Wednesday, January 9, 2013

'' အကြမ်းဖက်ချေမှုန်းရေးစစ် … အပြစ်မရှိပါ "

ယနေ့ နေရာတိုင်းလူတိုင်းလိုလိုပြောဆိုဆွေးနွေးနေတဲ့ကိစ္စဟာ ကချင်ပြည်နယ်အရေးကိစ္စပါ။ လူတော်တော် များ များ စိတ်ဝင်စားနေတာလည်း ဒီကိစ္စပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ကချင်ပြည်နယ်တိုက် ပွဲတွေနဲ့ ပတ်သက်ပြီး သိချင်စိတ်နဲ့အမြဲတမ်းနားစွင့်နေခဲ့ပါတယ်။ ကျွန်တော် ဥပဒေတွေ အများကြီးလေ့ လာခဲ့ရတဲ့ တရားသူကြီးဟောင်း တစ်ဦး ပါ။ ခရိုင်တရားသူကြီးအဖြစ် ခရိုင်နှစ်ခုမှာ တာဝန်ထမ်းခဲ့ဖူးတယ်။
ကျွန်တော်တို့ ဥပဒေလိုင်းမှာလဲ ဒီကိစ္စဆွေးနွေးကြည့် ကြတယ်။ အခုတစ်ဖန် တစ်ကမ္ဘာလုံးက ဥပဒေနားလည်သူတွေနဲ့ ဆွေးနွေးရအောင် ကျွန်တော် Internet မှာ အဆိုပြုချက် တင်ပါမယ်။ ဝိုင်းဝန်းေ ဆွးနွေးပေးပါ။ ဒီလိုပါ။ ကချင်ပြည်နယ်မှာ အစိုးရက KIA တွေအပေါ် လေယာဉ်၊ ရဟတ်ယာဉ်တွေ သုံးပြီး တိုက်ခိုက်ကြောင်း၊ Chemical Weapons တွေသုံးပြီးတော့လည်းတိုက်ခိုက်ကြောင်း၊ ဂျီနီဗာကွန်ဗင်းရှင်းကို မလိုက်နာကြောင်း မီဒီယာတွေကဆိုကြတယ်။ အဲဒီတော့ ကျွန်တော်အဆိုပြုချင်တဲ့ခေါင်းစဉ်က “ စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြု/မပြု၊ Chemical Weapons တွေ သုံး/မသုံးနဲ့ ယင်းသို့တိုက်ခိုက်ခြင်း၊ သုံးစွဲခြင်းပြုရင် ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ရာ ကျ/မကျ ” ဆိုတဲ့ အဆိုပါပဲ။

          ဒီအဆိုကိုဆွေးနွေးကြမယ်ဆိုရင် ပထမဆုံး ကချင်ပြည်နယ်တိုက်ပွဲတွေမှာ စစ်တပ်က လေယာဉ် သုံးမသုံး လေ့လာကြည့်မယ်။ ဇန်နဝါရီလ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ “ လဂျားယန် စခန်းသို့ ရိက္ခာပို့သည့် လမ်းကြောင်းရှိ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအား အဓိကပိတ်ဆို့နှောင့်ယှက် တိုက်ခိုက်နေသည့် ကချင်ပြည်နယ် အရှေ့ပိုင်းရှိ ပွိုင့်-၇၇၁ တောင်ကုန်းနှင့်ဝန်းကျင်အား ရှင်းလင်းခဲ့ရာ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် တက်ရောက် သိမ်းယူနိုင်ခဲ့သည်။ ထိုသို့သိမ်းယူရာ တွင် လေကြောင်းအကူအညီကို အသုံးပြုခဲ့ရသည်။ ” ဆိုပြီး ဖော်ပြထားပါတယ်။ အစိုးရက လေကြောင်း အကူအညီအသုံးပြုခဲ့တာကို ရှင်းရှင်းဘွင်းဘွင်း ပြောကြားထားပါတယ်။ လျှို့ဝှက်မထားပါဘူး။ ဒါကြောင့် ဒီကိစ္စအငြင်းပွားဖွယ်မရှိတော့ပါဘူး။ 

