Wednesday, July 3, 2013

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲ၍ ဆောင်ရွက်သွားရန် ကာ/လုံ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

Photo: ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲ၍ ဆောင်ရွက်သွားရန် ကာ/လုံ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Wednesday, July 03, 2013

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲ၍ ဆောင်ရွက်သွားမည်ဟု ဇူလိုင် ၁ ရက်တွင်ပြုလုပ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင်ဖြစ်သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင်၂ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများနှင့် ဆွေးနွေးရာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာ၌ ငွေကြေးအထောက်အပံ့များ လိုအပ်မည် ဖြစ်သော်လည်း ပြည်ပအကူအညီကို မျှော်လင့်မနေဘဲ ပြည်သူ့ဘဏ္ဍာငွေဖြင့်သာ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်ဟု သူရဦးရွှေမန်းက ပြောကြားသည်။
ယင်းငွေများမှာ သမ္မတဦးသိန်းစိန်၏ အထူးသုံးစွဲရန် သတ်မှတ်ပေးထားသော ဘတ်ဂျက်တွင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် ခေါင်းစဉ်တစ်ခု အနေနှင့် ပါဝင်ပြီး ဖြစ်သောကြောင့် ယင်းထဲမှ သုံးစွဲသွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက သတင်းထောက်များကို ပြောကြားသည်။

"ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ ငွေကြေးပစ္စည်းနဲ့ အထောက်အပံ့များ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့ အခါမှာ ပြင်ပနိုင်ငံ၊ ပြင်ပအဖွဲ့အစည်းများ ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် အဓိကမထားဘဲ ပြည်သူများရဲ့ဘဏ္ဍာ၊ နိုင်ငံရဲ့ဘဏ္ဍာ ငွေကြေးများကို သုံးစွဲပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ဖို့လည်း သဘောတူကြပါတယ်။ ဆုံးဖြတ်ကြပါတယ်။ ဒီနေရာမှာ ဘေးထွက်ဆိုးကျိုးဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး မိမိတို့ နားလည်လက်ခံထားတဲ့ အချက်က ငြိမ်းချမ်းရေးရအောင် တည်ဆောက်တဲ့ အခါမှာ ဥပဒေနဲ့ မညီရင်၊ ပြည်သူများရဲ့ ဘ၀လုံခြုံရေးကို ထိပါးလာရင် သို့မဟုတ် ပြည်သူများရဲ့ ဘ၀လုံခြုံရေးကို အကာအကွယ် မပေးနိုင်တဲ့ ဖြစ်စဉ်များ ဖြစ်ရပ်မျိုးများ ဖြစ်လာရင် မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်းကို ကြိုတင်လေ့လာ သုံးသပ်ပြီး ဆောင်ရွက်ဖို့လည်း စဉ်းစားသုံးသပ်ကြပါတယ်" ဟု အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရလဒ်ကောင်းများ ထွက်ပေါ်ရန်အတွက် အားလုံးပါဝင်သော နိုင်ငံရေးနှင့် စနစ်တကျ၊ နည်းလမ်းတကျ ဆောင်ရွက်ရန်လည်း ဆုံးဖြတ်ခဲ့ကြသည်ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး စသည်ဖြင့် ဖွဲ့စည်းထားသည်။
http://news-eleven.com/
ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲ၍ ဆောင်ရွက်သွားမည်ဟု ဇူလိုင် ၁ ရက်တွင်ပြုလုပ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ်ချက်
ချခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင်ဖြစ်သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင် ၂ ရက် က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများနှင့် ဆွေးနွေးရာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာ၌ ငွေကြေးအထောက်အပံ့များ လိုအပ်မည် ဖြစ်သော် လည်း ပြည်ပအကူအညီကို မျှော်လင့်မနေဘဲ ပြည်သူ့ဘဏ္ဍာငွေဖြင့်သာ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်ဟု သူရဦးရွှေမန်းက ပြောကြားသည်။
ယင်းငွေများမှာ သမ္မတဦးသိန်းစိန်၏ အထူးသုံးစွဲရန် သတ်မှတ်ပေးထားသော ဘတ်ဂျက် တွင် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် ခေါင်းစဉ်တစ်ခု အနေနှင့် ပါဝင်ပြီး ဖြစ်သောကြောင့် ယင်းထဲမှ သုံးစွဲသွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက သတင်းထောက်များကို ပြောကြားသည်။

"ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ ငွေကြေးပစ္စည်းနဲ့ အထောက်အပံ့များ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့ အခါမှာ ပြင်ပနိုင်ငံ၊ ပြင်ပအဖွဲ့အစည်းများ ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် အဓိကမထားဘဲ ပြည်သူများရဲ့ဘဏ္ဍာ၊ နိုင်ငံရဲ့ဘဏ္ဍာ ငွေကြေးများကို သုံးစွဲပြီး ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်ဖို့လည်း သဘောတူကြပါတယ်။ ဆုံးဖြတ်ကြပါတယ်။ ဒီနေရာမှာ ဘေးထွက် ဆိုးကျိုးဆိုတဲ့ စကားနဲ့ပတ်သက်ပြီး မိမိတို့ နားလည်လက်ခံထားတဲ့ အချက်က ငြိမ်းချမ်းရေးရအောင် တည်ဆောက်တဲ့အခါမှာ ဥပဒေနဲ့မညီရင်၊ ပြည်သူများရဲ့ ဘ၀လုံခြုံရေးကို ထိပါးလာရင် သို့မဟုတ် ပြည်သူများရဲ့ ဘ၀လုံခြုံရေးကို အကာအကွယ် မပေးနိုင်တဲ့ ဖြစ်စဉ် များ ဖြစ်ရပ် မျိုးများ ဖြစ် လာရင် မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်းကို ကြိုတင်လေ့လာ သုံးသပ်ပြီး ဆောင် ရွက်ဖို့လည်း စဉ်းစားသုံးသပ်ကြပါတယ်" ဟု အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရလဒ်ကောင်းများ ထွက်ပေါ်ရန်အတွက် အားလုံးပါဝင်သော နိုင်ငံရေးနှင့် စနစ်တကျ၊ နည်းလမ်း တကျ ဆောင်ရွက် ရန်လည်း ဆုံးဖြတ်ခဲ့ကြသည်ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတနှစ်ဦး ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး ၊ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး စသည်ဖြင့် ဖွဲ့စည်း ထား သည်။
http://news-eleven.com/

No comments:

Post a Comment