Saturday, July 20, 2013

၂၀၁၂ ခုနှစ် တရုတ် အစိုးရ အရာရှိများ အသုံးစရိတ် လျော့ကျ

Photo: ၂၀၁၂ ခုနှစ် တရုတ်အစိုးရ အရာရှိများ အသုံးစရိတ် လျော့ကျ
Saturday, 20 July 2013

တရုတ်အစိုးရ အရာရှိများ၏၂၀၁၂ ခုနှစ် အသုံးစရိတ်သည် ယခင်နှစ်က
ထက် လျော့နည်းကြောင်း တရုတ် ဗဟို အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ချက်
များကို ကိုးကားပြီး Xinhua သတင်းတွင် ဖော်ပြ ထားသည်။

နိုင်ငံခြား ခရီးစဉ်များ၊ လုပ်ငန်းသုံး မော်တော်ယာဉ်များ၊ ဧည့်ခံပွဲများအတွက် အသုံးပြုမှုသည် ၇ ဒသမ ၄၃ ဘီလီယံ ယွမ် ( အမေရိကန်ဒေါ်လာ သန်း ၁၂၀၀) ထိ လျော့ကျခဲ့ပြီး အသုံးပြုခွင့် ပေးထားသည့် ငွေပမာဏအောက် ယွမ်ငွေ ၅၅၉ သန်း လျော့နည်းနေသည်။

တရုတ် အစိုးရအဖွဲ့က ငွေကြေး ထောက်ပံ့ထားသော နိုင်ငံခြား ခရီးစဉ်
များအတွက် ကုန်ကျစရိတ် သည် ၁ ဒသမ ၉၅ ဘီလီယံ ယွမ်ငွေ ရှိသည်။

အစိုးရ ဌာနများ၏ အသုံးစရိတ်များ ထုတ်ပြန်ရာတွင် အစောဆုံး ထုတ်ပြန်ခဲ့သည့် တရုတ် မိုးလေဝသ ဦးစီးဌာန၏ အသုံးစရိတ်မှာ ယွမ်ငွေ ၂၀၇ ဒသမ ၇ သန်းရှိပြီး ခွင့်ပြုပေးထားသော အသုံးစရိတ်၏ ၉၈ ဒသမ ၃ ရာခိုင်နှုန်းသာ သုံးခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရ ဝန်ကြီးဌာနများ၏ အသုံးစရိတ်များ ပွင့်လင်း မြင်သာမှုရှိရန်
ပြည်သူများက တိုးမြှင့် တောင်းဆိုလာကြခြင်းကြောင့် အစိုးရဌာန အသုံးစရိတ်များကို တရားဝင် ထုတ်ပြန်ရမည်ဟု ၂၀၁၁ ခုနစ်မှစ၍ အမိန့် ထုတ်ပြန်လိုက်သည်။

ယခုနှစ် အစိုးရ ဌာနများ၏ အသုံးစရိတ် စာရင်း ထုတ်ပြန်မှုသည် ယခင်နှစ်
များက ထက်ပိုမို အသေးစိတ်ကျကြောင်း Xinhua သတင်းတွင် ဖော်ပြ
ထားသည်။

“ပိုမို အသေးစိတ်ပြီး အချက်အလက်စုံလို့ အစိုးရ အသုံးစရိတ်နဲ့ ပတ်သက်ပြီး ပြည်သူတွေ ပိုနားလည် မှာပါ” ဟု ပီးကင်း တက္ကသိုလ် ဘဏ္ဍာရေး ဥပဒေ ဌာနမှူး ဂျီရန်ဝန်က ပြောကြားသွားသည်။

အစိုးရ အသုံးစရိတ် သုံးမျိုး( နိုင်ငံခြားခရီးစဉ်၊ မော်တော်ယာဉ်၊ ဧည့်ခံပွဲ) ကို တရားဝင် ထုတ်ပြန်ရန် ဇူလိုင်လ ၁၀ ရက်နေ့၌ တရုတ် နိုင်ငံတော် ကောင်စီ
က ထုတ်ပြန်လိုက်ပြီး ၂၀၁၃ ခုနှစ်မှ စ၍ ပြည်နယ် အစိုးရအဖွဲ့ အသုံးစရိတ်၊ ၂၀၁၅ ခုနှစ်မှစ၍ မြူနီစီပယ် အစိုးရ အသုံးစရိတ်များကို ထုတ်ပြန်ရမည်
ဖြစ်သည်။ ထို့အပြင် ဗဟို အစိုးရ ဌာနများ၏ အသုံးစရိတ်ကို ၂၀၁၃
ခုနှစ်တွင်း ၅ ရာခိုင်နှုန်း လျှော့ချ အသုံးပြု သွားရန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဇူလိုင် ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ တရုတ် အရာရှိများ ငွေကြေး သုံးစွဲမှု လျှော့ချနေခြင်းကြောင့် ၂၀၁၃ ခုနစ် ပထမ ခြောက်လအတွင်း အရည်အသွေးမြင့် အရက်သေစာ
ရောင်းချမှုနှင့် စားသောက်ဆိုင်များ၏ ဝင်ငွေများ လျော့နည်းလာကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

အစိုးရအဖွဲ့ အသုံးစရိတ်များ တရားဝင် ထုတ်ပြန်မှုမှ တစ်ဆင့် ဘတ်ဂျက် အသုံးစရိတ် ထုတ်ပြန်မှုနှင့် အစိုးရ တစ်ရပ်လုံး ပွင့်လင်း မြင်သာရှိမှုအထိ တိုးတက် ရောက်ရှိနိုင်ကြောင်း ဂျီရန်ဝန်က မှတ်ချက် ပြုသည်။

