Monday, July 15, 2013

မြစ်ရေတိုက်စား ကမ်းပြိုမှုများကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း နှစ်စဉ်ပျမ်းမျှ မြေဧကပေါင်း ၁၀၃၇၇ ဧက ဆုံးရှုံးလျက်ရှိ

7.14.13
ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းများ ပြိုဆင်းနေမှုကို တွေ့ရစဉ်
ဧရိယာ စတုရန်းမိုင်ပေါင်း ၁၃၅၆၈ မိုင် ကျယ်ဝန်းသော ဧရာဝတီတိုင်း ဒေသကြီး အတွင်း မြစ်ရေ တိုက်စား ကမ်းပြိုမှုများကြောင့် နှစ်စဉ် မြေဧကပေါင်း ၁၀၃၇၇ ဧက ဆုံးရှုံးလျက် ရှိကြောင်း ထုတ်ပြန် ချက်များအရ သိရသည်။
မြစ်ကြောင်းများ ရေစီးဆင်းမှု ပုံစံပြောင်းလဲလာခြင်း၊ အစိုးရမှ မြစ်ကမ်းပါး ထိန်းသိမ်းရေး လုပ်ငန်းများ အားနည်းခြင်း၊ သဘာဝသစ်တောကြီးများ ပြုန်းတီးလာကာ ရာသီဥတု ဖောက်ပြန် လာခြင်း ၊ မြစ်ကြောင်းများအတွင်း သဲကျောက် ထုတ်လုပ်သူ အချို့မှ စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုများ အားနည်းခြင်းများကြောင့်၊ မြစ်ကမ်းပါး ပြိုကျမှုများကို နှစ်စဉ်ဆက်တိုက် ကြုံတွေ့လာရခြင်း ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။

မြစ်ရေတိုက်စားလို့ ကမ်းပြိုတာက အခုနောက်ပိုင်းမှာ ပိုဆိုးလာတယ်၊ အရင်ကလည်း နေလာကြပြီးမှ အခုဘာလို့ မြစ်ကမ်းပါးပြိုမှုတွေ ပိုဆိုးလာလဲဆိုတော့ မြစ်အထက်ပိုင်းမှာရှိတဲ့ သဘာဝသစ်တောကြီးတွေ ပြုန်းတီးလာတာနဲ့ တာဝန်ယူမှု မရှိတဲ့ စီမံကိန်းတွေ ကြောင့်လို့ ဆိုရင်ပိုမှန်မယ်၊ ဒါတွေကြောင့် မြစ်ကြောင်း ပြောင်းလဲလာပြီး ရေစီးကြောင်း ပြောင်းလာတယ်...


မြစ်ရေတိုက်စား ကမ်းပြိုမှုများကြောင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းတွင် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဆယ်စုနှစ် တစ်ခုတွင် မြေဧကပေါင်း (၁၀၄၃၁၄) ဧက ဆုံးရှုံးလျက်ရှိပြီး၊ ၂၀၀၁-၂၀၀၂ ခုနှစ် တွင်(၉၁၅၀)ဧက၊ ၂၀၀၂-၂၀၀၃ ခုနှစ်တွင် (၃၁၅၅၂)ဧက၊ ၂၀၀၃- ၂၀၀၄ ခုနှစ်တွင် (၂၁၉၈၁)ဧက၊ ၂၀၀၄-၂၀၀၅ ခုနှစ်တွင် (၁၀၉၆၀)ဧက၊ ၂၀၀၅-၂၀၀၆ ခုနှစ်တွင် (၆၇ ၄၆)ဧက၊ ၂၀၀၆-၂၀၀၇ ခုနှစ်တွင် (၇၂၇၅)ဧက၊ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ကမ်းပြိုကျမှုများ မရှိသလောက် နည်းပါးခဲ့ကာ ၂၀၀၈-၂၀၀၉ ခုနှစ်တွင်(၂၀၇၅)ဧက၊ ၂၀၀၉-၂၀၁၀ ခုနှစ်တွင် (၄၃၅၄)ဧက၊ ၂၀၁၀- ၂၀၁၁ ခုနှစ်တွင် (၁၀၂၂၁)ဧက ပြိုကျဆုံးရှုံး ခဲ့ရပြီး နှစ်စဉ်ပျမ်းမျှ မြေဧကပေါင်း ၁၀၃၇၇ ဧက ဆုံးရှုံးပျက်စီး လျက်ရှိကြောင်း ထုတ်ပြန် ချက်များ အရ သိရသည်။
''မြစ်ရေတိုက်စားလို့ ကမ်းပြိုတာက အခုနောက်ပိုင်းမှာ ပိုဆိုးလာတယ်၊ အရင်ကလည်း နေလာကြပြီးမှ အခုဘာလို့ မြစ်ကမ်းပါးပြိုမှုတွေ ပိုဆိုးလာလဲဆိုတော့ မြစ်အထက်ပိုင်းမှာရှိတဲ့ သဘာဝ သစ်တော ကြီးတွေ ပြုန်းတီးလာတာနဲ့ တာဝန်ယူမှုမရှိတဲ့ စီမံကိန်းတွေ ကြောင့်လို့ ဆိုရင်ပိုမှန်မယ်၊ ဒါတွေကြောင့် မြစ်ကြောင်း ပြောင်းလဲလာပြီး ရေစီးကြောင်း ပြောင်းလာတယ်၊ အစိုးရက လည်း မြစ်ကမ်းပါး ထိန်းသိမ်းမှုကို စနစ်တကျ တာဝန်ယူ ဆောင်ရွက်မပေးဘူး၊ ဒါကြောင့် ပိုပို ဆိုးလာတာ'' ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် တစ်ဦးက သုံးသပ် ပြောကြားသည်။
7.14.14
မြစ်ရေတိုက်စားမှုကြောင့် လယ်ယာမြေ ဆုံးရှုံးရသည့် ကျုံမငေးမြို့ လေးအိမ်တန်းကျေးရွာကို တွေ့ရစဉ်
လက်ရှိအချိန်တွင် အချို့နေရာများ၌ တာဝန်ရှိသူများ အနေဖြင့် ရေကာများ ပြုလုပ်ပေးလျက် ရှိသော်လည်း မိုးရာသီကာလ ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုများအပေါ် ထိရောက်သည့် ဖြေရှင်းနိုင်မှု မရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယင်းကဲ့သို့ ကမ်းပါးပြိုမှု နဲ့ နေအိမ်ပြောင်းရွေ့ရမှုကြောင့် အခက်အခဲ ဖြစ်နေသည့် တောင်သူအချို့မှာ အခြားမြို့များသို့ တက်ရောက်၍ ရွှေ့ပြောင်း အလုပ်သမားများအဖြစ် ပြောင်းရွှေ့ကာ စားဝတ်နေရေးအတွက် ရပ်တည် နေရကြောင်းလည်း သိရှိရသည်။
မြစ်ရေတိုက်စားမှု များကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းတွင် နှစ်စဉ်စိုက်ပျိုးမြေများ၊ လူနေကျေးရွာနှင့် မြို့များ ရှေးဟောင်း သမိုင်းဝင် ဘုရားစေတီများ ပျက်စီး ဆုံးရှုံးလျက်ရှိသည်။

From...EMG

No comments:

Post a Comment