Chemical Weapons တွေ သုံးမသုံးကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားကြရအောင်ပါ။ လက်ရှိစစ်ပွဲအတွင်း မှာ ဘယ် KIA စစ်သားမှ ဓါတ်ငွေ့ကာမျက်နှာဖုံးတပ်ပြီး စစ်တိုက်နေတာမတွေ့ရသလို ဘယ် KIA တပ်ဖွဲ့ဝင်တစ်ဦးမှလည်း Chemical Weapons ကြောင့် ထိခိုက်သေဆုံးခြင်းသတင်း မကြားရပါဘူး။ ဒီထက်သေချာအောင်သုံးသပ်ရရင် စစ်တပ်က ဓါတုလက်နက်သုံးတယ်ဆိုရင် သူတို့ရောအဲဒီဒေသမှာ ဓါတ်ငွေ့ကာမသုံးဘဲ လှုပ်ရှားနေနိုင်ပါ့မလား… ဒါကြောင့် စစ်တပ်က လေကြောင်းအကူအညီရယူခဲ့တယ်ဆို တာ မှန် တယ်။ ဒါပေ မယ့် Chemical Weapons သုံးတယ်ဆိုတာ လုံးဝမမှန်ဘူး။
          ကဲ …  ဒုတိယတစ်ပိုင်းက  ဂျီနီဗာကွန်ဗင်းရှင်းကိစ္စ၊ ဒါကိုလည်း ကျွန်တော် သေချာလေ့လာပါ တယ်။ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့သက်ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာ စစ်ပွဲဆိုင်ရာဥပဒေကိုလေ့ လာရာမှာ အဓိကသက်ဆိုင်တဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကတော့ ဂျီနီဗာကွန်ဗင်းရှင်း(၄)ရပ်စလုံးမှာ တူညီသောပြဋ္ဌာန်းချက်များပါရှိတဲ့ ဘုံအာတီကယ်(၃) (Common Article-3)နဲ့ ဂျီနီဗာ ကွန်ဗင်းရှင်းများ ရဲ့ နောက်ဆက်တွဲစာချုပ်(၂)တို့ဖြစ်ပါတယ်။
          လက်နက်များအသုံးပြုခြင်းကိုကန့်သတ်တဲ့ သီးခြားကွန်ဗင်းရှင်းများလည်းရှိပါတယ်။ ဒီကွန်ဗင်းရှင်းတွေနဲ့အတူ အထက်ဖော်ပြထားတဲ့ ဘုံအာတီကယ်(၃)၊ နောက်ဆက်တွဲစာချုပ်(၂)တို့မှာ အချို့သောလက်နက်တွေကို စစ်ပွဲအတွင်း အသုံးပြုခြင်းကိုတားမြစ်ထားပြီး တိုက်ခိုက်မှုနည်းလမ်းတွေကို လည်း လူသားချင်းစာနာထောက်ထားမှု ရှုထောင့်ကနေ ကန့်သတ်ထားပါတယ်။ ဒါ့အပြင် စစ်ပွဲတွေမှာ ကာကွယ်စောင့်ရှောက်မှုပေးရမယ့်သူတွေကိုကာကွယ်စောင့်ရှောက်မှု ပေးရမယ့်နည်းလမ်းတွေကို ပြဋ္ဌာန်း ထားတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။သို့ပေမယ့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတစ်ခုဖြစ်တဲ့ ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရာမှာ လေကြောင်းမှ တိုက်ခိုက်ခြင်းကို တားမြစ်သည့်ပြဋ္ဌာန်းချက်များမရှိတာကို လေ့လာတွေ့ရှိရပါတယ်။ ဘယ်ဥပဒေ၊ ဘယ်ပြဋ္ဌာန်းချက်၊ ဘယ်အခန်း၊ ဘယ်စာမျက်နှာမှာမှ ပြည်တွင်းသောင်းကျန်းသူကို လေကြောင်းက မတိုက်ရလို့ ဖော်ပြမထားပါဘူး။ လေကြောင်းမှတိုက်ခိုက်ရာမှာ လူနေထူထပ်တဲ့ မြို့၊ ရွာစသည့်နေရာ မျိုးကိုသာ ပြည်သူလူထုအသက်ဆုံးရှုံးမှုကို မဖြစ်ပေါ် စေရန်အတွက် ထိုနေရာမျိုးကို အရမ်းကာရော တိုက် ခိုက်ခြင်း မျိုးကို တားမြစ်ထားခြင်းကိုသာ လေ့လာတွေ့ရှိရပါတယ် ခင်ဗျား။
          ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရာမှာ လေကြောင်းတိုက်ခိုက်မှုအသုံးပြုခဲ့တဲ့ နိုင်ငံတွေများစွာရှိပါတယ်။ အဲဒီ အထဲက နိုင်ငံသုံးနိုင်ငံကိုလည်း သာဓက အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်-
           ၁။     BalochNationalistsများနဲ့ပါကစ္စတန်တာလီဘန်များကိုပါကစ္စတန်အစိုးရမှတိုက်ခိုက်ခြင်း ။    
၂။       တမီးလ်ကျားသူပုန်များကို သီရိလင်္ကာအစိုးရမှတိုက်ခိုက်ခြင်း။
          ၃။       ချေချင်သူပုန်များကို ရုရှားအစိုးရမှတိုက်ခိုက်ခြင်း။

