Thursday, July 4, 2013

HIV ကုသဖို့ နည်းလမ်းသစ် တွေ့

Photo: HIV ကုသဖို့ နည်းလမ်းသစ် တွေ့

အမေရိကန် ပြည်ထောင်စုက HIV ဗိုင်းရပ်စ် ကူးစက် ခံထား ရတဲ့ အမျိုးသား နှစ်ဦးမှာ သွေးကင်ဆာ ဖြစ်တဲ့ အတွက် ရိုးတွင်း ခြင်ဆီ အစားထိုး ကုသ ခဲ့ရာ ကနေ အဲဒီ လူ ၂ ဦးမှာ HIV ပိုး ထပ် မတွေ့ရ တော့ဘူးလို့ ဆရာဝန် တွေက ပြောပါတယ်။

အဲဒီ အတွက် သူတို့ကို HIV ကုသမှု ပေး နေတာကို ရပ်နားထား ပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ

ဒါပေမယ့်လို့ အခုလို ရိုးတွင်း ခြင်ဆီ အစားထိုး တာကို HIV ဗိုင်းရပ်စ် အတွက် ကုထုံး တခု လိုတော့ ပြောဖို့ရာ အရမ်း စောလွန်း သေးတယ် လို့ ဘရစ်ဂမ် နဲ့ အမျိုးသမီး ဆေးရုံ က ဆရာဝန် တွေက ပြောပါတယ်။ အကြောင်း ကတော့ HIV ပိုးဟာ အချိန် မရွေး ပြန်ပေါ် လာနိုင်တာ ကြောင့်လို့ ဆိုပါတယ်။

သူတို့ နှစ်ဦး မတိုင်ခင် အရင် လူနာ တဦး ကိုတော့ ရိုးတွင်း ခြင်ဆီ အစားထိုး ကုသပြီး နောက် ဒါဟာ AIDS ကူသမှု ဆိုပြီး ဖေါ်ပြ ပြောဆို ခဲ့ဖူး ပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီ သူကို အစားထိုး လိုက်တဲ့ ရိုးတွင်း ခြင်ဆီဟာ HIV ပိုးကို ခံနိုင်ရည် ရှိတဲ့ လူ ကနေ ဒါန ပြုထားတဲ့ ရိုးတွင်း ခြင်ဆီ ဖြစ်လို့ ပါတယ်။

ဒါပေမယ့် အခု အမျိုးသား နှစ်ဦး ကိုတော့ ရိုးရိုး သာမန် အလှူရှင် တွေဆီက ရိုးတွင်း ခြင်ဆီ နဲ့သာ ကုသ ခဲ့တာ ဖြစ်တယ် ဆိုပြီး နိုင်ငံ တကာ AIDS ကျွမ်းကျင် သူများ ဖွဲ့စည်း ထားတဲ့ IAS ညီလာခံမှာ ဖေါ်ပြ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ကုသမှု ပြုခဲ့ ပြီးနောက် လူနာ တဦးမှာ HIV ပိုး မတွေ့တာ ၂ နှစ်ရှိ သွားပြီ ဖြစ်ပြီး နောက်တဦး ကတော့ ၄ နှစ်ကြာ ပြီ ဖြစ်တယ်လို့ ပြောပါ တယ်။

BBC News
အမေရိကန် ပြည်ထောင်စုက HIV ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အမျိုးသားနှစ်ဦးမှာ သွေး ကင်ဆာ ဖြစ် တဲ့အတွက် ရိုးတွင်း ခြင်ဆီအစားထိုး ကုသခဲ့ရာကနေ အဲဒီ လူ ၂ ဦးမှာ HIV ပိုး ထပ် မတွေ့ရ တော့ ဘူးလို့ ဆရာဝန် တွေက ပြောပါတယ်။

အဲဒီ အတွက် သူတို့ကို HIV ကုသမှု ပေး နေတာကို ရပ်နားထား ပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ

ဒါပေမယ့်လို့ အခုလို ရိုးတွင်း ခြင်ဆီ အစားထိုး တာကို HIV ဗိုင်းရပ်စ် အတွက် ကုထုံး တခု လိုတော့ ပြောဖို့ရာ အရမ်း စောလွန်း သေးတယ် လို့ ဘရစ်ဂမ် နဲ့ အမျိုးသမီး ဆေးရုံ က ဆရာဝန် တွေက ပြောပါတယ်။ အကြောင်း ကတော့ HIV ပိုးဟာ အချိန် မရွေး ပြန်ပေါ် လာနိုင် တာ ကြောင့်လို့ ဆိုပါတယ်။

သူတို့ နှစ်ဦး မတိုင်ခင် အရင်လူနာတဦးကိုတော့ရိုးတွင်း ခြင်ဆီအစားထိုး ကုသပြီး နောက် ဒါဟာ AIDS ကူသမှုဆိုပြီး ဖေါ်ပြ ပြောဆိုခဲ့ဖူးပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ သူကိုအစားထိုးလိုက်တဲ့ ရိုးတွင်း ခြင်ဆီဟာ HIV ပိုးကို ခံနိုင်ရည်ရှိတဲ့ လူကနေ ဒါန ပြုထားတဲ့ ရိုးတွင်း ခြင်ဆီ ဖြစ်လို့ ပါတယ်။

ဒါပေမယ့် အခု အမျိုးသား နှစ်ဦး ကိုတော့ ရိုးရိုး သာမန် အလှူရှင် တွေဆီက ရိုးတွင်း ခြင်ဆီ နဲ့သာ ကုသ ခဲ့တာ ဖြစ်တယ် ဆိုပြီး နိုင်ငံ တကာ AIDS ကျွမ်းကျင် သူများ ဖွဲ့စည်း ထားတဲ့ IAS ညီလာခံမှာ ဖေါ်ပြ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ကုသမှု ပြုခဲ့ ပြီးနောက် လူနာ တဦးမှာ HIV ပိုး မတွေ့တာ ၂ နှစ်ရှိ သွားပြီ ဖြစ်ပြီး နောက်တဦး ကတော့ ၄ နှစ်ကြာ ပြီ ဖြစ်တယ်လို့ ပြောပါ တယ်။

BBC News

No comments:

Post a Comment