Sunday, July 14, 2013

ဝ အထူးဒေသနှင့် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု အဆင်ပြေဟုဆို



Photo: ဝ အထူးဒေသနှင့် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု အဆင်ပြေဟုဆို
Sunday, 14 July 2013

ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့သော မြန်မာ တပ်မတော်နှင့် ဝ အထူးဒေသ (၂) (ဝ သွေးစည်းညီညွတ်ရေး တပ်မတော်) တို့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု အဆင်ပြေသွားကြောင်း ကာ ကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်း ထွဋ် က ပြောကြားသည်။

အဆိုပါ အကြောင်းအရာကို ဇူလိုင်လ ၁၂ ရက်နေ့က ကျိုင်းတုံမြို့တွင် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့နှင့် ဝ အထူးဒေသ (၂) တို့ တွေ့ဆုံဆွေးနွေးမှုအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ဒုတိယဗိုလ်ချုပ်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ဝ တပ်မတော်နဲ့ ကိုယ်တို့ သံသယမရှိပါဘူး။ အာဃာတ အငြိုးအတေးလည်း မရှိပါဘူး။ သူဝိုင်းကိုယ်ဝိုင်း ဆိုတာက အောက်ခြေမှာ တစ်ယောက်နဲ့တစ်ယောက် အထင်မှားတဲ့ သဘောလေးတွေ ရှိတယ်။ အခုလူကြီးတွေ ဆွေးနွေးလိုက်တော့ အဆင်ပြေသွားပါပြီ” ဟု ဒုတိယဗိုလ်ချုပ်ကြီးက ဆိုသည်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဝ အထူးဒေသ (၂) တို့ တွေ့ဆုံးဆွေးနွေးမှု အပြီးတွင် အချက်ငါးချက်ပါသော နှစ်ဦးနှစ်ဖက် သဘောတူညီမှုကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ 

ယင်းသဘောတူညီ ချက်တွင် ဝ အထူးဒေသ (၂) သည် မြန်မာနိုင်ငံ၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည့်အတွက် နိုင်ငံတော်ကို သွေးခွဲခြင်း၊ ခွဲထွက်ခြင်းများ ပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဝ အထူးဒေသ (၂) ၏ စွမ်းရည်များ ကို ပေးဆောင်သွားမည်ဟုလည်း ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းက ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဝ အထူးဒေသ (၂) ရှိ ဝ တပ်ဖွဲ့ဝင်များကို တပ်မတော်က ဆုတ်ခွာရန် ညွှန်ကြားသဖြင့် နှစ်ဖက်တပ်များ စစ်ရေးတင်းမာမှုများ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်ဟု ပြည်တွင်းပြည်ပ သတင်းမီဒီယာတို့တွင် ဖော်ပြထား
သည်။

ဝ သွေးစည်းညီညွတ်ရေး တပ်မတော်သည် ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အစိုးရ၏ နယ်ခြားစောင့်တပ်ကို လက်မခံသည့် လက်နက်ကိုင် အဖွဲ့အ စည်း ဖြစ်သည့်အပြင် ဝ ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် အဖြစ် ပြီးခဲ့သည့် လပိုင်းက တောင်းဆိုထားသည်။

The Voice Weekly
ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့သော မြန်မာ တပ်မတော်နှင့် ဝ အထူးဒေသ (၂) (ဝ သွေးစည်းညီညွတ်ရေး တပ်မတော်) တို့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု အဆင်ပြေသွားကြောင်း ကာ ကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်း ထွဋ် က ပြောကြားသည်။


အဆိုပါ အကြောင်းအရာကို ဇူလိုင်လ ၁၂ ရက်နေ့က ကျိုင်းတုံမြို့တွင် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့နှင့် ဝ အထူးဒေသ (၂) တို့ တွေ့ဆုံဆွေးနွေးမှုအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ဒုတိယဗိုလ်ချုပ်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ဝ တပ်မတော်နဲ့ ကိုယ်တို့ သံသယမရှိပါဘူး။ အာဃာတ အငြိုးအတေးလည်း မရှိပါဘူး။ သူဝိုင်း ကိုယ်ဝိုင်းဆိုတာက အောက်ခြေမှာ တစ်ယောက်နဲ့တစ်ယောက် အထင်မှားတဲ့ သဘောလေးတွေ ရှိတယ်။ အခုလူကြီးတွေ ဆွေးနွေးလိုက်တော့ အဆင်ပြေသွားပါပြီ” ဟု ဒုတိယဗိုလ်ချုပ်ကြီးက ဆိုသည်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဝ အထူးဒေသ (၂) တို့ တွေ့ဆုံးဆွေးနွေးမှု အပြီးတွင် အချက်ငါးချက်ပါသော နှစ်ဦးနှစ်ဖက် သဘောတူညီမှုကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ယင်းသဘောတူညီ ချက်တွင် ဝ အထူးဒေသ (၂) သည် မြန်မာနိုင်ငံ၏ အရေးကြီးသော အစိတ် အပိုင်း ဖြစ်သည့်အတွက် နိုင်ငံတော်ကို သွေးခွဲခြင်း၊ ခွဲထွက်ခြင်းများ ပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဝ အထူးဒေသ (၂) ၏ စွမ်းရည်များ ကို ပေးဆောင် သွားမည်ဟုလည်း ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းက ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဝ အထူးဒေသ (၂) ရှိ ဝ တပ်ဖွဲ့ဝင် များကို တပ်မတော်က ဆုတ်ခွာရန် ညွှန်ကြားသဖြင့် နှစ်ဖက်တပ်များ စစ်ရေးတင်းမာ မှုများ ဖြစ် ပွားခဲ့ခြင်း ဖြစ်သည်ဟု ပြည်တွင်းပြည်ပ သတင်းမီဒီယာတို့တွင် ဖော်ပြထားသည်။

ဝ သွေးစည်းညီညွတ်ရေး တပ်မတော်သည် ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အစိုးရ၏ နယ်ခြားစောင့်တပ်ကို လက်မခံသည့် လက်နက်ကိုင် အဖွဲ့အ စည်း ဖြစ်သည့်အပြင် ဝ ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် အဖြစ် ပြီးခဲ့သည့် လပိုင်းက တောင်းဆိုထားသည်။

The Voice Weekly

No comments:

Post a Comment