          အစိုးရတပ်ဟာ နိုင်ငံတကာလိုက်နာကြတဲ့ စစ်ပွဲဥပဒေတွေအတိုင်း လိုက်နာရမယ့်တာဝန်ရှိတဲ့အတွက် ယနေ့ခေတ်လိုအချိန်မှာ တရားမ၀င်လက်နက်တွေ သုံးစွဲတာမျိုး လုပ်ဆောင်ရန်အကြောင်းမရှိဘူး။ စစ်တပ်အနေနဲ့ KIA ထက် များစွာသာလွန်တဲ့အချက်တွေ ရှိနေတာဖြစ်တဲ့ အတွက် ဂျီနီဗာကွန်ဗင်းရှင်းကိုဖောက်ဖျက်ပြီး ဓါတုလက်နက်တွေသုံးရန် လိုအပ်မယ်မထင်ပါ ဘူး။ ခေါင်းဆောင်ပိုင်းအနေနဲ့လည်း ခွင့်ပြုလိမ့်မယ်မဟုတ်ပါဘူး။ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေ မှာဖြစ်တဲ့ စစ်ပွဲဖြစ်တာကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုဦးစားပေးတဲ့ အစိုးရနဲ့ အစိုးရတပ်တွေအနေနဲ့ ဒီလိုကိစ္စမျိုးကို ဘယ်လိုနည်းနဲ့မှ စဉ်းစားမယ်မထင်ဘူး။ သူပုန်အဖွဲ့က အပုပ်ချ တိုင်း ဒီခေတ်လူငယ်တွေ စစ်တပ်အပေါ် အထင်မမှားစေလိုပါ။
          တကယ်တော့ ဒါဟာ KIA တွေဘက်က ၀ါဒဖြန့်တာသက်သက်ပဲဖြစ်ပါလိမ့်မယ်။ ထိခိုက်မှုတွေများပြီး သိမ်းပိုက်တပ်စွဲထားတဲ့ တောင်ကုန်းတွေ တစ်ကုန်းပြီးတစ်ကုန်း စွန့်လွှတ်နေရလို့ အရှက်ပြေ အစိုးရတပ်ကိုပုတ်ခတ်တဲ့ စကားတွေသာဖြစ်ဖို့များပါတယ်။ နယ်စပ်သတင်းတွေအရတော့ KIA ဟာ ပြည်ပနိုင်ငံအချို့က ကျွမ်းကျင်သူတွေပါ ခေါ်ပြီး အစိုးရတပ်တွေ ဓါတုလက်နက်သုံး/မသုံး စစ်ဆေးစေ ခဲ့တယ်လို့လည်း ကြားရပါတယ်။ သို့ပေမယ့်လည်း ဘယ်နိုင်ငံခြားပညာရှင်တစ်ဦးကမှ အစိုးရတပ်တွေ ဓါတုလက်နက်သုံးတယ်လို့ ကောက်ချက်မချခဲ့ပါဘူး။ ဒါကြောင့် ကချင်ပြည်နယ်ထဲက စစ်ပွဲတွေမှာ အများထင်ယောင်ထင်မှားဖြစ်အောင် KIA အနေနဲ့မီဒီယာနည်းနဲ့ အစိုးရနဲ့ အစိုးရ စစ်တပ်ကို သိက္ခာချဖို့ ရည်ရွယ်ဆောင်ရွက်နေတယ်ဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းမြင်သင့်ပါတယ်။
          တကယ်တော့ KIA အဖွဲ့ဟာ ကချင်ပြည်နယ်အတွင်းသာမက ရှမ်းပြည်နယ်မြောက်ပိုင်းမှာပါ အဖျက်လုပ်ငန်း တွေလုပ်နေတာ လူတိုင်းသိတဲ့ကိစ္စပါ။ ဒါဟာ ဘာကိုပြောသလဲဆိုတော့ KIA ဟာ အကြမ်းဖက်အဖွဲ့အစည်း Terrorist စစ်စစ်ဖြစ်တယ်ဆိုတာကိုဖော်ပြနေခြင်းပါပဲ။ အမှန်မှာတော့ ကမ္ဘာပေါ် မှာအဖွဲ့အစည်းတစ်ရပ်ကို အကြမ်းဖက်အဖွဲ့အစည်း အဖြစ်သတ်မှတ်နိုင်ပြီဆိုရင် လုံးဝဥဿုံချေမှုန်းပစ် ရမှာဖြစ်ပါတယ်။

