Wednesday, July 31, 2013

တရုတ်နိုင်ငံ တစ်ဝန်း အပူလှိုင်း ကျရောက်


ရှန်ဟိုင်းရဲ့ အပူချိန်ဟာ နှစ်ပေါင်း ၁၄၀ ကျော်အတွင်း အမြင့်မားဆုံး အခြေအနေကို ရောက်ရှိနေ။ (Credit: AFP) 
တရုတ်နိုင်ငံ ​တစ်ဝန်း ​အပူလှိုင်း ​ကျရောက်မှုတွေ ​ဆက်လက်ဖြစ်ပွားနေပြီး ​ရှန်ဟိုင်းမြို့ရဲ့ ​ဇူလိုင်လ ​အပူ ချိန်ဟာ ​အမြင့်ဆုံး ​အခြေအနေကို ​ရောက်နေပါတယ်။
ပြီးခဲ့တဲ့ ​တပတ် အတွင်း ​အပူချိန်ဟာ ​၃၈ ​ဒီကရီ ​စင်တီဂရိတ် ​အထက်မှာပဲ ​ရှိနေခဲ့ပြီး ​ဒါဟာ ​နှစ်ပေါင်း ​၁၄၀ ​အတွင်း ​ရှန်ဟိုင်းမြို့ရဲ့ ​အပူဆုံး ​အခြေ ​အနေကို ​ရောက်ရှိ ​နေတာ ​ဖြစ်ပါတယ်။
အခု ​အဖြစ်အပျက်ကြောင့် ​လူ ​၂ ​ဦး ​သေဆုံးပြီး ​အများ ​အပြား ​ဆေးရုံ ​တင်ထား ​ရတယ်လို့ဒေသတွင်း ​မီဒီယာတွေက ​ဆိုပါတယ်။
ရှန်ဟိုင်းမြို့နေ ​ပြည်သူ ​တွေဟာ ​အပူဒဏ်က ​သက်သာဖို့လေအေးစက် ​တပ်ဆင် ​ထားတဲ့ ​မြေအောက် ​ရထားဘူတာတွေ မှာ ​စုဝေးပြီး ​နေကြရပေမယ့် ​အပူ​ချိန် ​မြင့်မားလွန်းတာကြောင့် ​လေအေး​ပေး စက်တွေ ဟာလည်း ​ထိထိ ​ရောက်ရောက် ​မရှိလှဘူးလို့တရုတ် ​အာဏာပိုင်တွေက ​ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ​ပြည်နယ်ပေါင်း ​၁၉ ​ခု ​နဲ့မြို့ကြီးတွေ ​အတော်များများမှာ ​နွေရာသီရဲ့ ​ပြင်းထန်တဲ့ ​အပူ ဒဏ် ကို ​ခံစားနေကြရပါတယ်။
ပြီးခဲ့တဲ့ ​နှစ် ​၂၀၁၂ ​ခုနှစ်တုန်းက ​သြစတြေးလျနိုင်ငံမှာလည်း ​အပူချိန်ဟာ ​၃၉ ​ဒီကရီစင်တီဂရိတ် အထက်မှာ ​၇ ​ရက်ဆက်တိုက် ​ရှိနေခဲ့ပါတယ်။

ABC Radio

No comments:

Post a Comment