Wednesday, July 31, 2013

ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်များတွင် တက်ရောက်ခွင့်ပြုမည့် ထူးချွန်ကျောင်းသားများ၏ အနိမ့်ဆုံး ၀င်ခွင့်သတ်မှတ်ချက် အမှတ်များမှာ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ယခင်နှစ် အမှတ်များထက် မြင့်မား

Z-31-7
၂၀၁၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား တွေ့ရစဉ် (ဓာတ်ပုံ - အေးပပ)
ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များတွင် တက်ရောက်ခွင့်ပြုမည့် ထူးချွန်ကျောင်းသား များ၏ ကျောင်း ၀င်ခွင့် လျှောက်ထားရန် အနိမ့်ဆုံးဝင်ခွင့် သတ်မှတ်အမှတ်များမှာ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် များထက် မြင့်မားကြောင်း သိရသည်။
ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ယခုပညာသင်နှစ်မှ စတင်၍ ၀ိဇ္ဇာနှင့်သိပ္ပံ ဘာသာရပ် ၂၀ အတွက် ဘာသာရပ်တစ်ခုလျှင် ကျောင်းသား ၁၅ ဦးစီဖြင့် တက္ကသိုလ်တစ်ခုလျှင် ထူးချွန်ကျောင်းသား ၃၀၀ ဦးစီဖြင့် ၂၀၁၃-၁၄ ပညာသင်နှစ်၌ လက်ခံသင်ကြားသွားမည် ဖြစ်သည်။ အဆိုပါ တက္ကသိုလ် များသို့ တက်ရောက်နိုင်မည့် ၀ိဇ္ဇာနှင့်သိပ္ပံဘာသာ ဘွဲ့သင်တန်းများအတွက် သက်ဆိုင်ရာ ဘာသာရပ် အလိုက် အနိမ့်ဆုံး ၀င်ခွင့်သတ်မှတ် အမှတ်များမှာ ရူပဗေဒဘာသာ (၄၉၀) မှတ်၊ ဓာတုဗေဒဘာသာ (၄၉၀) မှတ်၊ သင်္ချာဘာသာ (၄၉၀) မှတ်၊ သတ္တဗေဒဘာသာ (၄၉၀) မှတ်၊ ရုက္ခဗေဒဘာသာ (၄၉၀) မှတ်၊ ဘူမိဗေဒဘာသာ (၄၉၀) မှတ်၊ ကုန်ထုတ်ဓာတုဗေဒဘာသာ (၄၉၀) မှတ်၊ နိုင်ငံတကာ ဆက်ဆံရေးပညာဘာသာ (၄၇၀) မှတ်၊ ဥပဒေဘာသာ (၄၇၀)မှတ်၊ ပထ၀ီဝင်ဘာသာ (၄၃၀) မှတ်၊ သမိုင်းဘာသာ (၄၃၀) မှတ်၊ စိတ်ပညာဘာသာ (၄၃၀) မှတ်၊ ဒဿနိကဗေဒဘာသာ (၄၃၀) မှတ်၊ မနုဿဗေဒဘာသာ (၄၃၀) မှတ်၊ ရှေးဟောင်းသုတေသနဘာသာ (၄၃၀)မှတ်၊ မြန်မာစာဘာသာ (၄၇၀) မှတ်၊ အင်္ဂလိပ်စာဘာသာ (၅၀၀) မှတ်၊ အရှေ့တိုင်းပညာဘာသာ (၄၃၀) မှတ်၊ ကွန်ပျူတာသိပ္ပံဘာသာ (၄၈၀) မှတ်နှင့် နိုင်ငံရေးသိပ္ပံဘာသာ (၄၇၀) မှတ် သတ်မှတ်ထားရာ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ယခင်နှစ်က ၀င်ခွင့်ပြုခဲ့သည့် ၀င်ခွင့်အမှတ်များထက်ပင် ပိုမိုမြင့်မားနေခဲ့သည်။
ယခင်နှစ်က ကျောင်းဝင်ခွင့် လျှောက်ထားရာတွင် ၀င်ခွင့်သတ်မှတ် အမှတ်အမြင့်ဆုံး ဖြစ်ခဲ့ပြီး ထိပ်ဆုံးမှ ရပ်တည်ခဲ့သည့် ရန်ကုန်နည်းပညာတက္ကသိုလ် (အဆင့်မြင့်) ထက်ပင် ရန်ကုန်နှင့် မန္တလေး တက္ကသိုလ် တို့မှ ၀င်ခွင့်လျှောက်ထားရန် သတ်မှတ်ခဲ့သည့် အင်္ဂလိပ်စာ ဘာသာရပ်က ပိုနေခဲ့သည်။
သို့ရာတွင် ယင်းကဲ့သို့ ထူးချွန်ကျောင်းသားများကိုသာ ရွေးချယ်ဝင်ခွင့်ပြုမည့် အဆိုပါ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိရန် ကျောင်းသားအများစုမှာလည်း စိတ်ဝင်စားလျက် ရှိကြသည်။
"ပထမ ဦးစားပေးကတော့ ဆေးတက္ကသိုလ်ပါ။ ဒုတိယ ဦးစားပေးကတော့ ရန်ကုန်တက္ကသိုလ်က အင်္ဂလိပ်စာ ဘာသာရပ်ကို လျှောက်မှာပါ။ ဒီကျောင်းကြီးကိုလည်း တက်ချင်ပါတယ်။ နှစ် ၂၀ ကျော် အတွင်းမှာလည်း ရန်ကုန်တက္ကသိုလ်မှာ ပထမနှစ်ကနေစပြီး ဘွဲ့ရတဲ့အထိ တက်ခဲ့ရတဲ့သူတွေက ရှိမှမရှိခဲ့တော့တာ။ အဲဒီတော့ ကျောင်းကြီးပြန်လည်ဖွင့်တော့မှာ ဆိုတဲ့အတွက် တက်ချင်တာလည်း ပါသလို အင်္ဂလိပ်စာ ဘာသာရပ်ကို ငယ်ငယ်ကတည်းက ၀ါသနာပါပြီး စိတ်ဝင်စားတဲ့ အတွက် လည်း လျှောက် ထားမှာပါ" ဟု ဘာသာစုံ ဂုဏ်ထူးရှင် (သိပ္ပံတွဲ) ကျောင်းသူတစ်ဦးက ဆိုသည်။

