Friday, July 19, 2013

မုတ်သုံလေ အားကောင်းနေခြင်းကြောင့် တိုင်းဒေသကြီး သုံးခုတွင် မိုးများနိုင်ပြီး ရေကြီးနစ်မြုပ်မည်ကို လယ်သမားများ အနေဖြင့် စိုးရိမ်လျက်ရှိ

မြန်မာနိုင်ငံတွင် ဇူလိုင်လအတွင်း မုတ်သုံလေအား ကောင်းနေခြင်းကြောင့် တိုင်းဒေသကြီး သုံးခုတွင် မိုး များနိုင်ပြီး လယ်များရေကြီး နစ်မြုပ်မည်ကို လယ်သမားများ အနေဖြင့် စိုးရိမ်လျက်ရှိကြောင်း သိရသည်။

မိုးလေ၀သ သတင်းများအရ မြစ်ဝကျွန်းပေါ် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် ဇူလိုင်လ အတွင်း မုတ်သုံလေကြောင့် မိုးများနိုင်ပြီး ဧရာဝတီမြစ်၊ စစ်တောင်းမြစ်နှင့် ပဲခူးမြစ်တို့ တွင် ရေ ကြီးနိုင်ကြောင်း သိရသည်။

မုတ်သုံလေ အားကောင်းနေခြင်းကြောင့် မိုးကြီးနိုင်ပြီး မြစ်ဝကျွန်းပေါ် ဒေသများတွင် ရာခိုင်နှုန်းအားဖြင့် ၈၀ ထိ ရှိကြောင်း ဦးထွန်းလွင်၏ ၀က်(ဘ)ဆိုဒ်တွင် ဇူလိုင် ၁၈ တွင် ဖော်ပြထားချက်အရ ထပ်မံသိရသည်။
ရန်ကုန်တက္ကသိုလ်မှ သဘာဝ ပတ်ဝန်းကျင် ပညာရှင် ပါမောက္ခ ဦးညိုမောင်က ''ဒီ ၂၁ ရာစုနောက်ပိုင်း ရာသီဥတုက တော်တော်လေး ပြောင်းလဲတယ်။ ပင်လယ်ထဲမှာက ရေပူ၊ ရေအေး စီးကြောင်းတွေ ရှိတယ်။

အဲဒီရေစီးကြောင်းတွေ ပြောင်းတော့ တစ်ခါမှ မဖြစ်ဘူးတဲ့ မုန်တိုင်းတွေ ဖြစ်တယ်။ ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်တယ်။ ဒီနှစ်ဆို မိုးပိုများလာတယ်။ ပိုပူလာတယ်။ အဲဒီလိုပဲ မိုးများတော့ ရေကြီးတာတွေလည်း ဖြစ်လာတာလို့ ပြောချင်ပါတယ်'' ဟု ပြောကြားသည်။

အခုက ပြန်ပြီးပျိုးထောင် နေရတဲ့ အချိန်ပါ။ ရေကြီးနိုင်တာနဲ့ ပတ်သက်ပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေ ဘာမှမလုပ်ထား နိုင်ပါဘူး။ မြောင်းတွေတော့ လာဖောက်ပေးတယ်။ ဒါပေမယ့် တကယ်အရေးကြီး ဖောက်ရမယ့် မြောင်းတွေကိုတော့ ခုထိ မဖောက်သေးပါဘူး။ ဒါကြောင့် တကယ်သာ ရေကြီးမယ်ဆိုရင် ဆုံးရှုံးမှုတွေ ရှိနိုင်ပါတယ်...

မုတ်သုံလေကြောင့် မိုးအားကောင်းစွာ ရွာသွန်းပါက ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်ပြီး စိုက်ပျိုးထားသော လယ်မြေများ ဆုံးရှုံးမှု ဖြစ်ပေါ်မည်ကို လယ်သမားများ အနေဖြင့် စိုးရိမ်နေသည်။

''အခုက ပြန်ပြီးပျိုးထောင် နေရတဲ့ အချိန်ပါ။ ရေကြီးနိုင်တာနဲ့ ပတ်သက်ပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေ ဘာမှမလုပ်ထားနိုင်ပါဘူး။ မြောင်းတွေတော့လာဖောက်ပေးတယ်။ ဒါပေမယ့်တကယ် အရေးကြီး ဖောက် ရမယ့် မြောင်းတွေကိုတော့ ခုထိ မဖောက်သေးပါဘူး။ ဒါကြောင့် တကယ်သာ ရေကြီးမယ်ဆိုရင် ဆုံးရှုံး မှုတွေ ရှိနိုင်ပါတယ်'' ဟု ဖျာပုံမြို့မှ လယ်ပိုင်ရှင် ဦးကြည်စိုး က ပြောကြားသည်။

၎င်းက ''မနှစ်က ဇူလိုင်လတုန်းကလည်း ရေကြီးခဲ့တယ်။ တချို့ဆို တော်တော်လေး ဆုံးရှုံးမှုတွေ ရှိခဲ့ တယ်။ ကျွန်တော်တို့ ဖျာပုံမှာတော့ ဆိုးဆိုးရွားရွား သိပ်မဖြစ်ခဲ့ပါဘူး'' ဟု ဇူလိုင် ၁၈ ရက်က ဖြေကြား ခဲ့ သည်။

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်း လာမည် ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဇူလိုင် ၁၈ ရက် နေ့တွင် ထုတ်ပြန်ထားချက် အရ သိရသည်။
Eleven Media Group

No comments:

Post a Comment