Thursday, June 6, 2013

အာဆီယံ အဖွဲ့ကြီး၏ တင်းပြည့် အဖွဲ့ဝင်သစ် ဖြစ်လာစေရေး အတွက် စိတ်အားထက်သန်နေသည့် Timor-Leste နိုင်ငံ

Photo: အာဆီယံ အဖွဲ့ကြီး၏ တင်းပြည့် အဖွဲ့ဝင်သစ် ဖြစ်လာစေရေး အတွက် စိတ်အားထက်သန်နေသည့် Timor-Leste နိုင်ငံ
Thursday, June 6, 2013

အာဆီယံ အဖွဲ့ကြီး၏ လုပ်ငန်းဆောင်တာများတွင် အပြည့်အ၀ ပါဝင် လုပ်ဆောင်နိုင်ရန်အတွက် တင်းပြည့် အဖွဲ့ဝင်သစ်အဖြစ်ပါဝင် လှုပ်ရှားနိုင်
ရန်များစွာ စိတ်အားထက်သန်လျက် ရှိကြောင်း၊ Timor-Leste အနေဖြင့် ၂၀၀၈ ခုနှစ်မှ စတင်ကာ နိုင်ငံ၏ ပျမ်းမျှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
နှုန်းထားသည် နှစ်စဉ် (၁၀) ရာခိုင်နှုန်း အထက်ရှိကြောင်း ၊ အခွန်စည်း
ကြပ်မှု စည်းမျဉ်းများ ၊ လူ့စွမ်းအား အရင်းအမြစ်များ ၊ နိုင်ငံတွင်း အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်မှု ၊ ဆင်းရဲ မွဲတေမှုများ လျှော့ချနိုင်ရေး အစရှိသည်တို့နှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များ ဆက်လက် လုပ်ဆောင်သွားရန် လိုအပ်ချက်များရှိနေသည်။

အာဆီယံကဲ့သို့ ဒေသတွင်း အသင်း အဖွဲ့ကြီးနှင့် ပူးပေါင်း ချိတ်ဆက်ကာ လက်တွဲသွားမည်ဆိုလျှင် မိမိတို့နိုင်ငံအတွက်သာမက ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှု ၊ တည်ငြိမ် အေးချမ်းမှုတို့အတွက် များစွာအထောက်အကူ
ပြုနိုင်ပြီး လက်ရှိ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု အခက်အခဲများကို ဖြေရှင်း
ကျော်လွှားနိုင်မည်ဟုလည်း ယုံကြည်ကြောင်း အာရှပစိဖိတ် ဒေသအတွင်း အသေးငယ်ဆုံး နိုင်ငံဖြစ်သည့် Timor-Leste နိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီး၊ ၀န်ကြီးချုပ် Mr. Gusmao ကအလေးအနက်ထား ပြော
ကြားသွားခဲ့သည်။

Source: CNA
Mrtv-4
အာဆီယံ အဖွဲ့ကြီး၏ လုပ်ငန်းဆောင်တာများတွင် အပြည့်အ၀ ပါဝင် လုပ်ဆောင်နိုင်ရန်အတွက် တင်းပြည့် အဖွဲ့ဝင်သစ်အဖြစ်ပါဝင် လှုပ်ရှားနိုင်ရန်များစွာ စိတ်အားထက်သန်လျက် ရှိကြောင်း၊ Timor-Leste အနေဖြင့် ၂၀၀၈ ခုနှစ်မှ စတင်ကာ နိုင်ငံ၏ ပျမ်းမျှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှုန်းထားသည် နှစ်စဉ် (၁၀) ရာခိုင်နှုန်း အထက်ရှိကြောင်း ၊ အခွန်စည်းကြပ်မှု စည်းမျဉ်းများ ၊ လူ့စွမ်းအား အရင်းအမြစ်များ ၊ နိုင်ငံတွင်း အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်မှု ၊ ဆင်းရဲ မွဲတေမှုများ လျှော့ချနိုင်ရေး အစရှိသည်တို့နှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များ ဆက်လက် လုပ်ဆောင်သွားရန် လိုအပ်ချက်များရှိနေသည်။
အာဆီယံကဲ့သို့ ဒေသတွင်း အသင်း အဖွဲ့ကြီးနှင့် ပူးပေါင်း ချိတ်ဆက်ကာ လက်တွဲသွားမည်ဆိုလျှင် မိမိတို့နိုင်ငံအတွက်သာမက ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှု ၊ တည်ငြိမ် အေးချမ်းမှုတို့အတွက် များစွာအထောက်အကူ ပြုနိုင်ပြီး လက်ရှိ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု အခက်အခဲများကို ဖြေရှင်း ကျော် လွှားနိုင်မည်ဟုလည်း ယုံကြည်ကြောင်း အာရှပစိဖိတ် ဒေသအတွင်း အသေးငယ်ဆုံး နိုင်ငံဖြစ်သည့် Timor-Leste နိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီး၊ ၀န်ကြီးချုပ် Mr. Gusmao ကအလေးအနက်ထား ပြော ကြားသွားခဲ့သည်။

Source: CNA
Mrtv-4

No comments:

Post a Comment