မန္တလေးဘူတာကြီး စင်္ကြန်အမှတ်(၁)၌ တွဲဆိုင်းထိုးထားသော မန္တလေးမှ မြစ်ကြီးနားသို့ ထွက်ခွာမည့် အမှတ်(၃၃)အဆန်ရထား၊အိပ်စင်တွဲ(၃ )၊အိပ်ခန်း(F -3) တွင်ထိုင်နေသော မယိန်းဂျိန် ၊သ(၃၁)နှစ် ၊(ဘ) ဦးယော်သိန်း၊(၁၃/ ကခန(နိုင်)၀၅၁၉၉၈)၊ရပ်ကွက်(၈)၊နယ်မြေ(၃)နေသူအား မီးရထား ရဲစခန်းမှ တပ်ကြပ်ကြီးရှုမောင်တင် ၊ဒုတပ်ကြပ်သူရကျော်စွာ၊ဒုတပ်ကြပ် ခင်မောင်ထွန်း၊အမျိုးသမီးရဲတပ်သား အိအိဖြူတို့ မှ ဇူလိုင်လ(၃)ရက်နေ့(၁၇း၁၅)အချိန်ခန့်တွင် မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ရဲစခန်းသို့ခေါ် ယူပြီး အသိသက်သေများရှေ့တွင် စစ်ဆေးခဲ့ရာ ၎င်းယူဆောင်လာသောClou Dragon တံဆိပ်ပါ နီနက်ကြားခရီးဆောင်လက်ဆွဲအိတ်အတွင်းမှ ကြွပ်ကြွပ်အိတ်အမဲရောင်ဖြင့်ထုတ်လျက် တိတ်အကြည် ပတ်ထားသောအထုပ်နှစ်ထုပ်ထဲ တစ်ထုပ်လျင်(၁၂)ဂရမ်စီပါ ရောင်စုံဆပ်ပြာခွက်(၂၂)ခွက်အတွင်း ထည့် ထားသော ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်အမှုန့်(၂၆၄)ဂရမ်၊ကာလတန်ဖိုးငွေ(၂၁၁,၂၀ ၀,၀၀)ကျပ်နှင့် ၎င်းအိတ်ထဲမှပင်မှိုင်းကိုင် စက္ကူဖြင့်ပတ်ထားသော အပြာရောင်ကပ်ခွာ အိတ်(၇) အိတ်အတွင်းမှ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၃၃၀)ပြား၊ ကာလတန် ဖိုးငွေ(၆၆၅,၀၀၀,၀) ကျပ်တို့ အား ရှာဖွေတွေ့ရှိရသဖြင့် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိ သယ်ဆောင်လာသူ မယိန်းဂျိမ်အား ရထားရဲစခန်းမှ မယ(ပ)၁၈/၂၀၁၃၊မူး/စိတ်ပုဒ်မ-၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထား ရှိကြောင်း သိရှိရ သည်။
Lin Yoneမန္တလေး open

No comments:
Post a Comment