Thursday, June 13, 2013

SingTel မှ မြန်မာပြည်၏ ကိုယ်ပိုင်ဂြိုဟ်တု ဆက်သွယ်ရေးစနစ် တည်ထောင်မှု အတွက် ကူညီပေးရန်ရှိ

စင်ကာပူနိုင်ငံ အခြေစိုက် တယ်လီကွန်း ကုမ္ပဏီ တစ်ခုဖြစ်သည့် Sing Tel က မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ဂြိုဟ်တု ဆက်သွယ်ရေးစနစ် တည်ထောင်ရန် ကူညီပေးသွားမည် ဖြစ်ကြောင်း SingTel ၏ International, Group Consumer CEO ဖြစ်သူ Mr.Mark Chong က  ဇွန် ၁၁ ရက်တွင် ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကို ကူညီပေးရာတွင် မြန်မာအစိုးရအား ဂြိုဟ်တုဆက်သွယ်ရေးစနစ်တစ်ခု တည်ထောင် ရန် ဖြစ်နိုင်ခြေရှိမရှိ လေ့လာရေးများတွင် ပါဝင်မည်ဖြစ်ပြီး မြန်မာကိုယ်ပိုင် ဂြိုဟ်တု လွှတ်တင်ရေးတွင် လည်း ပြည် တွင်း ၌ လျှောက်ထားသည့် ဆက်သွယ်ရေး အော်ပရေတာ လိုင်စင် ရရှိသည် ဖြစ်စေ၊ မရရှိသည် ဖြစ်စေ အထောက်အကူ ပေး သွား မည်ဖြစ်ကြောင်း ဆိုသည်။

"SingTel က မြန်မာနိုင်ငံမှာ အခြေခံ အဆောက်အအုံတွေ တည်ဆောက်ပေး ဖို့ ထက် မြန်မာနိုင်ငံ ကို နိုင်ငံတကာနဲ့ ချိတ်ဆက်ပေးဖို့ပိုပြီး စိတ်ဝင်စားပါတယ်။ လိုင်စင်ရသည်ဖြစ်စေ မရသည်ဖြစ်စေ မြန်မာ အစိုးရ အနေနဲ့ ဂြိုဟ်တုတစ်စင်း အောင်မြင်အောင် လွှတ်တင်ဖို့အတွက် SingTel က ကူညီပေးသွား မှာပါ" ဟု ၎င်းကဆိုသည်။

Mr. Mark Chong က ၎င်းတို့ ကုမ္ပဏီသည် မြန်မာ့ဆက်သွယ်ရေးမှ သတ်မှတ်သော တင်ဒါလိုအပ်ချက် ထက် ပိုလွန်သည့် နည်းပညာ ရှိနေပြီး ၎င်းတို့ကိုယ်ပိုင် ဂြိုဟ်တုနှစ်စင်းကိုလည်း လွှင့်တင်ထားပြီး ဖြစ် သည်ဟု ဆိုသည်။
EMG

No comments:

Post a Comment