Monday, July 22, 2013

သုံးပွင့်ဆိုင် ပြဿနာကြားက ရုန်းထွက်နိုင်ရန် မိုရက်စ် ကြိုးပမ်းရဖွယ်ရှိ

မန်ယူ နည်းပြသစ် ဒေးဗစ်မိုရက်စ်သည် ဝိန်းရွန်းနီ၊ ဖာဘရီဂက်စ်နှင့် ခရစ္စတီယာနိုရော်နယ်ဒို တို့၏ သုံးပွင့်ဆိုင် ပြဿနာကြားတွင် ဆက်လက် ရုန်းကန် ကြိုးပမ်းရလိမ့်မည်ဖြစ်ကြောင်း The Sun ဝက်ဘ် ဆိုက်တွင် ဖော်ပြ ထားသည်။

ဒေးဗစ်မိုရက်စ်အနေနှင့် ယခုအခါတွင် ချယ်လ်ဆီး၊ ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ် အသင်းတို့၏ အိပ်မက်ဆိုးအတွင်းသို့ ရောက်ရှိနေချိန် လည်း ဖြစ်သည်။

မန်ယူအသင်းသည် ပြောင်းရွှေ့ကြေးများစွာ သုံးစွဲခွင့် ရရှိထားသဖြင့် ရီးရဲလ်အသင်းမှ ကစား သမား ဟောင်းဖြစ်သူ ရော်နယ်ဒို ကို ပြန်လည် ခေါ်ရန် ကြိုးပမ်းမှုမှာလည်း အရာမဝင် ဖြစ်နေသည့် အပြင် ဘာစီလိုနာ ကစားသမား ဖာဘရီဂတ်စ်ကို ခေါ်ယူရန် ပေါင် သန်း ၃၀ ဖြင့် ကမ်းလှမ်းမှုကိုလည်း လာလီဂါ ချန်ပီယံက ရောင်းချလိုခြင်း မရှိပေ။ ယင်းအပြင် ချယ်လ်ဆီးအသင်းကလည်း ရွန်းနီကို ပေါင် ၂၄ သန်းဖြင့် တရားဝင် ကမ်းလှမ်းမှုများ ပြုလုပ်နေခြင်းကြောင့် မန်ယူနည်းပြ အခက်တွေ့နေခြင်း ဖြစ် သည်။

နည်းပြ အန်ဆလော့တီသည် ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုကို အသင်းတွင် စာချုပ် သက်တမ်း တိုးကာ ဆက်နေနိုင်အောင် သွေးဆောင်နိုင် လိမ့်မည်ဟု ရီးရဲလ် အသင်းက ယုံကြည်နေသည်။

BBC သတင်းထောက် ရော့ဘက်စလေက “ဒီနေရာမှာတော့ မိုရက်စ်သာ ဖာဘရီဂက်စ်ကို ဝယ်လို့ ရသွားရင် ရွန်းနီကို မော်ရင်ညိုဆီ ပို့မှာပါ။ မရခဲ့ရင်တော့ ရောင်းဖြစ်မှာ မဟုတ်ပါဘူး” ဟု ခန့်မှန်း ပြောဆို ခဲ့သည်။

ဘာစီလိုနာ အနေနှင့် အသက် ၂၆ နှစ်အရွယ် စပိန်လက်ရွေးစင်ကို လောလောဆယ် ရောင်းချရန် အစီ အစဉ်မရှိသော်လည်း ကင်ဆာ ဝေဒနာအခြေအနေကြောင့် ဘာကာနည်းပြအဖြစ်မှ ရုတ်တရက် နုတ် ထွက်သွားသည့် နည်းပြ ဗီလာနိုဗာ၏ နေရာတွင် အစားဝင်မည့် နည်းပြသစ်၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်နေပြီ ဖြစ် သည်။

ကြယ်စင်စုများ စုဝေးရာ အသင်းအဖြစ် ဖွဲ့စည်းထားသည့် ရီးရဲလ် နည်းပြ အန်ဆလော့တီက “ရော်နယ်ဒိုဟာ ပါရမီရှင်ပါ။ ဒီကလပ်မှာ ကစားသမားတွေဟာ သူတို့ ဘယ်လောက် စွမ်းဆောင်နိုင်ပြီး တန်ဖိုးရှိတယ် ဆိုတာကို အရေးကြီးဆုံး အရာလို့ တန်ဖိုးထားကြလို့ပါ” ဟု ဆိုခဲ့သည်။

ထို့ကြောင့် မိုရက်စ်သည် မန်ယူအသင်းအား စတင် ကိုင်တွယ်ပြီးနောက် အသင်းအတွက် လိုအပ်နေ သည့် ကစားသမားများကို မခေါ်ယူနိုင်ခဲ့သလို ရွန်းနီကြောင့် ဖြေရှင်းရမည့် ပြဿနာများလည်း ရှိနေခြင်း ဖြစ်သည်။
The Voice

No comments:

Post a Comment