Sunday, July 7, 2013

များပြားရှုပ်ထွေးသော ဥပဒေများဖြင့် စာနယ်ဇင်း လောကအပေါ် သွယ်ဝိုက်ထိန်းချုပ်ရန် ပြန်ကြားရေး ၀န်ကြီးဌာနက ဆန္ဒရှိနေကြောင်း သံသယဖြစ်ဖွယ် ရှိလာဟု MJA ပြောကြား

များပြားရှုပ်ထွေးသော ဥပဒေများဖြင့် စာနယ်ဇင်း လောကအပေါ် သွယ်ဝိုက်ထိန်းချုပ်ရန် ပြန်ကြားရေး ၀န်ကြီးဌာနက ဆန္ဒရှိနေကြောင်း သံသယဖြစ်ဖွယ် ရှိလာဟု မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း
(Myanmar Journalists Association(MJA)) ၏ ဇူလိုင် ၅ ရက်က သတင်းထုတ်ပြန်ခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့် ပတ်သက်သော သဘောထား ကြေညာချက်တွင် ထည့် သွင်းဖော်ပြခဲ့သည်။
သဘောထား ကြေညာချက်တွင် ၂၀၁၃ ခုနှစ် ဇူလိုင် ၄ ရက်က ပြည်သူ့လွှတ်တော်၌ အတည်ပြုခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းက သဘော မတူ၊ လက်မခံကြောင်း ဖော်ပြထားသည်။
ပြန်ကြားရေး ၀န်ကြီးဌာနသည် သတင်းမီဒီယာ သမားများအတွက် အရေးအကြီးဆုံးဖြစ်သည့် သတင်း မီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ရှေးဦးစွာ ဆောင်ရွက်ရမည့်အစား "ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်း" ကိုသာ ဦးစားပေး ဆောင်ရွက်ခြင်း၊ အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်း၊ အစရှိသည့် ဥပဒေကြမ်းကို ထပ်မံပြုစုခြင်း၊ အသံလွှင့် မီဒီယာ ဥပဒေကြမ်း၊ စာကြည့်တိုက် ဥပဒေကြမ်းတို့ကို ပြုစုရန် စီစဉ်နေခြင်းတို့ကို ကြားသိရခြင်းကြောင့် သတင်းမီဒီယာ လောကသားများ အနေဖြင့် ပြန်ကြားရေး ၀န်ကြီးဌာနသည် များပြားရှုပ်ထွေးသော ဥပဒေများဖြင့် မိမိတို့အပေါ် သွယ်ဝိုက်၍ ထိန်းချုပ်လိုသည့် ဆန္ဒရှိနေကြောင်း သံသယဖြစ်ဖွယ် ရှိလာပါသည်ဟု MJA ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဇူလိုင် ၄ ရက်က ပြည်သူ့လွှတ်တော်၌ အတည်ပြုခဲ့သည့် "ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းတွင် ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)တို့အကြား သဘော တူညီ ခဲ့သော အချက်အလက် အများစု မပါဝင်ခဲ့သည့်အပြင် သတင်းမီဒီယာ လောကသားများ လက်ခံနိုင် မည့် ပြင်ဆင်မှု၊ ဖြည့်စွက်မှုများလည်း ပြည့်စုံစွာ မပါရှိသည်ကို တွေ့ရကြောင်း MJA ၏ ထုတ်ပြန် ချက် တွင် ပါဝင်သည်။
ဥပဒေကြမ်းတွင် ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)တို့အကြား သဘောတူညီခဲ့သော အချက်အလက် အများစု မပါဝင်ခဲ့သည့်အပြင် သတင်းမီဒီယာ လောကသားများ လက်ခံနိုင်မည့် ပြင်ဆင်မှု၊ ဖြည့်စွက်မှုများလည်း ပြည့်စုံစွာ မပါရှိ . . . . .
ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့် ပတ်သက် ၍ မတ် ၁ ရက်က MJA မှ သဘောထား ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာ ချက်တွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြင်ဆင်ဖြည့်စွက် လိုသည်များကို တင်ပြခဲ့ကြောင်း၊ စာနယ်ဇင်းသတင်း မီဒီယာ လောကသားအများ လက်ခံနိုင်မည့် ပြင်ဆင် မှုများ ပြု လုပ်နိုင်ရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အား စာနယ်ဇင်း မီဒီယာသမားများထံမှ သဘောထား တောင်းခံခြင်း၊ ဖြုတ်ပယ်ဖြည့်စွက် ပြင်ဆင်မှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်စေရန် အကြံပြုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှလည်း စာနယ်ဇင်း မီဒီယာသမားများနှင့် ဆွေးနွေးခဲ့ကာ လိုအပ်သည်တို့ကို ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ဆွေးနွေးခဲ့ပြီး အဆိုပါပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းနှင့်အတူ စာနယ်ဇင်းကောင်စီ (ယာယီ)က ရေးဆွဲသော သတင်းမီဒီယာ ဥပဒေကြမ်း ၊ တို့ကို လွှတ်တော်များသို့ တစ်ပြိုင်နက်တည်း တင်သွင်းရန်ကိုလည်း ၀န်ကြီး ဌာနနှင့် ဆွေးနွေးသဘောတူညီခဲ့ကြောင်း သိရသည်။

From...EMG

No comments:

Post a Comment