Wednesday, July 31, 2013

သြဂုတ်လအတွက် (၇) ရက်သားသမီး ဟောစာတမ်း

သြဂုတ်လအတွက် (၇) ရက်သားသမီး ဟောစာတမ်းတနင်္ဂနွေ ။   ။ မိတ်ဆွေ၏ ဂတိပျက်သစ္စာမဲ့မှုကြောင့် လုပ်ငန်းများ အဆင်မပြေဖြစ်မည်။ မျက်နှာပျက်ရမည်။ မမျှော်လင့်ဘဲ ငွေကြေးအကြပ် အတည်း အနည်းငယ်တွေ့မည်။ မြေ၊ အမွေ ကိစ္စများ ဝင်ရောက် စွက် ဖက်ခြင်းကို ရှောင်ပါ။ ငယ်ရွယ်သူများ ပညာရေး ကံမကောင်းပါ။ ငွေ ကုန်ကျခံမှ အဆင်ပြေမည်။ ခေါင်းကိုက်ဝေဒနာ ခံစားရလိမ့်မည်။ ခရီးသွားရင်း ချစ်သူတွေ့လိမ့်မည်။

ယတြာ ။ ။ အုန်းရည် (၆)ခွက်ကို မိမိအိမ်၏ အနောက်ဘက် လူသွား လမ်းတွင် သွန်ပစ်ပါ။
တနင်္လာ ။ ။ ငွေကြေးလုပ်ငန်း၊ ကျောက်၊ ကွန်ပျူတာ လုပ်ငန်းများ အထူးအဆင်ပြေမည်။ သို့သော် တနင်္ဂနွေ သားသမီးကို ရှောင်ပါ။ လုံးဝစပ်တူ မလုပ်ပါနှင့်။ ငွေဝင်မည့် ခရီးလမ်းမျိုး သွားရလိမ့်မည်။ ချစ်သူဝိုင်းဝိုင်းလည် နေမည်။ ချစ်သူ၏ အလိုလိုက် ခံရသော သူဖြစ် မည်။ ရွှေ၊ ထီး၊ နာရီဝင်လျှင် မကောင်းပါ။ ဝမ်းဗိုက်နှင့် ပက်သက်သော ဝေဒနာ ခံစားရနိုင်သည်။
ယတြာ ။ ။ မွေးနေ့တွင် ကလေးများကို ငါးမုန့်ကြော် ဝေပေးပါ။
အင်္ဂါ ။ ။ ဆန်၊ ဆီ၊ စက်၊ ဆေး စားသောက်ကုန် လုပ်ငန်းများ အထူးအဆင်ပြေမည်။ မိတ်ဆွေနှင့် စပ်တူ လုပ်ခြင်းကြောင့် လုပ်ငန်းများ အထူးအောင်မြင်မည်။ မမျှော်လင့်ဘဲ ငွေဝင်လာပါက ၇ . ၃ . ၆ ပါသော ဂဏာန်းများနှင့် ထီကံစမ်းပါ။ ရေလမ်းခရီးသွားခြင်းကို ရှောင်ပါ။ ညာဘက်လက်တွင် ထိခိုက်ဒဏ်ရာရ တတ်သည်။ နားငြီးအောင် စကားများသော ချစ်သူနှင့် ဖူးစာဆုံလိမ့်မည်။
ယတြာ ။ ။ မွေးနေ့ဘုရားထောင့်တွင် နှင်းဆီပန်း ၈ ပွင့်လှူပါ။
ဗုဒ္ဓဟူး ။ ။ လုပ်ငန်းအသစ်များ မစွန့်စား သင့်သေးပါ။ ပညာရေး၊ ငွေကိစ္စ၊ အမွေကိစ္စနှင့်ပက်သက်ပြီး စိတ်ညစ်စရာ ကြုံတွေ့နိုင်သည်။ အိမ်ထောင်ရှင် ယောင်္ကျားများ မိန်းမကိစ္စကြောင့် ဂုဏ်သိက္ခာကျ စရာ ဖြစ်လိမ့်မည်။ ဝင်ငွေ ထွက်ငွေမျှတသော လဖြစ်သည်။ ငွေချေးခြင်း ကြွေးပေးခြင်း လုပ်ငန်းများ ခဏရပ်ထားပါ။ ငယ်ရွယ်သူများ ချစ်သူနှင့် ကတောက်ကဆ ဖြစ်မည်။
