Wednesday, June 5, 2013

ရခိုင်ပြည်နယ် လျှပ်စစ်မီးရရှိရန် RNDP နှင့် တရုတ်သံရုံး ဆွေးနွေးမည်

Photo: ရခိုင်ပြည်နယ် လျှပ်စစ်မီးရရှိရန် RNDP နှင့် တရုတ်သံရုံး ဆွေးနွေးမည်
Wednesday, June 5, 2013

ရခိုင်ကမ်းရိုးတန်းတွင် တရုတ် ကုမ္ပဏီအချို့နှင့် အစိုးရတို့ ဖက်စပ်တူးဖော် နေသော ရွှေသဘာဝဓာတ်ငွေ့ မှ ထွက်ရှိသည့် ဓာတ်ငွေ့ဖြင့် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ် မီးပေးနိုင်ရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးတို့ ဆွေးနွေး မည် ဖြစ်ကြောင်း အဆိုပါ သံရုံး နိုင်ငံရေးအရာရှိ Mr.Gao Mingbo က The Voice သို့ ပြောကြားသည်။

ယင်းဆွေးနွေးပွဲကို ဇွန်လ ၅ ရက်နေ့ တွင် ပြုလုပ်မည်ဖြစ်ပြီး ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံသံရုံး နိုင်ငံရေးအရာရှိ Mr.Gao Mingbo တို့က ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရွှေသဘာဝဓာတ်ငွေ့ဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံး ဈေးနှုန်း သက်သာသော လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်မည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက မေလ၂၉ ရက်နေ့တွင် ထုတ်ပြန် ခဲ့သဖြင့် ယင်းကဲ့သို့ တွေ့ဆုံ ဆွေးနွေးရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရရှိလာမည့် အကျိုးအမြတ်ကို ရခိုင်ပြည်နယ် နှင့် ဗဟိုအစိုးရအကြား ခွဲဝေပေးမည့် ဥပဒေတစ်ရပ် ကြိုတင် ပြဋ္ဌာန်းရန် လိုအပ်ကြောင်း ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့ ပြန်ကြားရေးတာဝန်ခံ Mr.Wong Aung က အကြံပြုသည်။ “အကျိုးအမြတ် ခွဲဝေရေးကို မပြဋ္ဌာန်း သေးခင် တရုတ်ကို ဓာတ်ငွေ့နဲ့ ရေနံပို့တာ လုံးဝ ရပ်ထားသင့်တယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်ထွက် သဘာဝရင်းမြစ်များမှ ရရှိမည့် အကျိုးအမြတ်ကို ရခိုင်လူထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွဲဝေ အသုံးပြုပေးသည့် အပြင် ရခိုင်ပြည်နယ် တစ်ခုလုံး ဈေးနှုန်း သက်သာသည့် လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ပေးပါက ဒေသခံများ စီမံကိန်းကို ကန့်ကွက်မည် မဟုတ်ကြောင်း ဦးစိုးမင်းက သုံးသပ် ပြောကြားသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့အထိ သွယ်တန်းထားသော ကီလိုမီတာပေါင်း ၁၁၀၀ ရှည်သည့် ယင်း ဓာတ်ငွေ့ ပိုက်လိုင်းမှ ရေနံစိမ်း ၂၂ သန်း နှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ သန်း နှစ်စဉ် တင်ပို့နိုင်ပါက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနောက်တောင်ဘက်ရှိ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော မြို့နယ်များကို စွမ်းအင် ထောက်ပံ့မှု တိုးမြှင့်နိုင်မည် ဖြစ်သည်။

ယင်းပိုက်လိုင်း စီမံကိန်းကို တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီ (China National Petroleum Coporation) နှင့် မြန်မာအစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း လုပ်ဆောင် ရန် နှစ် ၃၀ စာချုပ် ချုပ်ဆိုထားပြီး မြန်မာအစိုးရက ဒေါ်လာ ၂၉ ဘီလီယံခန့် အကျိုးအမြတ် ခွဲဝေရရှိ မည် ဖြစ်ကြောင်း CNPC ကုမ္ပဏီက ထုတ်ပြန်ထားသည်။