          အမေရိကန်က ကမ္ဘာပေါ်မှာ အကြမ်းဖက်ချေမှုန်းရေးစစ်ကိုဆင်နွှဲနေသလို အကြမ်းဖက်သူတွေ မြန်မြန်နဲ့များများ ရှင်းလင်းပစ်နိုင်အောင်လည်း ဆောင်ရွက်နေပါတယ်။ ကမ္ဘာကြီး ကိုအကြမ်းဖက်အဖွဲ့အစည်းတွေက ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ လုပ်နေပြီဆိုတာ 9/11 ဖြစ်စဉ်က မီးမောင်းထိုးပြခဲ့ပါပြီ။ ဒါကြောင့် ငြိမ်းချမ်းလိုသူတိုင်း အကြမ်းဖက် အဖွဲ့အစည်းကို မုန်းတီးကြမှာပါ။ အကြမ်းဖက်အဖွဲ့ဆိုရင် မုန်းလွန်းလို့ အကြမ်းရည်တောင် မသောက်ချင်တော့ လောက်အောင်ပါပဲ။ ကုန်ကုန်ပြောရင် လင်မယားချင်းတောင် အကြမ်းဖက်ရင် ဘယ်သူကခွင့်ပြုလို့လဲ။ အရေးတောင်ယူလို့ ရတယ်မဟုတ်လား။ ဥပဒေဘက်တော်သားမို့ ဥပဒေအကြောင်းအရ ဥပမာပေးတာပါဗျာ။
          KIA ကို အကြမ်းဖက်အဖွဲ့လို့ခေါ်နိုင်အောင် ခိုင်လုံတဲ့အကြောင်းတရားများစွာရှိပါတယ်။ အရပ်ဘက်ပစ်မှတ်တွေ ကို ဖျက်ဆီးတိုက်ခိုက်ခြင်း၊ ပြည်သူအပေါ်အနိုင်ကျင့်ခြင်း၊ ဖမ်းဆီးခြင်း၊ (အချို့ဆို မိသားစုလိုက် ဖမ်းဆီးသွားတာလည်း ရှိပါတယ်)၊ အမျိုးသမီးငယ်များကို မတော်မတရား ကျင့်ခြင်း၊ ပြည် သူလူထုရဲ့ရှာဖွေစုဆောင်းထားသမျှ ဥစ္စာပစ္စည်းများ ကိုအတင်း အဓမ္မလုယူခြင်း၊ ဖျက်ဆီးခြင်း၊ ဆက်ကြေးကောက်ခြင်း၊ အပြစ်မဲ့ပြည်သူလူထုကို စစ်ပွဲအတွက်အသုံးချခြင်း၊ (ဥပမာ-မိုင်းထောင်ခိုင်းခြင်း၊ အတင်းအကြပ် ပြည်သူ့စစ်လုပ်ခိုင်းခြင်း၊ ရိက္ခာ၊ ခဲယမ်းပစ္စည်းများ သယ်ယူပို့ဆောင်စေခြင်း တို့ကို ဆိုလိုပါတယ်)။ နောက်ဆုံး KIA တပ်ဖွဲ့ဝင်တွေက အစိုးရတပ်ရဲ့ တိုက်ခိုက်မှုမှကာကွယ်နိုင် ဖို့ ဒေသခံရွာသားတွေ ကို လူသားတံတိုင်း အဖြစ်အသုံးချခြင်းတွေအထိ ဆောင်ရွက်နေပါတယ်။ ဒီအဖွဲ့ကိုမှ အကြမ်းဖက်အဖွဲ့လို့မခေါ်ရင် ဘယ်အဖွဲ့ကိုခေါ်ရမလဲ။ KIA ကိုမှ Terrorist လို့မသတ်မှတ်ရင် ကမ္ဘာပေါ်မှာ အကြမ်းဖက်အဖွဲ့ဆိုတာလဲရှိမှာ မဟုတ်တော့ဘူး… အကြမ်းဖက်သမားဆိုတာလဲ ရှိမှာမဟုတ်တော့ဘူး။
          ယနေ့ မီဒီယာတစ်ချို့ရဲ့ KIA နဲ့တိုက်ပွဲတွေမှာ အစိုးရနဲ့တပ်ဘက်က အလွန်သဘောမျိုးဖော်ပြနေတာတွေဟာ အကြမ်းဖက်ဝါဒအားပေးခြင်းလို့ ကျွန်တော်တို့ဥပဒေနားလည် သူတွေ က ယူဆပါတယ်။ ကျွန်တော် တရားသူကြီးဟောင်း တစ်ဦးရဲ့ အမြင်သဘောထားများကို တရား နည်း လမ်းတကျပြောပါဆိုရင် အကြမ်းဖက်ချေမှုန်းရေးစစ်… အပြစ်မရှိပါ လို့ ဆိုချင်ပါတယ်။ တစ်စုံတစ် ရာဝေဖန်အကြံပြုပေးကြပါရန်လည်း လေးစားစွာဖိတ်ခေါ်လိုက်ရပါတယ်။


တရားသူကြီးဟောင်းတစ်ဦး

27 comments:

  1. တရားသူကြီးဟောင်ကြီးပြောသလိုကချင်ကအကြမ်းဖက်လို့
    လေယာဉ်သုံးလို့ရတယ်။လူတွေနေတဲ့နေရာမှာသာသုံးလို့
    မရတာဆိုရင်မြေပုံပြန်ကြည့်ပါအုံးလက်ဂျားယံဒေါဖုံးရန်
    လိုင်ဇာတို့ကမြေပုံမှာတရာဝင်ရပ်တည်နေတာစစ်မျက်နှာ
    ပြင်မဟုတ်ဘူး။ကချင်တဖွဲ့တည်းလက်နက်ကိုင်တာမဟုတ်
    ဘူးဝ၊ကိုးကန့်လားဟူရှမ်းကယန်းကယားပလောင်ရခိုင်မွန်
    တိုင်ရင်းသားအားလုံးလက်နက်ကိုင်တာဆရာမသိဘူးလား
    ဆရာပြောသလိုဆိုတိုင်းရင်းသားအားလုံးသောင်းကျန်းသူ
    ပေါ့ကချင်တဖွဲံ့တည်းကိုမတိုက်ပဲတိုင်းရင်းသားလုံးကိုလဲ
    တိုက်ရပေါ့အဲဒါမှတရားမျှတမှာလေကချင်ကိုပဲတိုက်နေ
    တာဂျီနီဗာကွန်ဗန်းရှင်းမချိုးလို့ဘာလဲမာနယ်ပလောလို
    ခက်ခဲတဲ့နေရာတောင်မသုံးရဲဘူးဒါကုလသမဂ္ဂကိုစိန်ခေါ်
    တာပဲ

    ReplyDelete
  2. တခြားတိုင်းရင်းသားတွေက ကချင်တွေလိုမယုတ်မာဘူး၊ လမ်းတံတားတွေမဖျက်ဆီးဘူး။ ကေအိုင်အေလို အကြမ်းဖက်အဖွဲ့အစည်းမဟုတ်ဘူး ကေအိုင်အေလိုမယုတ်မာဘူး ကေအိုင်အေကို အမြစ်ပြတ်အောင်တိုက်သင့်ပါသည်။

    ReplyDelete
  3. ဘာကို သာသနာကို သန့်ရှင်းသူ လဲ မင်းကဘာသိလို့လဲ မင်းတို့ဗမာတွေက ငါတို့လာရောက်ကျူးကျော်နေတာ ဒါကိုဘဲ လေရတွေဘာတွေသုံးနေရသေးတယ် ဘာကွန်းဗန်းရှင်း ညာကွန်းဗန်းရှင်းတွေလဲ လာရှင်းပြမနေနဲ့ မင်းတိုကို ဘုရားသခင်က မင်းတို့ကိုဆုံးမမှာ မင်းတို့အပြစ်တွေအတွက် မင်းတို့ဗမာတွေခံယူဖို့ပြင်ထားပါ

