Sunday, July 14, 2013

ဒေါ်အောင်ဆန်းစုကြည် သြစတေးလျှ သွားမည်

Photo: ဒေါ်အောင်ဆန်းစုကြည် သြစတေးလျှ သွားမည်
Sunday, 14 July 2013

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်ကုန်ပိုင်းမှာ သြစတေး လျား နိုင်ငံကို အလည်အပတ်သွားရောက်မယ်လို့ ဇူလိုင်လ ၁၃ ရက်နေ့ သြစတေးလျှက လာတဲ့သတင်းတွေမှာဖေါ်ပြထားပါတယ်။

ဆစ်ဒနီမြိ့မှာ လာမယ့် ဒီဇင်ဘာလဆန်း ကျင်းပမယ့် ကုလသမဂ္ဂ အေ အိုင်ဒီအက်စ် ညီလာခံကို တက်ရောက်ပြီးနောက် မယ်လ်ဘုန်းအပါအဝင် တခြားမြို့တစ်ချို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်လည် ပတ်မယ်လို့သိရပါတယ်။

သြစတေးလျတက္ကသိုလ်အများအပြားကလည်း ဒီခရီးစဉ်အတွင်း သူ့ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တွေချီးမြှင့်ဖို့ ကမ်းလှမ်းနေကြတယ်လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က သူ့အနေနဲ့ သြစတေးလျှကို ရာသီဥတုကောင်း မွန်တဲ့ ကာလအတွင်းသွားရောက်လည်ပတ်လိုပါတယ်၊ ဖြစ်နိုင်မယ်ဆိုရင် နည်းနည်းပါးပါး အနားယူလိုပါတယ်လို့ပြောကြောင်းလည်း သိရပါတယ်။

ဒီဇင်ဘာလဟာ သြစတေးလျှမှာ နွေဥတုရဲ့ ပထမဆုံးလ ဖြစ်ပါတယ်။ ခရီးစဉ်အတိအကျကို ထုတ်ပြန်ချင်းတော့မရှိသေးပါဖူး။

RFA
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်ကုန်ပိုင်းမှာ သြစတေး လျား နိုင်ငံကို အလည် အပတ် သွားရောက်မယ်လို့ ဇူလိုင်လ ၁၃ ရက်နေ့ သြစတေးလျှက လာတဲ့သတင်းတွေမှာဖေါ်ပြထားပါတယ်။
ဆစ်ဒနီမြိ့မှာ လာမယ့် ဒီဇင်ဘာလဆန်း ကျင်းပမယ့် ကုလသမဂ္ဂ အေ အိုင်ဒီအက်စ် ညီလာခံကို တက်ရောက်ပြီးနောက် မယ်လ်ဘုန်းအပါအဝင် တခြားမြို့တစ်ချို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်လည် ပတ်မယ်လို့သိရပါတယ်။

သြစတေးလျတက္ကသိုလ်အများအပြားကလည်း ဒီခရီးစဉ်အတွင်း သူ့ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့တွေ ချီးမြှင့်ဖို့ ကမ်းလှမ်းနေကြတယ်လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ သြစတေးလျှကို ရာသီဥတုကောင်း မွန်တဲ့ ကာလအတွင်း သွားရောက်လည်ပတ်လိုပါတယ်၊ ဖြစ်နိုင်မယ်ဆိုရင် နည်းနည်းပါးပါး အနားယူလိုပါတယ်လို့ ပြောကြောင်းလည်း သိရပါတယ်။

ဒီဇင်ဘာလဟာ သြစတေးလျှမှာ နွေဥတုရဲ့ ပထမဆုံးလ ဖြစ်ပါတယ်။ ခရီးစဉ်အတိအကျကို ထုတ်ပြန် ချင်းတော့မရှိသေးပါဖူး။

RFA

No comments:

Post a Comment