Monday, July 1, 2013

တောင်အာဖရိကတွင် အိုဘားမား ထွက်သွားပေးရန် ပြည်သူရာနှင့်ချီ ဆန္ဒပြ

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်ခ်ျမြို့သို့ ရောက်ရှိနေသော အမေရိကန်သမ္မတ အိုဘားမားကို ဆန့်ကျင်ဆန္ဒပြပြီး ''ထွက်သွား အိုဘားမား'' ဟူသော ကြွေးကြော်သံများ သံပြိုင်ဟစ်ကြွေးးကြသော
ဆန္ဒပြသူ တစ်ရာကျော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွားခဲ့သည်။ အိုဘားမားနှင့် ကျောင်းသား များ တွေ့ဆုံခဲ့ရာ ဂျိုဟန်နစ္စဘတ်ခ်ျ တက္ကသိုလ် ဆိုစီကို ပရိဝုဏ် အပြင်ဘက်တွင် စုရုံးနေသည့် ဆန္ဒပြသူများကို ဇွန် ၂ဝ ရက်၌ ရဲများက မျက်ရည်ယိုဗုံးများ၊ မူးမေ့ဗုံးများသုံးကာ ဖြိုခွင်းခဲ့သည်။ အိုဘားမား၏ ထောက်လှမ်းရေး အစီအစဉ်များနှင့် နိုင်ငံခြား ပေါ်လစီတို့ကို ဆန္ဒပြသူများက ရှုတ်ချသည့် ကြွေးကြော်သံများလည်း ဟစ်ကြွေးခဲ့ကြသည်။ စီအိုင်အေအဖွဲ့ ဒရုန်းယာဉ်များဖြင့် တိုက်ခိုက်ခြင်း၊ ဂွာတာနာမို အကျဉ်းထောင်ကိစ္စနှင့် ကျုးဘားနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားမှုများကို မနှစ်မြို့ကြောင်း အော်ဟစ်ကြသည်။ (ပရက်စ်တီဗွီ)

From...ခေတ်လူငယ်

No comments:

Post a Comment