တရားဝင်ခွင့်ပြုချက်မရှိဘဲ ငွေတိုးချေးစားသူများကို
ဖော်ထုတ်တိုင်ကြားလာပါက အသေး စားငွေရေးကြေးရေး လုပ်ငန်းဥပဒေအရ
အရေးယူမည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး
ရဲချုပ်ကျော်ကျော်ထွန်းက ဇူလိုင် ၉ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်
အစည်းအဝေးတွင် ပြောကြားသည်။
ဦးသိန်းညွန့်က "ရန်ကုန်မှာတင် အတော်ခံနေရတယ်။ နေ့ပြန်တိုးတောင်
မဟုတ်ဘူး။ မတ်တိုး ဆိုတာပါ ပေါ်လာတယ်။ သိန်း ၃၀ ချေးတာကို သိန်း ၄၀ အထိ
ဆပ်ပြီးသွားပြီ။ ဒါပေမဲ့ နောက်ထပ် မဆပ်နိုင်တဲ့ အခါကျတော့ သိန်း ၁၀၀ အထိ
လိုချင်လို့ တရားစွဲတာတွေ ရှိတယ်။ စွဲတဲ့အခါမှာလည်း တချို့မြို့နယ်တွေမှာ
တရားသူကြီးတွေနဲ့ ပေါင်းထားကြတာပေါ့။ အဲဒါကြောင့် ဆင်းရဲသူတွေဟာ အိမ်ပေါင်၊
ယာပေါင်တွေတင် မကဘဲ ထောင်ထဲရောက်တဲ့သူတွေပါ ရှိနေပါတယ်" ဟု ပြောကြားသည်။
ရဲချုပ်က "နစ်နာသူများနဲ့ သိရှိသူ မည်သူမဆို တရားဝင် ခွင့်ပြုချက်မရှိဘဲ
ငွေတိုးချေးစား သူများ ကို ဖော်ထုတ်တိုင်ကြား လာပါက အသေးစားငွေရေးကြေးရေး
လုပ်ငန်းဥပဒေအရ အရေးယူနိုင်သဖြင့် အဆိုပါဥပဒေနှင့် ပြည်သူလူထုအား
အကာအကွယ်ပေးထားပြီး ဖြစ်ပါတယ်။ သို့ပေမယ့်လည်း တိုးတက်ပြောင်းလဲနေတဲ့
ခေတ်နဲ့လိုက်လျောညီထွေမှု ရှိစေဖို့ လိုင်စင်မဲ့ ငွေတိုးချေးစားသူများကို
အရေးယူနိုင်သော တည်ဆဲဖြစ်တဲ့ 1945 The Money Lenders Acts နဲ့ အသေးစား
ငွေရေးကြေးရေး လုပ်ငန်းဥပဒေများကို ကျယ်ပြန့်စွာ သုံးသပ်ပြီးနောက်
ပြင်ဆင်သင့်ကြောင်း တွေ့ရှိပါက ယင်း ဥပဒေများကို စီမံခန့်ခွဲတဲ့ သက်ဆိုင်ရာ
ဌာနအဖွဲ့အစည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၀ ပုဒ်မခွဲ (က)နဲ့အညီ
ပြင်ဆင်ရေးဆွဲရန် ဆောင်ရွက်နိုင်ပါတယ်" ဟု ပြောကြားသည်။
From...EMG
No comments:
Post a Comment