    ReplyDelete
  4. အစိုးရက အခုလိုတိုက်နေတာက နည်းပါသေးတယ်။ ဒီထက်ပိုပြီးတော့ ကေအိုင်အေ တွေကို ဆုံးမသင့်ပါတယ်။ ကချင်မျိုးချစ်တပ်မတော် လို့တာ ပြောနေပေမယ့် သောင်းကျန်သူ အကြမ်းဖက်အဖွဲ့ အစည်းကို ဒီထက်ပိုပြီးတော့ ဆုံးမသင့်ပါတယ်။ အကြမ်းဖက်အဖွဲ့ကို အမြစ်ပြတ်အောင်လုပ်သင့်ပါတယ်။

    ReplyDelete
  5. ကချင်အရေးနဲ့ပတ်သက်ပြီး မြန်မာမီဒီယာတွေရဲ့ရပ်တည်ချက်ဟာ
    မျှမျှတတမရှိဘူးဖြစ်နေတယ် ၊စစ်တပ်ကပဲ သူ့ဟာသူနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်လေးတွေကို မတရားလုပ်နေသလိုလို ၊ လေကြောင်းကနေပဲ အနိုင်ကျင့်နေသလိုလို သဘောမျိုးပါတဲ့ အရေးအသားတွေ ၊
    စစ်တပ်ကလေယာဉ်ပျက်ကျရင်ပဲ ၀မ်းသာသလိုလို အပြောအဆိုတွေ ၊ အရေးအသားတွေ တွေ့နေရပါတယ် ၊ ဒီကြားထဲ ကုလားမြအေးကပါ လူတွင်ကျယ်ဝင်လုပ်နေတာတွေလည်း တွေ့နေရပါတယ် ။

    အရေးအသားတွေက ဘယ်လိုဖြစ်နေလဲဆိုရင် KIA က
    တံတားလေး ၁၀၀ ကျော်လောက် နဲ့ ရထားနည်းနည်းပါးပါး ကို
    ဗုံးလေးနဲ့ ခွဲတာမိတာ စစ်တပ်က လေယာဉ်ကြီးနဲ့
    ပစ်နေတယ်ဆိုတာမျိုးဖြစ်နေတယ် ။မီဒီယာတွေဟာ အရင်
    စစ်အစိုးရကိုမုန်းတီးတဲ့စိတ်အခြေခံနဲ့ စစ်တပ်ကခံရရင် ကောင်းတယ်ဆိုတာမျိုး လုပ်နေတာကိုသတိပြုမိတယ် ။ ဒီလိုလုပ်နေသ၍ စစ်တပ်နဲ့ လူထုဟာ ဘယ်တော့မှနီးစပ်တော့မှာမဟုတ်ဘူး ဝေးသည်ထက်ဝေးလာမယ် ၊ ခင်ဗျားတို့ရေးတဲ့သတင်းတွေကို ဖတ်ပြီးစစ်ဗိုလ်စစ်သားတွေဟာ
    အသားဆတ်ဆတ်တုန်အောင် နာကြတယ် ၊ခံပြင်းကြတယ် ။

    ဥပမာတစ်ခုပြောပြမယ် KIA ကနေ စစ်တပ်က ရိက္ခာပို့ယာဉ်တန်းကို
    ခြုံခိုတိုက်လိုက်တာ တစ်နေရာတည်းမှာ အရာရှိ ၆ ဦးနဲ့ အခြားအဆင့်စစ်သည် ၄၂ ဦး ကျဆုံးသွားခဲ့တယ် ၊ အဲဒီတပ်နောက်တန်းမှာ ကျန်ခဲ့တဲ့ ကျန်ရစ်သူမိသားစုတွေ သူတို့နဲ့ ပတ်သက်နေတဲ့ မိဘဆွေမျိုးတွေ ရဲ့ ငိုကြွေးသံတွေဟာ ဘ၀ဂ်ညံသွားခဲ့တယ် ၊ အဲဒီ ငိုကြွေးသံတွေဟာ စစ်သားစိတ် ရှိတဲ့သူတိုင်းရဲ့နားတွေထဲကို သံရည်ပူတွေလောင်းထည့်သလို ခံစားလိုက်ရတယ် ၊ မောင်ရင်တို့ မီဒီယာတွေရဲ့ တစ်ဘက်ပိတ်နားတွေကတော့ ကြားနိုင်မှာမဟုတ်သလို ငရမန်ကန်းတွေမို့ မြင်နိုင်ကြမယ် လည်းမဟုတ်ပါဘူး.....။
    သူတို့ရဲ့ဖခင်ကြီး ဂွမ်းရှောင် သတင်း ကိုကျတော့ အိပ်သာထဲ သေပေါက်တာကအစ
    တင်တယ် ဘယ်ဂျာနယ်လဲ ဆိုတာ လည်းသိလောက်ကြမှာပါ......(V)

    သူတို့တွေရဲ့နားရေးကို တစ်ယောက်စီမလုပ်နိုင်တော့လို့
    ခမ်းမကြီးထဲမှာ ပေါင်းလုပ်လိုက်ရတဲ့ အဖြစ်ရောက်သွားတယ် ၊
    ရေစက်ချတဲ့အချိန်က ရဲမေတွေရဲ့အမျှဝေသံ ၊ သာဓုခေါ်သံတွေကြောင့်
    တရားဟောစင်ပေါ်က ဆရာတော်ကိုယ်တိုင်
    မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရတဲ့အထိဖြစ်ခဲ့တယ်...

