Friday, July 12, 2013

မြန်မာ့စီးပွားရေးဘဏ် နှစ် ၂၀ ကျော် အမြတ်အစွန်း မရဘဲ အရှုံးပြခဲ့၍ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၇၉ ဘီလျံကျော် ထောက်ပံ့သုံးစွဲခဲ့ရ

7.11.8
ဇူလိုင် ၁၁ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့စီးပွားရေး ဘဏ်သည် နှစ်ပေါင်း ၂၀ ကျော် အမြတ်အစွန်း မရခြင်း၊ အရှုံးပြခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း
ပူးပေါင်းကော်မတီမှ တင်သွင်းသည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ အရအသုံး စာရင်းများ အပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအရ သိရသည်။
ဇူလိုင် ၁၁ ရက်ကကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် ၏ ငွေစာရင်း ပူးပေါင်း ကော်မတီက နိုင်ငံတော်၏ အရအသုံး စာရင်းများ အပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအား ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသူရိန်ဇော်က ဖတ်ကြားခဲ့သည်။

မြန်မာ့စီးပွားရေး ဘဏ်သည် နိုင်ငံတော်၏ မူဝါဒပိုင်း ဆိုင်ရာများနှင့် ပတ်သက်၍ အတိုးနှုန်း လျှော့ချထုတ်ချေး ပေးရသဖြင့် အရှုံးပေါ်ရခြင်း ဖြစ်ကြောင်း၊ ထို့အတွက် မြန်မာ့စီးပွားရေး ဘဏ်သည် ပုဂ္ဂလိက ဘဏ်များနှင့် ယှဉ်ပြိုင်၍ စီးပွားရေးဆန်ဆန် ဆောင်ရွက်ရန် လိုအပ်ပြီး ထင်သာမြင်သာ ရှိစေရန်အတွက် နိုင်ငံတော် အစိုးရ၏ မူဝါဒများနှင့် ပတ်သက်၍ နိုင်ငံတကာကဲ့သို့ Policy Bank ကို သီးခြားဖွင့်လှစ် ဆောင်ရွက်ရန် လိုအပ်...


အဆိုပါ အစီရင်ခံစာအား ဖတ်ကြားရာတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အသုံးစရိတ်တွင် မြန်မာ့ စီးပွားရေးဘဏ်နှင့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှု ဘဏ်တို့၏ အရှုံးအတွက် ထောက်ပံ့ရန် လျာထားမှုများ ပါဝင်ကြောင်း၊ မြန်မာ့စီးပွားရေး ဘဏ်သည် ၁၉၈၈-၁၉၈၉ ဘဏ္ဍာရေး နှစ်အထိ နှစ်စဉ် အမြတ်အစွန်း မရရှိဘဲ ၁၉၈၉-၁၉၉၀ ဘဏ္ဍာရေးနှစ်မှ စ၍ ချေးငွေများကို Zero Setting ပြုလုပ်ခဲ့ရခြင်း၊ လုပ်ငန်းများကိုလည်း အမြတ်အစွန်းကို ပဓာန မထားဘဲ နိုင်ငံတော် တိုးတက်ရေးနှင့် ငွေကြေးဖောင်းပွ မှုများကိုသာ ဦးတည် လုပ်ဆောင်ခဲ့ရသဖြင့် အမြတ်အစွန်း မရရှိနိုင်ဘဲ Capital နှင့် Reserve တို့မှာ လျော့နည်းသွားခြင်း မရှိဘဲ လက်ခံရရှိထားသည့် အပ်ငွေများ ထုတ်ချေးထားရသည့် ဖွံ့ဖြိုးရေး ဆိုင်ရာ ချေးငွေများနှင့် အချိုးညီမျှခွင့် မရှိကြောင်း ဖော်ပြထားသည့် အချက်များကို ထည့်သွင်း ဖတ်ကြား ခဲ့ခြင်း ဖြစ်သည်။
ထို့အတွက် ၁၉၈၉-၁၉၉၀ ဘဏ္ဍာရေး နှစ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ထိ နှစ်ပေါင်း ၂၂ နှစ်ကြာ မြန်မာ့စီးပွားရေး ဘဏ်အနေဖြင့် အမြတ်မရခြင်း၊ အရှုံးပြခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့စီးပွားရေး ဘဏ်၏ အရှုံးအား ထောက်ပံ့မှုဖြင့် ငွေကျပ် ၇၉ ဒသမ ၁၆၈ ဘီလျံ သုံးစွဲခဲ့ကြောင်း စာရင်းစစ် အစီရင်ခံစာအရ သိရသည်။
မြန်မာ့စီးပွားရေး ဘဏ်သည် နိုင်ငံတော်၏ မူဝါဒပိုင်း ဆိုင်ရာများနှင့် ပတ်သက်၍ အတိုးနှုန်း လျှော့ချ ထုတ်ချေး ပေးရသဖြင့် အရှုံးပေါ်ရခြင်း ဖြစ်ကြောင်း၊ ထို့အတွက် မြန်မာ့စီးပွားရေး ဘဏ်သည် ပုဂ္ဂလိက ဘဏ်များနှင့် ယှဉ်ပြိုင်၍ စီးပွားရေးဆန်ဆန် ဆောင်ရွက်ရန် လိုအပ်ပြီး ထင်သာမြင်သာ ရှိစေရန် အတွက် နိုင်ငံတော် အစိုးရ၏ မူဝါဒများနှင့် ပတ်သက်၍ နိုင်ငံတကာကဲ့သို့ Policy Bank ကို သီးခြား ဖွင့်လှစ် ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက တိုက်တွန်း ပြော ကြားသည်။

From...EMG

No comments:

Post a Comment