Friday, July 19, 2013

ILO မှ မြန်မာနိုင်ငံ ၏ အလုပ် သမား ဥပဒေ များကို နိုင်ငံ တကာ အဆင့်အတန်းမီရန် ဆောင်ရွက်ပေးခြင်း အပါအ၀င် လူမှုစီးပွား အထောက်အကူပြု စီမံချက်များ အကောင် အထည်ဖော်နေ

Photo: ILO မှ မြန်မာနိုင်ငံ၏ အလုပ်သမား ဥပဒေများကို နိုင်ငံတကာ အဆင့်အတန်းမီရန် ဆောင်ရွက်ပေးခြင်း အပါအ၀င် လူမှုစီးပွား အထောက်အကူပြု စီမံချက်များ အကောင်အထည်ဖော်နေ
Friday,July 19, 2013

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ မြန်မာနိုင်ငံ၏ အလုပ်သမား ဥပဒေများနှင့် ပတ်သက်ပြီး နိုင်ငံတကာ အဆင့်အတန်းမီရန် ဆောင်ရွက်ပေးခြင်း အပါအ၀င် လူမှုစီးပွား အထောက်အကူပြု စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း အဆိုပါ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ILO ၏ မြန်မာနိုင်ငံတွင် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူမှုစီးပွား အထောက်အကူပြု စီမံချက်များတွင် လွတ်လပ်သော အသင်းအဖွဲ့ များ ဖွဲ့စည်းခြင်း၊ အလုပ်သမားများ၏ ဘ၀အာမခံချက် ပေးနိုင်သော အလုပ် အကိုင် ရရှိရေး စီမံချက်များ ပါဝင်ကြောင်း သိရသည်။

လူမှုစီးပွား အထောက်အကူပြု စီမံချက်များတွင် လွတ်လပ်သော အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ အလုပ်သမားများ၏ ဘ၀အာမခံချက် ပေးနိုင်သော အလုပ်အကိုင် ရရှိရေး စီမံချက်များ...
 
ထို့ပြင် မြန်မာနိုင်ငံ၏ အလုပ်သမားနှင့် ပတ်သက်သည့် ဥပဒေများအား နိုင်ငံတကာ အဆင့်အတန်းမီရန် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

လွတ်လပ်သော အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမား အသင်းများ၏ လုပ်ပိုင်ခွင့်များ တိုးတက်လာကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများသည် ၎င်းတို့၏ အခွင့်အရေးများ ပိုမိုသိရှိလာကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ သိရသည်။

အလုပ်သမားများ၏ ဘ၀အာမခံချက် ပေးနိုင်သော အလုပ်အကိုင် ရရှိရေးအတွက် လုပ်သားဈေးကွက် လေ့လာခြင်း၊ နည်းပညာနှင့် သက်မွေးမှုဆိုင်ရာ သင်တန်းများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများမှ အလုပ်အကိုင် ဖန်တီးခြင်း စသည့်စီမံချက်များကိုလည်း အကောင်အထည် ဖော်နေကြောင်း သိရသည်။

ILO ဆက်ဆံရေးအရာရှိ စတိဗ်မာရှယ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
Eleven Media Group
ILO ဆက်ဆံရေးအရာရှိ စတိဗ်မာရှယ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)မှ မြန်မာနိုင်ငံ၏အလုပ်သမားဥပဒေများနှင့် ပတ် သက်ပြီး နိုင်ငံတကာ အဆင့်အတန်းမီရန် ဆောင်ရွက်ပေးခြင်း အပါအ၀င် လူမှုစီးပွား အထောက်အကူပြု စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ILO ၏ မြန်မာနိုင်ငံတွင် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူမှုစီးပွား အထောက် အကူပြု စီမံချက်များတွင် လွတ်လပ်သော အသင်းအဖွဲ့ များ ဖွဲ့စည်းခြင်း၊ အလုပ်သမားများ၏ ဘ၀ အာမခံချက် ပေးနိုင်သော အလုပ် အကိုင် ရရှိရေး စီမံချက်များ ပါဝင်ကြောင်း သိရသည်။

လူမှုစီးပွား အထောက်အကူပြု စီမံချက်များတွင် လွတ်လပ်သော အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ အလုပ် သမားများ၏ ဘ၀အာမခံချက် ပေးနိုင်သော အလုပ်အကိုင် ရရှိရေး စီမံချက်များ...

ထို့ပြင် မြန်မာနိုင်ငံ၏ အလုပ်သမားနှင့် ပတ်သက်သည့် ဥပဒေများအား နိုင်ငံတကာ အဆင့်အတန်း မီရန် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

လွတ်လပ်သော အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမား အသင်းများ၏ လုပ်ပိုင် ခွင့်များ တိုးတက်လာကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများသည် ၎င်းတို့၏ အခွင့်အရေးများ ပိုမိုသိရှိလာကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ သိရသည်။

အလုပ်သမားများ၏ ဘ၀အာမခံချက် ပေးနိုင်သော အလုပ်အကိုင် ရရှိရေးအတွက် လုပ်သားဈေး ကွက် လေ့လာခြင်း၊ နည်းပညာနှင့် သက်မွေးမှုဆိုင်ရာ သင်တန်းများ၊ လူ့အခွင့်အရေး ကာ ကွယ်စောင့်ရှောက်မှု၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများမှ အလုပ်အကိုင် ဖန်တီးခြင်း စသည့် စီမံချက်များကိုလည်း အကောင်အထည် ဖော်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment