Monday, July 1, 2013

အမျိုးသားများအတွက် သန္ဓေအောင်စေနိုင်သော အထူးအစားအစာများ

(၁) လတ်ဆတ်သော သစ်သီးများ
ယင်းသစ်သီးများထဲတွင် ဗီတာမင်စီပမာဏများစွာပါဝင်ပြီး ၄င်းကသုက်ပိုးများတစ်ကောင်နှင့် တစ် ကောင်ပူးကပ်ခြင်းမှကာကွယ်ပေး ပြီး လွတ်လွတ်လပ်လပ်လှုပ်ရှား နိုင်ရန် အကူအညီပေးနိုင် သည်။ ဒါ့အပြင် ၄င်းက သုက်ပိုးများကို ပုံပျက်ပန်းပျက်ဖြစ်ခြင်းက ကာကွယ် ပေးနိုင်ပါ တယ်။ ဒါကြောင့် နေ့စဉ် ကီဝီ၊ သရက်၊ စတော်ဘယ်ရီ၊ ဂရိတ် ဖရုစတဲ့ အသီးတွေကို စားပေးသင့် ပါတယ်။

(၂) ဘရာဇီး အခွံမာသီးများ

ယင်းအသီးများက သုက်ပိုးအ ရေအတွက်ကိုများစေပြီး၊ ဆယ်လီနီ ယမ်များစွာပါဝင်သည့်အတွက် သုက် ပိုးများကို တက်ကြွစွာလှုပ်ရှားစေနိုင် ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲရှိ ကျားဟော်မုန်းကိုလည်း ပိုမို ထွက်စေ ပြီး၊ စွမ်းဆောင်ရည်ကိုလည်းမြင့် တက်စေနိုင်ပါတယ်။

(၃) ကြက်သွန်ဖြူ

(၄) အဆီများသောငါးများ

ဆယ်လ်မွန်၊ဆာဒင်းကဲ့သို့သော အဆီများသည့် ငါးများတွင် မရှိမဖြစ် လိုအပ်သော အဆီဓာတ် များ ပါဝင်ပြီး ယင်းတို့က မျိုးပွားအင်္ဂါအဖွဲ့အစည်း တစ်ဝိုက် တွင် သွေး လှည့်ပတ်မှု ပိုမို ကောင်းစေပြီး သုက်ပိုးအရည်အသွေးကိုလည်း မြင့်တက်စေပါတယ်။

(၅) ငရုတ်သီး

ငရုတ်သီးစပ်စပ်များကတော့ သန္ဓေအောင်စေမယ့် အဓိက အင်္ဂါတစ်လျောက်သွေးလှည့်ပတ်မှုကိုပို မိုမြန်စေပြီး စွမ်းဆောင်ရည်ပို ကောင်းစေနိုင်ပါတယ်။ဒါကြောင့် သားသမီးရရှိဖို့ ဘုရားမှာ ဆုတောင်းမည့် အစား သင့်ရဲ့ အာဟာရလိုအပ်ချက်တွေကို ပြောင်းလဲပြီး သားသမီးရဖို့ ကြိုးစားတာ ပိုသင့်လျော်ပါ
လိမ့်မယ်။

အဝင်း
Health Updates Journal

No comments:

Post a Comment