ယတြာ ။ ။ မွေးနေ့နံနက်တွင် သံဃာတော် တစ်ပါအား ဝက်သားဟင်းလောင်းလှူပါ။
ကြသပတေး ။ ။ စပ်တူလုပ်ငန်းများ အကျိုးပေးသော လ ဖြစ်သည်။ မြေ၊ ပညာရေး၊ ပဲ ၊ ပေါင်မုန့် လုပ်ငန်းများ အကျိုးပေးမည်။ အိမ်၊ အဆောက်အဦး အုပ်ချုပ်ရေး လုပ်ငန်းလုပ်သူများ သတိထား ပါ။ ငွေကြေးနှင့် ပက်သက်ပြီး စိတ်ချမ်းသာမှု့ ရမည်။ ငယ်ရွယ်သူများ သင်ချစ်နေသောသူကို ချစ်ခွင့် ပန်ပါ။ အဆင်ပြေလိမ့်မည်။ ချစ်သူအသစ်ရလိမ့်မည်။ ဦးခေါင်း နှင့် ပတ်သကပြီး ထိခိုက်ဒဏ်ရာရ တတ်သည်။ သတိထားပါ။
ယတြာ ။ ။ တာအိုးတစ်လုံးအတွင်းသို့ အုန်းရွက် ၆ ရွက်ထည့်ပြီး ရေစီးသော ချောင်းအတွင်း သို့ မျှောပေးပါ။
သောကြာ ။ ။ ယခုလအတွင်း ခရီးသွားလုပ်ငန်း ဟိုတယ်များ အထူးအဆင်ပြေမည်။ ဆန်၊ ဆီ၊ ဆေး၊ စက် လုပ်ငန်းများ အကျိုးမပေးပါ။ ပညာရေး ၊ မြေ၊ ပဲ ၊ လုပ်ငန်းများ အနည်းငယ်သာ အဆင်ပြေ မည်။ ငွေ ဝင်သလောက် ပြန်ထွက်ရမည့် လ ဖြစ်သည်။ ပညာတတ် တယူသန် တစ်ဇွက်ထိုး သမားများ ကို သတိထားပြီး ပေါင်းပါ။ မျက်နှာပျက်စရာ ကြုံတွေ့နိုင်သစည်။ စက်ပစ္စည်းကြောင့် စိတ်ညစ်ရလိမ့်မည်။ ငယ်ရွယ်သူများ ချစ်ကံခေသော လ ဖြစ်သည်။
ယတြာ ။ ။ သင်္ဘောသီးတစ်လုံးကို သီလရှင်အား မွေးနေ့တွင် လှူပါ။
စေန ။ ။ အစိုးရ အမှုထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ အထက်လူကြီး၏ အရေးပေးခြင်းကို ခံရမည်။ ထီ၊ ထီး၊ နာရီ၊ ဆန်၊ စက်၊ ဆေး ပစ္စည်းများ ရောင်းဝယ်ဖောက်ကားလျှင် အကျိုးပေးမည်။ ထီပေါက်ကိန်း ရှိသည်။ ၇ . ၄ . ၃. ၆ ဂဏာန်းများနှင့် ထီထိုးပါ။ ခရီးသွားခြင်းကို လုံးဝရှောင်ပါ။ ငွေကြေးနှင့် ပက်သက်ပြီး မိမိကို အထင်လွဲခြင်း ငေါချေးပြီး ပြန်မစပ်သူများနှင့် စကားများရလိမ့်မည်။ ငယ်ရွယ်သူများ ချစ်သူ၏ စွန့်ပစ်ခြင်းကို ခံရလိမ့်မည်။ ချစ်ရေး ကံမကောင်းသော လဖြစ်သည်။ ညာခြေတွင် ထိခိုက် ဒဏ်ရာရတတ်သည်။ သတိထားပါ။
ယတြာ ။ ။ မွေးနေ့ ဘုရားထောင့်တွင် ထီးအနီတစ်လက် နာနတ်သီး ၇ စိပ် လှူပေးပါ။ 

ရိုးရာလေး

No comments:

Post a Comment