Monday, July 22, 2013

လူငယ်တွေ အိမ်ထောင်ပြုတော့ မယ်ဆိုရင် . . .

ငယ်ရွယ်သူတွေ၊ အထူးသဖြင့် အသက် ၁၈ နဲ့ ၂၅ ကြားလူငယ်တွေ အိမ်ထောင်ပြုတော့မယ်ဆိုရင် စဉ်း စားစရာ ရှိပါတယ်။
သေသေချာချာ စဉ်းစားဖို့လည်း လိုအပ်ပါလိမ့်မယ်။

အောက်က အချက်တွေက သဘောမတူ သူရှိသလို၊ သဘောတူသူတွေလည်း ရှိပါလိမ့်မယ်။ ဒါတွေဟာ အမြဲတမ်းမှန်တဲ့ အမှန်တရားတွေတော့ မဟုတ်ပါဘူး။ အဆင်မပြေဘူးထင်တဲ့ အချက်တွေကို ကျော် သွားနိုင်သလို တည့်တည့်တိုးမဲ့အချက်တွေလည်း ပါပါလိမ့်မယ်။ အားလုံး ၁၄ ချက်ရှိပါတယ်။ မဇ္ဈိမ က နေ့စဉ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ အခြေ မကျပါစေနှင့်။

ပထမဆုံး ပြောချင်တာကတော့ အခြေမကျပါစေနဲ့။ ဒီအဓိပ္ပါယ်ကတော့ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကို ယူဆောင်သွားမဲ့လူမျိုး၊မျှော်လင့်ချက်မဲ့သွားစေမဲ့ လူမျိုးနဲ့ ဘယ်တော့မှ အခြေတကျ ရည်းစားထားပြီး အိမ်ထောင်ပြုဖို့အထိ အခြေမချမိပါစေနဲ့။ နောက်တစ်ခုက လောလောလတ်လတ် အိမ်ထောင်ပြု လိုက်ရ တာမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့။ ဒီလိုသာ လုပ်လိုက်မယ်ဆို ရင်တော့ နှစ်ယောက် ကြားမှာ ဘယ်တော့မှ မပေါ်လာဘူးလို့ ထင်ထားတဲ့ ပြဿနာတွေ အစုလိုက် အပြုံလိုက် ရောက်လာတော့မှာပါပဲ။

မဇ္ဈိမ

No comments:

Post a Comment