အဆိုပါတရုတ်-မြန်မာ ဓာတ်ငွေ့ ပိုက်လိုင်း ဆောက်လုပ်ပြီးစီးပြီ ဖြစ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန် ထားသည်။

The Voice Weekly
ရခိုင်ကမ်းရိုးတန်းတွင် တရုတ် ကုမ္ပဏီအချို့နှင့် အစိုးရတို့ ဖက်စပ်တူးဖော် နေသော ရွှေသဘာဝဓာတ်ငွေ့ မှ ထွက်ရှိသည့် ဓာတ်ငွေ့ဖြင့် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ် မီးပေးနိုင်ရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးတို့ ဆွေးနွေး မည် ဖြစ်ကြောင်း အဆိုပါ သံရုံး နိုင်ငံရေးအရာရှိ Mr.Gao Mingbo က The Voice သို့ ပြောကြားသည်။

ယင်းဆွေးနွေးပွဲကို ဇွန်လ ၅ ရက်နေ့ တွင် ပြုလုပ်မည်ဖြစ်ပြီး ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံသံရုံး နိုင်ငံရေးအရာရှိ Mr.Gao Mingbo တို့က ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရွှေသဘာဝဓာတ်ငွေ့ဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံး ဈေးနှုန်းသက်သာသော လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်မည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက မေလ၂၉ ရက်နေ့တွင် ထုတ်ပြန် ခဲ့သဖြင့် ယင်းကဲ့သို့ တွေ့ဆုံ ဆွေးနွေးရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရရှိလာမည့် အကျိုးအမြတ်ကို ရခိုင်ပြည်နယ် နှင့် ဗဟိုအစိုးရအကြား ခွဲဝေပေးမည့် ဥပဒေတစ်ရပ် ကြိုတင် ပြဋ္ဌာန်းရန် လိုအပ်ကြောင်း ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့ ပြန်ကြားရေးတာဝန်ခံ Mr.Wong Aung က အကြံပြုသည်။ “အကျိုးအမြတ် ခွဲဝေရေးကို မပြဋ္ဌာန်း သေးခင် တရုတ်ကို ဓာတ်ငွေ့နဲ့ ရေနံပို့တာ လုံးဝ ရပ်ထားသင့်တယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်ထွက် သဘာဝရင်းမြစ်များမှ ရရှိမည့် အကျိုးအမြတ်ကို ရခိုင်လူထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွဲဝေ အသုံးပြုပေးသည့် အပြင် ရခိုင်ပြည်နယ် တစ်ခုလုံး ဈေးနှုန်း သက်သာသည့် လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ပေးပါက ဒေသခံများ စီမံကိန်းကိုကန့်ကွက်မည်မဟုတ်ကြောင်း ဦးစိုးမင်းက သုံးသပ် ပြောကြားသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့အထိ သွယ်တန်း ထားသော ကီလိုမီတာပေါင်း ၁၁၀၀ ရှည်သည့် ယင်း ဓာတ်ငွေ့ ပိုက်လိုင်းမှ ရေနံစိမ်း ၂၂ သန်း နှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ သန်း နှစ်စဉ် တင်ပို့နိုင်ပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်တောင်ဘက်ရှိ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော မြို့နယ်များကို စွမ်းအင် ထောက်ပံ့မှု တိုးမြှင့်နိုင်မည် ဖြစ်သည်။

ယင်းပိုက်လိုင်း စီမံကိန်းကို တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီ (China National Petroleum Coporation) နှင့် မြန်မာအစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း လုပ်ဆောင် ရန် နှစ် ၃၀ စာချုပ် ချုပ်ဆိုထားပြီး မြန်မာအစိုးရက ဒေါ်လာ ၂၉ ဘီလီယံခန့် အကျိုးအမြတ် ခွဲဝေရရှိ မည် ဖြစ်ကြောင်း CNPC ကုမ္ပဏီက ထုတ်ပြန်ထားသည်။

အဆိုပါတရုတ်-မြန်မာ ဓာတ်ငွေ့ ပိုက်လိုင်း ဆောက်လုပ်ပြီးစီးပြီ ဖြစ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန် ထားသည်။

The Voice Weekly

No comments:

Post a Comment