မီးသတ် တာဝန်ရှိသူများနှင့် ဒေသခံများ ၀ိုင်းဝန်းငြိမ်းသတ်နေကြစဉ်
မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်တွင် ဇူလိုင် ၁၂ ရက်
ညနေပိုင်းက လူနေအိမ် ၁၁ လုံးနှင့် စပါး ဂိုဒေါင်နှစ်လုံး မီးလောင်ကျွမ်းမှု
ဖြစ်ပေါ်ခဲ့သည်။
''မီးလောင်တဲ့ နေရာက လမ်းတွေကျဉ်းနေတော့ မီးသတ်ကား အလွယ်တကူ
ဝင်ငြိမ်းဖို့ အခက်အခဲရှိနေလို့ မီးက မကြီးသင့်ဘဲ ကြီးသွားတာ'' ဟု
သစ်ချိုကုန်း ကျေးရွာတွင် နေထိုင်သူ တစ်ဦးက ဆိုသည်။
အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် ၁၁ လုံး၊ စပါးဂိုဒေါင် နှစ်လုံးနှင့် စပါးတင်း ၃၀၀၀ မီးလောင်ကျွမ်း ဆုံးရှုံး ခဲ့သည်။
မီးလောင်ကျွမ်းသည့် အကြောင်းရင်းအား စုံစမ်းစစ်ဆေးလျက် ရှိကြောင်း၊
မီးလောင်မှု ဖြစ်စဉ်အား ပုသိမ်ကြီး မြို့နယ် ရဲစခန်းမှ (ပ) ၁၁၉/ ၂၀၁၃ ဖြင့်
အရေးယူ ဆောင်ရွက်ထားရှိကာ မီးလောင်ရာသို့ မီးသတ်ယာဉ် ၄၃ စီး၊ သန္ဓေအင်အား ၄၀
ဦးနှင့် အရန်အင်အား ၂၀၀ ဦးတို့မှ မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
From...
No comments:
Post a Comment