Sunday, June 15, 2014

ဟာသသရုပ်ဆောင်ကုသိုလ် ကွယ်လွန်

ဟာသသရုပ်ဆောင် ဦးမြင့်သိန်း (ခ) ကုသိုလ် အသက် (၆ဝ) နှစ်သည် ၁၅.၆. ၂ဝ၁၄ (တနင်္ဂနွေနေ့) မွန်းလွဲ (၁၂း၎ဝ) နာရီအချိန်တွင် အောင်ရတနာဆေးရုံ၌ အသည်းရောဂါဝေဒနာဖြင့် ကွယ်လွန်သွားခဲ့ပါသည်။
ကြွင်းကျန်ရစ်သည့် ရုပ် ခန္ဓာအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက် သယ်ဆောင်ပြီး ရေဝေး သုဿန် အအေးခန်းသို့ ပို့ဆောင်ကူညီပေးမည် ဖြစ်ပါသည်။ ဈာပန အခမ်း အနား နေ့ရက်၊ အချိန် အစီအစဉ်တို့အား ထပ်မံ၍ ကြေငြာသွားပါမည်ဟု နာရေးကူညီမှု အသင်း( ရန်ကုန်)၏ လူမှုကွန်ရက် Facebook တွင် ဖော်ပြထားပါသည်။

ဧရာဝတီ

No comments:

Post a Comment