    ဒီ့အတွက် ဘယ်သူမှမနာကြဘူး ၊ ဘယ်သူကမှအရေးတယူလုပ်ပြီး
    KIA ကိုမကန့်ကွက်ကြဘူး ၊ ဘယ်သကောင့်သားကမှ ဆူးလေဘုရားနားမှာ ဆန္ဒမဖေါ်ထုတ်ပေးကြဘူး ၊ ဘယ်မျိုးဆက်ကမှ ကြေငြာချက်မထုတ်ကြဘူး ၊ ဒီမျက်ရည်တွေအတွက် ဘယ်သူမှမခံစားပေးခဲ့ကြဘူး... ဒါပေမယ့် ကျဆုံးသွားတဲ့စစ်သည်တွေရဲ့ သွေးတွေဟာ ကျန်ရစ်တဲ့ တပ်မတော်သားတွေရဲ့ နှလုံးသားတွေဆီကိုစီးဆင်းသွားတယ်
    တပ်မတော်သားတွေဆိုတဲ့အထဲမှာ ကာကွယ်ရေးဦးစီးချုပ်လဲ ပါမှာပဲ.....

    တပ်မတော်သားတွေရဲ့ သစ္စာအဓိဌာန်ထဲမှာ ကျဆုံး လေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်ဆိုတာ ပါတယ် ခု KIA ကိုပြန်တိုက်တယ် ... ဒါ ကချင်တွေမို့လို့ တိုက်နေတာမဟုတ်ဘူး ၊ တိုင်းရင်းသားတွေမို့ တိုက်နေတာမဟုတ်ဘူး ဗမာဗမာချင်းဆိုရင်လဲ တိုက်မှာပဲ၊ဒါဟာ ကျဆုံးသွားကြတဲ့ စစ်သည်တွေရဲ့ သစ္စာကို စောင့်သိနေတာပါဘဲ...... ဆက်ပြီးတော့လဲ စောင့်သိနေဦးမှာပါပဲ.....

    ရဲဘော်တို့ ကောင်းရာသုဂတိလားပါစေ..................

    ဒေါက်တာဆိတ်ဖွား

    ReplyDelete
  6. သနားစရာ ကေအိုင်အေ ပြေးတမ်းလိုက်တမ်းကစားစရာမဟုတ်ဘူး မောင်မောင်ခေါ်ဗျာမထူးလေယဉ်ဆော်မှ ဘဝကူးမှာသေချာတယ် ကျွတ်ကျွတ်သနားတယ်ခုမှမိအေး သုံးခါနာပီငြိမ်းချမ်းရေးလဲမ မှီဆုံးရှုံးမှု့ကများချေကားယား လက်ကားယား အခုဘယ်လိုဆင်ချေပေးအုံးမလဲမျောက်သံရေပူကိုင်မိပြီ

    ReplyDelete
    Replies
    1. ကောင်းပါတယ်၊ ဥပဒေအကြောင်း နားလည်သူရှင်းပြတော့ သိရတာပေါ့
      KIA ဆိုတဲ့အဖွဲ့က ကြားဖူးသလောက် သူ့အတွက်ပဲသူလုပ်နေတဲ့အဖွဲ့ပါ၊ ကချင်ပြည်နယ်က ရှိသမျှ ကျောက်စိမ်းတွေရောင်းစားပြီး ခွဲထွက်ဖို့ကြိုးစားနေတဲ့အဖွဲ့လို့ နားလည်ထားတယ်၊ စစ်တပ်မှ ဒီကိစ္စကို မကိုင်တွယ်ရင် မြန်မာပြည်မြေပုံ ပုံစံပြောင်းသွားနိုင်တယ်၊ လုပ်သာလုပ်ပါ၊ အပြတ်သာဗုံးကြဲပစ်၊ ထောက်ခံတယ်

      Delete
  7. မကြောက်ပါနဲ့ ကေအိုင်အေ အစိုးရတပ်က ဘာမှဓာတုလက်နက်လဲမသုံးဘူး ကြောက်ဒူးတုန်ပြီးအော်နေကြတာ မင်းတို့ရှုံးရှင် ဒီလိုဘဲအော်နေကြတာဘဲ မင်းတို့က အစိုးရတပ်လူနည်းနည်းလေးကို အင်းအား ရာနဲ့ချီတိုက်တုန်းက video file တွေတင်ပြီးတော့ဝါဒဖြန့်နေပြီးတော့ အခုမှာ ကြောက်ပြီး ဓာတုလက်နက်တွေ လေယာဉ်တွေမသုံးနဲ့ပြောနေရအောင် မင်းတို့က ဘာသိလို့လဲ