တက္ကသိုလ်အမည်  အနိမ့်ဆုံးဝင်ခွင့်ရမှတ်          

ကျား
ဆေးတက္ကသိုလ်              ၄၉၀ ၅၀၈
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ ၄၆၉ ၅၀၁
ဆးဝါးတက္ကသိုလ်များ ၄၆၇ ၄၆၇
ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များ ၄၅၉ ၄၅၉
ရန်ကုန်နည်းပညာတက္ကသိုလ် (အဆင့်မြင့်) ၅၀၀ ၅၀၄
မန္တလေးနည်းပညာတက္ကသိုလ် (အဆင့်မြင့်) ၄၈၅ ၄၉၇
ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (အဆင့်မြင့်) ၄၇၃ ၄၇၃
မန္တလေးကွန်ပျူတာတက္ကသိုလ် (အဆင့်မြင့်) ၄၅၀ ၄၅၀
နည်းပညာတက္ကသိုလ်များ ၃၆၀ ၃၇၀
ကွန်ပျူတာတက္ကသိုလ်များ ၃၆၅ ၃၆၅
နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) ၄၆၇ ၄၇၀
မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ၄၈၇ ၄၉၇
မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသပညာတက္ကသိုလ် ၄၅၀ ၄၅၀      -
ရန်ကုန်စီးပွားရေးတက္ကသိုလ် ၃၈၃ ၃၈၃
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (အင်္ဂလိပ်စာ) ၄၉၂ ၄၉၂
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (ဂျပန်စာ) ၄၆၉ ၄၆၉
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (တရုတ်) ၄၆၆ ၄၆၆
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (ပြင်သစ်) ၄၅၈ ၄၅၈
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (ကိုရီးယား) ၄၅၅ ၄၅၅
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (ဂျာမန်) ၄၅၃ ၄၅၃
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (ထိုင်း) ၄၄၇ ၄၄၇
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (ရုရှ) ၄၃၇ ၄၃၇

No comments:

Post a Comment