Saturday, July 13, 2013

သမ္မတအိမ်တော်၌ ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ အစည်းအဝေးကြောင့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အစီအစဉ် တစ်ဝက်တွင် ရပ်နား

၂၀၁၃ ခုနှစ် ဇူလိုင် ၁၂ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအား လျာထား အစီအစဉ်များ မပြီးဆုံးမီ နေ့တစ်ဝက်ဖြင့် ရပ်နားခဲ့သည်။
သမ္မတအိမ်တော်၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ အစည်းအဝေး ရှိသဖြင့် ယင်း အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ပြည် သူ့ လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းတို့တက်ရောက်မည် ဖြစ်သောကြောင့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအား အစီအစဉ် တစ်ဝက်တွင် ရပ် ဆိုင်းခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။
ပြည်ထောင်စု လွှတ်တော်မှဖွဲ့စည်းထားသော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု များကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ တင်သွင်းခဲ့ပြီးသော အစီရင် ခံစာများနှင့် စပ်လျဉ်း၍ ဆောလျင်စွာ အရေးယူဖြေရှင်း ဆောင်ရွက်ပေးရန် အတွက် ဆက်စပ် သည့် ကော်မရှင်၏ အစီရင်ခံစာ အပိုင်း(၁)နှင့် အပိုင်း(၂)တို့အား အတည်ပြုရန် ဇူလိုင် ၁၁ ရက် ကျင်းပသော ပြည်ထောင်စု လွှတ်တော်၌ လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦးက ဆွေးနွေးရန် စာရင်းပေး လျာထားသော်လည်း အချိန်မလုံလောက် သဖြင့် ၁၅ ဦးသာ ဆွေးနွေးနိုင်ခဲ့သည်။ ထို့ကြောင့် ဇူလိုင် ၁၂ ရက်တွင် ယင်းအဆိုအား ဆွေးနွေးရန် ကျန်ရှိနေသည့် ကိုယ်စားလှယ် ၂၈ ဦးက ဆက်လက်ဆွေးနွေးရာ ကိုယ်စားလှယ် ခုနစ်ဦး ဆွေးနွေးအပြီး မွန်းတည့် ၁၂ နာရီခန့်တွင် လွှတ်တော် အစည်းအဝေးအား ရပ်နားကြောင်းနှင့် ဇူလိုင် ၁၅ ရက်၌ ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ကြေညာသည်။

လွှတ်တော် ကိုယ်စားလှယ် အချို့အား မေးမြန်းရာတွင် ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ အစည်းအဝေးလုပ်ရန် ရှိသဖြင့် ရပ်နားခြင်း ဖြစ်နိုင်ကြောင်း ပြောကြား ကြသဖြင့် နိုင်ငံတော် သမ္မတရုံးသို့ အတည်ပြု မေးမြန်းရာတွင် သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို ကော်မတီ အစည်းအဝေး ရှိကြောင်း အတည်ပြု...


ထိုသို့ လွှတ်တော်နေ့တစ်ဝက် ရပ်နားခဲ့မှုအပေါ် လွှတ်တော်ကိုယ်စားလှယ် အချို့အား မေးမြန်းရာ တွင် ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ အစည်းအဝေးလုပ်ရန်ရှိသဖြင့် ရပ် နားခြင်း ဖြစ်နိုင်ကြောင်း ပြော ကြားကြသဖြင့် နိုင်ငံတော် သမ္မတရုံးသို့ အတည်ပြု မေးမြန်းရာတွင် သမ္မတရုံး တာဝန်ရှိသူ တစ်ဦး က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို ကော်မတီ အစည်းအဝေး ရှိကြောင်း အတည်ပြု ပေး ခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် သမ္မတ ဦးသိန်းစိန်၊ အဖွဲ့ဝင် များအဖြစ် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ နယ်စပ်ရေးရာ ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်နှင့် အတွင်းရေးမှူး အဖြစ် နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းက တာဝန်ယူ ဆောင် ရွက်နေခြင်း ဖြစ်သည်။

From...EMG

No comments:

Post a Comment