The Voice Weekly
တရုတ်အစိုးရ အရာရှိများ၏၂၀၁၂ ခုနှစ် အသုံးစရိတ်သည် ယခင်နှစ်ကထက် လျော့နည်းကြောင်း တရုတ် ဗဟို အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ချက်များကို ကိုးကားပြီး Xinhua သတင်းတွင် ဖော်ပြ ထားသည်။
နိုင်ငံခြား ခရီးစဉ်များ၊ လုပ်ငန်းသုံး မော်တော်ယာဉ်များ၊ ဧည့်ခံပွဲများအတွက် အသုံးပြုမှုသည် ၇ ဒသမ ၄၃ ဘီလီယံ ယွမ် ( အမေရိကန်ဒေါ်လာ သန်း ၁၂၀၀) ထိ လျော့ကျခဲ့ပြီး အသုံးပြုခွင့် ပေးထား သည့် ငွေပမာဏအောက် ယွမ်ငွေ ၅၅၉ သန်း လျော့နည်းနေသည်။

တရုတ် အစိုးရအဖွဲ့က ငွေကြေး ထောက်ပံ့ထားသော နိုင်ငံခြား ခရီးစဉ်များအတွက် ကုန်ကျစရိတ် သည် ၁ ဒသမ ၉၅ ဘီလီယံ ယွမ်ငွေ ရှိသည်။

အစိုးရ ဌာနများ၏ အသုံးစရိတ်များ ထုတ်ပြန်ရာတွင် အစောဆုံး ထုတ်ပြန်ခဲ့သည့် တရုတ်မိုးလေဝသ ဦးစီးဌာန၏ အသုံးစရိတ်မှာ ယွမ်ငွေ ၂၀၇ ဒသမ ၇ သန်းရှိပြီး ခွင့်ပြုပေးထားသော အသုံးစရိတ်၏ ၉၈ ဒသမ ၃ ရာခိုင်နှုန်းသာ သုံးခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရ ဝန်ကြီးဌာနများ၏ အသုံးစရိတ်များ ပွင့်လင်းမြင်သာမှုရှိရန် ပြည်သူများက တိုးမြှင့် တောင်း ဆို လာကြခြင်းကြောင့် အစိုးရဌာန အသုံးစရိတ်များကို တရားဝင် ထုတ်ပြန်ရမည်ဟု ၂၀၁၁ ခုနစ်မှစ၍ အမိန့် ထုတ်ပြန်လိုက်သည်။

ယခုနှစ် အစိုးရ ဌာနများ၏ အသုံးစရိတ် စာရင်း ထုတ်ပြန်မှုသည် ယခင်နှစ်များက ထက်ပိုမို အသေးစိတ် ကျကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

“ပိုမို အသေးစိတ်ပြီး အချက်အလက်စုံလို့ အစိုးရ အသုံးစရိတ်နဲ့ ပတ်သက်ပြီး ပြည်သူတွေ ပိုနားလည် မှာပါ” ဟု ပီးကင်း တက္ကသိုလ် ဘဏ္ဍာရေး ဥပဒေ ဌာနမှူး ဂျီရန်ဝန်က ပြောကြားသွားသည်။

အစိုးရ အသုံးစရိတ် သုံးမျိုး( နိုင်ငံခြားခရီးစဉ်၊ မော်တော်ယာဉ်၊ ဧည့်ခံပွဲ) ကို တရားဝင် ထုတ်ပြန်ရန် ဇူလိုင်လ ၁၀ ရက်နေ့၌ တရုတ် နိုင်ငံတော် ကောင်စီက ထုတ်ပြန်လိုက်ပြီး ၂၀၁၃ ခုနှစ်မှ စ၍ ပြည်နယ် အစိုးရအဖွဲ့ အသုံးစရိတ်၊ ၂၀၁၅ ခုနှစ်မှစ၍ မြူနီစီပယ် အစိုးရ အသုံးစရိတ်များကို ထုတ်ပြန်ရမည် ဖြစ် သည်။ ထို့အပြင် ဗဟို အစိုးရ ဌာနများ၏ အသုံးစရိတ်ကို ၂၀၁၃ ခုနှစ်တွင်း ၅ ရာခိုင်နှုန်း လျှော့ချ အသုံးပြု သွားရန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဇူလိုင် ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ တရုတ်အရာရှိများ ငွေကြေး သုံးစွဲမှု လျှော့ချနေခြင်းကြောင့် ၂၀၁၃ ခုနစ် ပထမ ခြောက်လ အတွင်း အရည်အသွေးမြင့် အရက်သေစာရောင်းချမှုနှင့် စားသောက်ဆိုင်များ၏ ဝင်ငွေများ လျော့နည်း လာကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

အစိုးရအဖွဲ့ အသုံးစရိတ်များ တရားဝင် ထုတ်ပြန်မှုမှ တစ်ဆင့် ဘတ်ဂျက် အသုံးစရိတ် ထုတ်ပြန်မှုနှင့် အစိုးရ တစ်ရပ်လုံးပွင့်လင်းမြင်သာရှိမှုအထိ တိုးတက်ရောက်ရှိနိုင်ကြောင်း ဂျီရန်ဝန်က မှတ်ချက် ပြု သည်။
The Voice Weekly

No comments:

Post a Comment