    ReplyDelete
  8. အစိုးရတပ်က လူနေရပ်ကွက်တွေကို ပစ်တာမဟုတ်ဘူး အကြမ်းဖက်သမားတွေရှိ တဲ့ တောင်ကုန်းတွေကိုပစ်တာ အစိုးရက ဘာဓာတုလက်နက်မှမသုံးဘူး။ မင်းတို့ကေအိုင်အေ တွေက ဘုရားကို တစ်နေ့ ၃ခါ သမန်ကျမ်းစာတွေဘဲဖတ်ဖတ် လုပ်လုပ် ရွံ့ကျမ်းစာတွေဘဲဖတ်ဖတ် လူကြားကောင်းအောင်ပြောနေတဲ့ကောင်တွေ ကချင်ပြည်သူတွေကိုဒုက္ခပေးတဲ့ ကောင်တွေ ဒီထက်တောင်ဆုံးမသင့်ပါသည်။

    ReplyDelete
  9. စစ်ခွေးတွေလိုက်ဟောင်မနေနဲ့ မင်းတို့မကြာခင်ဇာတ်သိမ်းခန်းရောက်တော့မယ် မင်းတို့အားကိုးနေတဲ့ လေယာဉ်တွေလဲ မကြာခင်ပစ်ချခံရတော့မယ် လေကျယ်မနေကြနဲ့

    ReplyDelete
  10. တရားသူကြီးရေ နားမလည်တဲ့သူတွေကို သွားပြီးရှင်းပြမနေပါနဲ့ နွားပလာတာကျွေး ကျွဲပါးစောင်းတီးတဲ့ ကောင်တွေ ရထားလမ်းမိုင်ခွဲ လူသတ် မိုင်းထောင်ဖို့ဘဲသိတဲ့ အကြမ်းဖက်သမားတွေကိုရှင်းပြရင်မောလိမ့်မယ်။ အဲဒီအကြမ်းဖက်သမားတွေကိုသာ အပြတ်ရှင်းခိုင်းဖို့တာ စစ်တပ်ကို ပြောလိုက်ပါတော့ ဒီကောင်တွေမရှိမှ ကချင်ပြည်နယ်အေးချမ်းမှာပါ

    ReplyDelete
  11. ကောင်းပါတယ်၊ ဥပဒေအကြောင်း နားလည်သူရှင်းပြတော့ သိရတာပေါ့
    KIA ဆိုတဲ့အဖွဲ့က ကြားဖူးသလောက် သူ့အတွက်ပဲသူလုပ်နေတဲ့အဖွဲ့ပါ၊ ကချင်ပြည်နယ်က ရှိသမျှ ကျောက်စိမ်းတွေရောင်းစားပြီး ခွဲထွက်ဖို့ကြိုးစားနေတဲ့အဖွဲ့လို့ နားလည်ထားတယ်၊ စစ်တပ်မှ ဒီကိစ္စကို မကိုင်တွယ်ရင် မြန်မာပြည်မြေပုံ ပုံစံပြောင်းသွားနိုင်တယ်၊ လုပ်သာလုပ်ပါ၊ အပြတ်သာဗုံးကြဲပစ်၊ ထောက်ခံတယ

    ReplyDelete
  12. ကြီးကြီးကျယ်ကျယ်တွေလျောက်ပြောမနေနဲ့ တရားသူကြီး မင်းက ပြည်သူတွေပိုက်ဆံတွေလက်စားနေတဲ့ ပိုက်ဆံရမှ အမှုကို အနိုင်ပေးတာ အခု ဘာတွေလာပြောနေတာလဲ အငြိမ်းစားယူလဲအေးအေးဆေးဆေးနေ သေခါနီးရင်အေးဆေးနေပေါ့ ၀င်ရှုပ်မနေနဲ့

    ReplyDelete
  13. ဂျီနီဗာကွန်ဗင်းရှင်းမှာ လေကြောင်းတိုက်ခိုက်မှုမပြုရဘူးလို့ မပါဘူး၊ မှန်တယ်၊
    လူသားချင်း စာနာထောက်ထားရမယ်ဆိုတဲ့အထဲမှာလည်း အကြမ်းဖက်အဖွဲ့ဝင်တွေမပါဘူး၊ စစ်တပ်ကတိုက်ခိုက်တာက သူပုန်အဖွဲ့ကိုတိုက်ခိုက်တာ၊ ပြည်သူတွေမထိရင်ပြီးရော၊ လိုင်ဇာကိုပါ သိမ်းပစ်

    ReplyDelete
  14. ပြည်သူတွေမထိဘူးတာပြောတယ် လယ်လုပ်နေတဲ့ မိသားစုထိလို့ သေသွားတာ မင်းတို့မသိဘူးလား ငါတို့က အကြမ်းဖက်အဖွဲ့အစည်းမဟုတ်ဘူး ငါတို့ကချင်နိုင်ငံကိုကာကွယ်နေတာ မင်းတိုက ကျူးကျော်စစ်ဆင်နွဲနေတာ

    ReplyDelete
  15. ဒီလောက်လူမဆန်တဲ့ KIA ကိုမှ စစ်တပ်ကပြတ်ပြတ်သားသားမလုပ်ရင် ကချင်ပြည်နယ်ပျက်လိမ့်မယ်၊ ပြတ်ပြတ်သားသားလုပ်သင့်တာကြာပြီ၊ ဒီခေတ်မှာ အကြမ်းဖက်အဖွဲ့ဆိုရင် အားလုံးကရွံနေကြပြီ၊

