Tuesday, July 9, 2013

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား သတင်းအစီအစဉ်များANDROID မို ဘိုင်းဖုန်း တွင် ဇူလိုင် ၁၅ရက်မှစတင် စမ်းသပ်ထုတ်လွှင့်မည်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား သတင်းအစီအစဉ်များနှင့် မြန်မာ့အသံရေ ဒီယိုလိုင်းများကိုANDROID MOBILE ဖုန်း များပေါ် တွင် ဇူလိုင်လ ၁၅ရက်နေ့မှ စတင် စမ်းသပ်ထုတ်လွှင့်မည်ဟု MRTVမှ သိရသည်။

MRTV Mobile Application တစ်ခုကို စတင်တည်ဆောက်လျက်ရှိပြီး ဇူလိုင်လ(၁၅)ရက်နေ့မှစတင်ကာ Android Mobile ဖုန်းများပေါ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်းအစီအစဉ်များကို ကြည့်ရှု ခံစားနိုင်တော့မှာဖြစ်ပြီး မြန်မာ့အသံရေဒီယိုလိုင်း ဖျော်ဖြေတင်ဆက်မှုများကို နားထောင်ခံစားနိုင်ရန် အတွက်Mobile Software များ ကို စမ်းသပ် ထုတ်လွှင့်ပေးတော့မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ပြည်သူများ၏ Mobile ဖုန်း အသုံးပြုမှုတွင် အများဆုံး အသုံးပြုလျက် ရှိသည့် Android Mobile ဖုန်းများပေါ်တွင် အသုံးပြုနိုင်မည့် MRTV APK Software (MRTV Icon ပါ APK Software) နှင့်
MRTV Radio Station APK Software (MRTV Radio Station Icon ပါ APK Software) တို့အား ဇူလိုင်လ (၁၅)ရက်နေ့မှ စတင်ပြီးGoogle Play တွင် အခမဲ့ Download ရယူ အသုံးပြု နိုင်မည် ဖြစ်သည်။

ဆက်လက်ပြီး iPhone အသုံးပြုသူ များအတွက်ပါ အဆင်ပြေစေ မည့် MRTV Mobile Version အား ဆက်လက် ထုတ်ဝေ ပေးသွားမည် ဖြစ်သည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ရုပ်မြင်သံကြားနှင့် ရေဒီယို အစီအစဉ်များ အား တိုက်ရိုက် ခံစား စေနိုင်ရန်အတွက် LIVE Streaming ထုတ်လွှင့်မှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ပြည်သူတို့အတွက် မြန်မာ့အသံ ဟူသော ဆောင်ပုဒ်နှင့်အညီ သတင်းနှင့် ဖျော်ဖြေရေး အစီအစဉ် များကို ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်ပြီး ယခင်နှင့်မတူ တမူ ထူးခြားစွာဖြင့် ကြိုးပမ်း တင်ဆက်ခဲ့ရာ နာရီစဉ်အလိုက် သတင်း တင်ဆက်မှုများအပြင် ဖျော်ဖြေရေး ကဏ္ဍများကိုပါ နေ့စဉ် (၁၇) နာရီ ထုတ်လွှင့်ပေးလျက်ရှိသည်။

ထို့အပြင် ပြောင်းလဲ တိုးတက်လာသော ခေတ်စနစ်နှင့် အညီ ပုံမှန်ရုပ်သံ ထုတ်လွှင့်မှုများကို အင်တာနက် Website များပေါ်တွင် ကြည့်ရှုခံစားနိုင်စေရန်အတွက် ပြန်ကြားရေး ၀န်ကြီးဌာန၏ Web Portal တစ်ခု တည်ထောင်ပြီး ပြည်သူတို့ အတွက်အင်တာနက် ၀န်ဆောင်မှုကိုပါ တစ်ပါတည်း ဆောင်ရွက် ပေးခဲ့ပြီး ယနေ့ခေတ် ပြည်သူများ စိတ်ဝင် စားလျက် ရှိသောSocial Media Network ပေါ်တွင် MRTV Web Media Portal Facebook Account တစ်ခုဖွင့်လှစ်ပြီး ၀န်ဆောင်မှုများ ပေးခဲ့သည်။
Popular Myanmar News Journal

No comments:

Post a Comment