Wednesday, July 17, 2013

သမ္မတ အနေဖြင့် နှစ်မကုန်မီ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည်ဟု ပြောကြားမှုကို တည်ကြည်စွာနှင့် စောင့်ထိန်းမည်ဟု မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားများ နှစ်မကုန်မီ လွှတ်ပေးမည်ဟု ပြောကြားမှုကို ကြိုဆိုကြောင်းနှင့် သမ္မတအနေဖြင့် ၎င်း၏ပြောကြားမှုကို တည်ကြည် စွာနှင့် စောင့်ထိန်းမည်ဟု မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များက ပြော ကြားသည်။        
    
"ဒီနှစ်မကုန်ခင် မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ လုံးဝမရှိစေ ရတော့ဘူးဆိုတာ ကျွန်တော့်အနေနဲ့ အာမခံနိုင်ပါတယ်" ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင် ၁၅ ရက်က လန်ဒန်မြို့ ၊ Chatham House ပညာရှင်များအဖွဲ့နှင့် တွေ့ဆုံရာတွင် ပြောကြားသည်။
နိုင်ငံရေး အကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က "ဒီနှစ်မကုန်ခင် နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံး လွှတ်ပေးမယ်ဆိုတာအပြင် နောက်ပိုင်းမှာ ယုံကြည်ချက်ကြောင့် ကျတဲ့ အကျဉ်း သားတွေလည်း မရှိစေရတော့ဘူးလို့လည်း ပါတယ်။ သမ္မတကိုယ်တိုင် က ပြော တယ်။ ပြောတဲ့ အခါမှာလည်း ပြည်တွင်းမှာပြောတာ မဟုတ်ဘူး။ ကမ္ဘာမှာ တက်ပြောတာ ဖြစ်တယ်။ နှစ်ခုလုံးကို ကြိုဆို တယ်။ ၀မ်းလည်းဝမ်းသာတယ်" ဟု ပြောကြားသည်။
အစိုးရသစ် လက်ထက်တွင် နိုင်ငံရေး အကျဉ်းသားများ ပါဝင်သည့် အကျဉ်းသား လွှတ်ပေးမှုများ ရှိသော်လည်း ထိုသို့လွှတ်ပေးရာတွင် မြန်မာနိုင်ငံမှ အစိုးရ ခေါင်းဆောင်များ နိုင်ငံတကာသို့ သွားရောက် သည့်အချိန်နှင့် နိုင်ငံတကာမှ ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ လာရောက်သည့်အချိန်များနှင့် တိုက်ဆိုင်နေသည့်အတွက် အစိုးရသည် နိုင်ငံရေးအရ အကျဉ်းသားများကို အသုံးချနေသည် ဟု ဝေဖန်မှု များ ရှိခဲ့သည်။
"နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမယ် ပြောတဲ့အတွက် ၀မ်းသာသော်ငြားလည်း ၀မ်းသာမှုနဲ့အတူ သံသယတွေ အများကြီးရှိတယ်လို့ ပြောချင်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေး မယ်လို့ ပြော တာ ဒီအစိုးရ လက်ထက်မှာ အကြိမ်ပေါင်းများပါပြီ။ လွှတ်ပေးတဲ့အခါတိုင်း သူတို့ရဲ့ အကျိုး စီးပွားတွေနဲ့ ဆက်စပ်နေတယ်။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့က နိုင်ငံရေး အကျဉ်း သားတွေ လွှတ်တာဟာ နိုင်ငံရေး ကစားသလို၊ ပြန်ပေးဆွဲသလို လုပ်နေတယ်လို့  ပြောခဲ့တာတွေရှိ တယ်။ သံသယတွေအများကြီးရှိနေတဲ့ ကျွန်တော်တို့ရဲ့ သံသယတွေ ရှင်းအောင်၊ သံသယတွေ နောင် လည်း မရှိအောင် သမ္မတကြီး အနေနဲ့ သူ့ပြောတဲ့စကားကို တည်ကြည်စွာ နဲ့ စောင့်ထိန်းမယ်လို့ မျှော်လင့်ပါ တယ်" ဟု ဟံသာဝတီ ဦးဝင်းတင်က ဆက်လက်ပြောကြားသည်။
"နိုင်ငံတော် သမ္မတရဲ့ပြောကြားမှုအပေါ် ၀မ်းသာကြိုဆိုပါတယ်။ လက်တွေ့ဖြစ်မြောက်အောင် လုပ်ဖို့လို အပ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ မရှိဖို့ဆိုတာ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွှယ် သူတွေ ကို နောက်ထပ်မဖမ်းဖို့လည်း လိုအပ်ပါတယ်။ နိုင်ငံရေး ပုဒ်မတွေနဲ့ ဖမ်းဆီးမှုတွေ တရားစွဲ ဆိုမှုတွေ ရှိနေသေးတဲ့အတွက် ဒါမျိုးတွေမလုပ်ဖို့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်" ဟု နိုင်ငံရေး အကျဉ်း သားဟောင်းများ အဖွဲ့မှ ဦးရဲအောင်က ပြောကြားသည်။

From....EMG

No comments:

Post a Comment