    ReplyDelete
  16. ဂျီနီဗာကွန်ဗင်းရှင်းမှာ လေကြောင်းတိုက်ခိုက်မှုမပြုရဘူးလို့ မပါဘူး၊ မှန်တယ်၊
    လူသားချင်း စာနာထောက်ထားရမယ်ဆိုတဲ့အထဲမှာလည်း အကြမ်းဖက်အဖွဲ့ဝင်တွေမပါဘူး၊ စစ်တပ်ကတိုက်ခိုက်တာက သူပုန်အဖွဲ့ကိုတိုက်ခိုက်တာ၊ ပြည်သူတွေမထိရင်ပြီးရော၊ လိုင်ဇာကိုပါ သိမ်းပစ်

    ReplyDelete
  17. ဒီလောက်လူမဆန်တဲ့ KIA ကိုမှ စစ်တပ်ကပြတ်ပြတ်သားသားမလုပ်ရင် ကချင်ပြည်နယ်ပျက်လိမ့်မယ်၊ ပြတ်ပြတ်သားသားလုပ်သင့်တာကြာပြီ၊ ဒီခေတ်မှာ အကြမ်းဖက်အဖွဲ့ဆိုရင် အားလုံးကရွံနေကြပြီ၊

    ReplyDelete
  18. ဘယ်သူမှတော့ တိုက်ပွဲတွေဖြစ်စေလိုမှာမဟုတ်ပါဘူး၊ ဒါပေမယ့် အေးအေးဆေးဆေးဆွေးနွေးလို့မှမရရင် ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်မှသာ အဖြေမှန်ရပါလိမ့်မယ်။ ကချင်ပြည်နယ်က တိုင်းရင်းသားတွေအတွက် ကိုယ်ချင်းစာမိပါတယ်၊

    ReplyDelete
  19. Terrorist ဆိုရင်တော့ အပြုတ်သာတိုက်ပစ်ပါ၊ ချန်မထားသင့်ပါဘူး၊

    ReplyDelete
  20. ကချင်ပြည်နယ်စစ်ပွဲဟာ စစ်တပ်က KIA ကိုတိုက်တာပါ၊ ကချင်တိုင်းရင်းသားတွေကို တိုက်နေတာမဟုတ်ပါဘူး KIA နဲ့ ကချင်တိုင်းရင်းသားတွေဟာ သီးခြားစီပါ၊ KIA ဟာ ကချင်တိုင်းရင်းသားတွေကို ကိုယ်စားမပြုဘူး၊ သောင်းကျန်းသူကိုချေမှုန်းနေတာပါ၊ အကြမ်းဖက်အဖွဲ့အစည်းကို ရှင်းလင်းပစ်နေတာပါ၊ ကချင်ပြည်နယ်ထဲက တိုင်းရင်းသားအားလုံး ထာဝရငြိမ်းချမ်းဖို့ တပ်မတော်က သမိုင်းပေးတာဝန်အတိုင်းလုပ်နေတာလို့ မြင်တယ်

    ReplyDelete
  21. Terrorist ဆိုရင်တော့ အပြုတ်သာတိုက်ပစ်ပါ၊ ချန်မထားသင့်ပါဘူး၊

    ReplyDelete
  22. KIA ရဲ့ သမိုင်းကို ကျုပ်တို့သိပါတယ်၊ အင်မတန်မှ ကောက်ကျစ်တဲ့ ခေါင်းဆောင်တွေ KIA မှာရှိတယ်၊ ဒီခေါင်းဆောင်တွေ မရှိတော့တဲ့တစ်နေ့ ကချင်ပြည်နယ်အေးချမ်းတဲ့နေ့ပဲ၊ စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေကို အပြည့်အဝထောက်ခံတယ်၊

    ReplyDelete
  23. ကချင်ပြည်နယ်ထဲကရှမ်းတစ်ယောက်ရဲ့ ခံစားချက်ကတော့ KIA ဆိုရင် အမှုန့်ချေချင်တယ်၊ ကျုပ်တို့ တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ကြေငြာချက်ကို ထောက်ခံပေးကြပါ၊ ကျုပ်တို့ ရှမ်းတွေ အပေါ် KIA ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ရှမ်းတိုင်းရင်းသားအားလုံးရဲ့ကိုယ်စား KIA ကို လုံးဝဆန့်ကျင်ကြောင်း ကြေငြာလိုက်ပါတယ်။

    ReplyDelete
  24. KIA ဟာ တကယ်တော့ ခွဲထွက်ဖို့ကြိုးစားနေတဲ့အဖွဲ့ပါ၊ ဒါကိုတော့ တာဝန်ရှိသူတွေ လုံးဝလက်သင့်ခံလို့မရပါဘူး၊ နိုင်ငံအတွက် အန္တရာယ်ကြီးလှပါတယ်၊ ဖြစ်တဲ့နည်းနဲ့ ကာကွယ်ရမှာပါ၊

    ReplyDelete
  25. တိုင်းပြည်ထဲက ဖဲ့ထွက်ဖို့ KIA က ကြိုးစားနေတာကို အားလုံးသဘောပေါက်သင့်တယ်၊ ခင်ဗျားတို့ ဘာလုပ်ကြမလဲ

    ReplyDelete
  26. KIA ဟာ တကယ်တော့ ခွဲထွက်ဖို့ကြိုးစားနေတဲ့အဖွဲ့ပါ၊ ဒါကိုတော့ တာဝန်ရှိသူတွေ လုံးဝလက်သင့်ခံလို့မရပါဘူး၊ နိုင်ငံအတွက် အန္တရာယ်ကြီးလှပါတယ်၊ ဖြစ်တဲ့နည်းနဲ့ ကာကွယ်ရမှာပါ၊

    ReplyDelete