Wednesday, July 17, 2013

မြန်မာတစ်နိုင်ငံလုံးတွင် ရွှေ့ပြောင်းဒုက္ခသည်ပေါင်း ခြောက်သိန်းကျော်ရှိပြီး ကရင်ပြည်နယ် တစ်ဝိုက်တွင် ရွှေ့ပြောင်းဒုက္ခသည် အများဆုံးဖြစ်နေ

kayin-july17
ထိုင်း-မြန်မာ နယ်စပ်အနီးရှိ မယ်လဒုက္ခသည်စခန်းသို့ ရောက်ရှိနေသော ကရင်တိုင်းရင်းသားများကို ၂၀၁၂ ခုနှစ် ဇွန်လက တွေ့ရစဉ် (ဓာတ်ပုံ - နေထွန်းနိုင်)
မြန်မာတစ်နိုင်ငံလုံးတွင် ရွှေ့ပြောင်းဒုက္ခသည်ပေါင်း ၆၃၂၀၀၀ ကျော်ရှိနေပြီး နှစ်ကာလ ကြာရှည်
စွာ နေရာရွှေ့ပြောင်း နေရမှုများကြောင့် ကရင်ပြည်နယ် တစ်ဝိုက်တွင် ရွှေ့ပြောင်းဒုက္ခသည် အများ ဆုံးဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက်ပေးရေးရုံး UNOCHA မှ ထုတ်ပြန်ချက်များအရ သိရသည်။
ကရင်ပြည်နယ် တစ်ဝိုက်ရှိ မြို့နယ် ၃၆ မြို့နယ်မှာ နယ်မြေမတည်ငြိမ်မှု များကြောင့် နှစ်ပေါင်း များစွာ နေရာရွှေ့ပြောင်းနေရပြီး ဒုက္ခသည်ပေါင်း ၄ သိန်းခန့် ရှိနေသည်။ ၎င်းတို့ထဲမှ လူဦးရေ တစ်သောင်းကျော်မှာ ၂၀၁၁ ခုနှစ်၊ သြဂုတ်မှ ၂၀၁၂ ခုနှစ်၊ ဇူလိုင်အတွင်း ပြောင်းရွှေ့ သွားကြခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ၁၀ ခုကို လက်မှတ်ရေးထိုးပြီးဖြစ်ပြီး စစ်ဘေးရှောင် ရွှေ့ပြောင်းဒုက္ခသည် များကို ပြန်လာစေ ရန်လည်း ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိနေသည်။
အဆိုပါ ရွှေ့ပြောင်းဒုက္ခသည်များ ပြန်လာရန်မှာ လုံခြုံရေး၊ အသက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်း များနှင့် အခြေခံ ၀န်ဆောင်မှုများ ရရှိရန် လိုအပ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ အနှံ့အပြားရှိ ရွှေ့ပြောင်းဒုက္ခသည်များမှာ ကရင်ပြည်နယ်ရှိ ဒုက္ခသည် ၄ သိန်းအပြင် ကချင်ပြည်နယ်တွင် ၈၅၀၀၀ ၀န်းကျင်၊ မိတ္ထီလာတွင် ၇၀၀၀ ၀န်းကျင်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တစ်သိန်းလေးသောင်း ၀န်းကျင်ခန့် ရှိနေသည်ဟု UNOCHA မှ ခန့်မှန်းထားသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ရွှေ့ပြောင်းဒုက္ခသည်များကို ၂၀၁၃ ခုနှစ်၊ မတ်လမှ ဒီဇင်ဘာလအထိ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၉ သန်း လိုအပ်နေပြီး လက်ရှိအချိန်ထိ ၁ ဒသမ ၂ သန်းသာ ရရှိသေးကြောင်း သိရသည်။
မိတ္ထီလာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့်လည်း လူပေါင်း ၁၂၀၀၀ ခန့် ထိခိုက်ခံစားခဲ့ရပြီး လူပေါင်း ၇၀၀၀ ကျော် ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်။ ပြီးခဲ့သည့် မေလအစောပိုင်းအထိ အဆိုပါ ရွှေ့ပြောင်းဒုက္ခသည် များထဲမှ ၂၉၀၀ ကျော်မှာ မိမိတို့ နေရပ်သို့ ပြန်လည် အခြေချနေ ပြီ ဖြစ်သည်ဟု ဆိုသည်။

From....EMG

No comments:

Post a Comment