မလေးရှားနိုင်ငံမှ ပြန်လာသူမှ မဟုတ်ဘဲ ပြည်တွင်းတွင် ရှိနေသည့်
အလုပ်မရှိသေးသူများလည်း အလုပ် သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေးဝန်ကြီးဌာနတွင် အလုပ်လာရောက် လျှောက် ထားနိုင်ကြောင်း
ယင်းဌာနရှိ တာဝန်ရှိသူ အရာထမ်းတစ်ဦးက ဆိုသည်။
“အရင်ကတည်းက အလုပ်လာလျှောက်လို့ရပါတယ်။ ဒါပေမဲ့ အတော်များများက ဒီကနေ လာလျှောက်လေ့မရှိဘူး။ တချို့ကတော့ မသိတာ” ဟု ၎င်းက ဆိုသည်။လူအများစုမှာ မလေးရှားမှ ပြန်လာသူများသာ ယင်းသို့ အလုပ်လျှောက်နိုင်သည်ဟု ထင်နေကြပြီး တကယ်တမ်းတွင် မည်သူမဆို လာရောက်လျှောက်ထား နိုင်ကြောင်း ယင်းဌာနရှိ ပြန်ကြားရေး တာဝန်ခံ က ဆိုသည်။
မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဆာလာယန်း အကြမ်းဖက်မှုနောက်ပိုင်း ပြန်လည်ရောက်ရှိလာ သူပေါင်း ဇူလိုင်လ ၂၁ ရက်နေ့အထိ အမျိုးသား ၂၀၇၉ ဦးနှင့် အမျိုးသမီး ၅၉၈ ဦး စုစုပေါင်း ၂၆၇၇ ဦးရှိပြီး အလုပ်ရရှိသွားသူပေါင်း ၅၃၀ ဦးရှိပြီ ဖြစ်ကြောင်းလည်း ၎င်းထံမှ သိရသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန လက်အောက်တွင် အလုပ်အကိုင် ရှာဖွေရေးရုံးပေါင်း ရန်ကုန်တိုင်းဒေသကြီးရှိ ၁၆ ရုံး အပါအဝင် မြန်မာ တစ်နိုင်ငံလုံး ၇၇ ရုံး ရှိကြောင်း၊ အလုပ်လိုအပ်သူ မည်သူမဆို လာရောက်ဆက်သွယ် လျှောက် ထားနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။
The Voice
No comments:
Post a Comment