Monday, July 15, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ဇူလိုင် ၁၄ ရက်တွင် စတင်ထွက်ခွာ

7.14.2
ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက်မည့် သမ္မတဦးသိန်းစိန်အား ဇူလိုင် ၁၄ ရက်နံနက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ် (Photo : AFP)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် ပြင်သစ်သမ္မတ ဖရန်ဆွာအိုလောန်ဒ် တို့၏ ဖိတ်ကြားချက်အရ ဇူလိုင် ၁၄ ရက် နံနက်တွင် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ စတင်ထွက်ခွာ သွားခဲ့သည်။
သမ္မတ ဦးသိန်းစိန်သည် နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍ တိုးမြှင့်ရန် အတွက် ယခုနှစ် မတ်လအတွင်းက ဥရောပ နိုင်ငံအချို့သို့ သွားရောက်ခဲ့သော်လည်း ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ယခုအကြိမ်သည် ပထမဆုံး သွားရောက်ခြင်း ဖြစ်သည်။
''သမ္မတ ဦးသိန်းစိန် ဒီနေ့မနက်မှာ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်ကို စတင်ထွက်ခွာ သွားပါပြီ'' ဟု အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယခုခရီးစဉ်သည် ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်အထိ ကြာမြင့်မည် ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြော ကြားချက်အရ သိရသည်။
မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချရေးမှလွဲ၍ ပိတ်ဆို့အရေးယူမှု ချမှတ်ထားခြင်းများကို ဥရောပသမဂ္ဂ (အီးယူ)က ရုပ်သိမ်းပြီးဖြစ်ကာ မြန်မာနိုင်ငံကို ဦးစားပေး ကုန်သွယ်ရေးဘက် အစီအစဉ်တွင် ပါဝင် သည့် နိုင်ငံအဖြစ် သတ်မှတ်သွားမည် ဖြစ်ကြောင်း အီးယူက ထပ်မံကတိ ပေးထားသည်။

From....EMG

No comments:

Post a Comment