင်မှု ပိုမိုကောင်းမွန် စေရန် လည်း ရေဒီယို နည်းပညာများ ထည့်သွင်း ထားကြောင်း သိရသည်။ NASA မှ ယခုကဲ့သို့ အာကာသထဲသို့ စမတ်ဖုန်းများ ထုတ်လွှင့် ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ စမတ်ဖုန်းများကို ဈေးနှုန်း နည်းပါးသော ဂြိုလ်တု ဆက်သွယ်ရေး ပစ္စည်းအဖြစ် ရပ်တည်နိုင်မှု ရှိ၊ မရှိ စမ်းသပ်ရန် ဖြစ်ကြောင်း ကြော်ငြာခဲ့သည်။

အဆိုပါ စမတ်ဖုန်းများမှာ ကမ္ဘာမြေပေါ်သို့ ယခုအပတ် အတွင်း ပြန်လည် ရောက် ရှိမည် ဖြစ်ပြီး အာကာသမှ message ပေးပို့ထားမှုများ၊ ဖုန်းမှတစ်ဆင့် ဓာတ်ပုံ ရိုက်ကူး ထားမှုများကို ပြန်လည် တွေ့မြင်ရမည် ဖြစ်သည်။ NASA မှ အဆိုပါ စမတ်ဖုန်းများမှာ လက်ရှိအချိန်တွင် အာကာသ ထဲ၌ ကောင်းမွန်စွာ လည်ပတ်နိုင်ကြောင်း သတင်း ထုတ်ပြန်ထားသည်။ NASA ၏ အင်ဂျင်နီယာများ၏ အဆိုအရ စမတ်ဖုန်းများကို အာကာသထဲသို့ ထုတ်လွှင့်ရန် ကုန်ကျ စရိတ်မှာ ဒေါ်လာ ၃၅၀၀ မှ ၇၀၀၀ အထိ ရှိခဲ့ကြောင်း သိရသည်။

Ref:TechCrunch
Ref & Credit to Smart Pro Journal
NASA မှ လွန်ခဲ့သည့် တစ်ပတ်အတွင်း အာကာသထဲသို့ စမတ်ဖုန်းများ ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
သတင်းထုတ်ပြန်ချက်များ အရ NASA မှ ထုတ်လွှင့်ခဲ့သော စမတ်ဖုန်းများမှာ Google Nexus One စမတ်ဖုန်းဟန်းဆက်များဖြစ်ပြီး Android ကိုသာ အသုံးပြုထားကြောင်းသိရသည်။ အဆိုပါ စမတ်ဖုန်းများ ကို Virginia မြို့တော်ရှိ NASA ၏ Wallops Island Flight မှ ထုတ်လွှင့်ခဲ့သော Antares ဂြိုလ်တု၌ ထည့်သွင်းခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါ စမတ်ဖုန်းများ အာကာသအတွင်း ခံနိုင်ရည်ရှိစေရန် ၄ လက်မ အရွယ် အစားရှိ သံကိုယ်ထည်၌ ထည့်သွင်းပေးထားပြီး external lithium ion ဘက်ထရီများနှင့် အချက်အလက် ပို့ဆောင်မှု ပိုမိုကောင်းမွန်စေရန်လည်း ရေဒီယိုနည်းပညာများ ထည့်သွင်း ထားကြောင်းသိရသည်။ NASA မှ ယခုကဲ့သို့ အာကာသထဲသို့ စမတ်ဖုန်းများထုတ်လွှင့်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စမတ်ဖုန်း များကို ဈေးနှုန်းနည်းပါးသော ဂြိုလ်တုဆက်သွယ်ရေးပစ္စည်းအဖြစ် ရပ်တည်နိုင်မှု ရှိ၊ မရှိ စမ်းသပ် ရန် ဖြစ်ကြောင်း ကြော်ငြာခဲ့သည်။

အဆိုပါ စမတ်ဖုန်းများမှာ ကမ္ဘာမြေပေါ်သို့ ယခုအပတ် အတွင်း ပြန်လည် ရောက် ရှိမည် ဖြစ်ပြီး အာကာသ မှ message ပေးပို့ထားမှုများ၊ ဖုန်းမှတစ်ဆင့် ဓာတ်ပုံရိုက်ကူးထားမှုများကို ပြန် လည် တွေ့မြင်ရ မည် ဖြစ်သည်။ NASA မှ အဆိုပါ စမတ်ဖုန်းများမှာ လက်ရှိအချိန်တွင် အာကာသ ထဲ၌ ကောင်းမွန်စွာ လည်ပတ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။ NASA ၏ အင်ဂျင်နီယာများ၏ အဆိုအရ စမတ်ဖုန်း များကို အာကာသထဲသို့ ထုတ်လွှင့်ရန် ကုန်ကျ စရိတ်မှာ ဒေါ်လာ ၃၅၀၀ မှ ၇၀၀၀ အထိ ရှိခဲ့ကြောင်း သိရသည်။

Ref:TechCrunch
Ref & Credit to Smart Pro Journal

No comments:

Post a Comment