Friday, July 19, 2013

နေပြည်တော် တည်ထောင်စဉ်က သိမ်းယူခဲ့သည့် လယ်မြေများထဲမှ ဧကအချို့သာ အမြင့်ဆုံးနှုန်းအဖြစ် တစ်ဧကလျှင် ကျပ်သုံးသိန်းခွဲ ပေးလျော်

နေပြည်တော် တည်ထောင်စဉ်က သိမ်းယူခဲ့သည့် လယ်မြေများထဲမှ ဧကအချို့ကိုသာ အမြင့်ဆုံးနှုန်း အဖြစ် တစ်ဧကလျှင် ကျပ်သုံးသိန်းခွဲ ပေးလျော်ခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ အပိုင်း ၂ တွင် ဖော်ပြထားသည်။
နေပြည်တော် ကောင်စီနယ်မြေအတွင်း မြို့ပြတည်ဆောက်ရေး အတွက် မြေသိမ်းဆည်းမှု ဖြစ်စဉ်များ အတွက် မြေလျော်ကြေးများကို နေပြည်တော် ကောင်စီမှ ပေးလျော်ခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်ကောင်စီမှ မြေလျော်ကြေးများအား လယ်မြေတစ်ဧကလျှင် ကျပ်သုံးသိန်း ငါးသောင်းနှုန်း   ဖြင့် လည်းကောင်း၊ ယာမြေတစ်ဧကလျှင် ကျပ်နှစ်သိန်း ငါးသောင်းနှုန်းဖြင့် လည်းကောင်း ပေးလျော် ခဲ့သော်လည်း တောင်သူအများစုမှာ ကာလ ဒေသပေါက်ဈေးထက် များစွာလျော့နည်းသည်ဟု ယူဆ သဖြင့် ထပ်မံတင်ပြ တောင်းခံခြင်းများ ရှိနေကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။

မြေသိမ်းဆည်းခံ ပြည်သူအများစုသည် ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် မိသားစု အစဉ်အဆက် စိုက်ပျိုးလုပ်ကိုင် ခဲ့ကြသည့် မြေယာများဖြစ်ခြင်း၊ သစ်တောမြေများကို ကျူးကျော်သည် ဆိုရာတွင် သစ်တောမြေမှ ဦးပိုင်ပေါက် လယ်မြေဖြစ်ရန်မှာ သာမန်တော သူ တောင်သားများ အနေဖြင့် ဆောင်ရွက်ရန် မည်သို့မျှ မဖြစ်နိုင်ခြင်းကြောင့် ကျူးကျော်သူ များပင် ဖြစ်နေစေကာမူ ၎င်းတို့အား ထောက်ထား ညှာတာသော အားဖြင့် သင့်တင့်မျှတသည့် နစ် နာကြေး၊ လျော်ကြေးနှင့် အခြားထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်းများကို သက်ဆိုင်ရာ အနေဖြင့် ထည့်သွင်း စဉ်းစားပေးရန် လိုကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
Eleven Media Group

No comments:

Post a Comment