Friday, July 19, 2013

အသားလွှာ တီလားဗီးယား ငါး အမျိုးအစားကို အမေရိကန်သို့ တင်ပို့ရန် USAID တိုက်တွန်း

Photo: အသားလွှာ တီလားဗီးယား ငါး အမျိုးအစားကို အမေရိကန်သို့ တင်ပို့ရန် USAID တိုက်တွန်း 
Friday, July 19, 2013

အမေရိကန် နိုင်ငံသို့ ရေထွက် ပစ္စည်း  တင်ပို့မှု တတိယ နေရာတွင် ရှိသော တီလား ဗီးယား ငါး အမျိုး အစားကို မြန်မာနိုင်ငံမှ  အသားလွှာ ပြုလုပ် တင်ပို့ ရန် USAID မှ တိုက်တွန်းထားကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

''အခု အမေ ရိကန်ကို တင်ပို့ဖို့ တီလားဗီးယား ငါး အမျိုး အစားတွေ မွေးမြူ ထုတ်လုပ်ဖို့ လိုတယ်။ ဘာလို့လဲ ဆိုတော့ အမေရိကန်မှာ   တီလား ဗီးယားငါး စားသုံးမှုဟာ အခုဆို ပုစွန်နဲ့ ဆော်လမွန် ငါးပြီးရင်  တတိယ နေ ရာ မှာ ရှိလို့ပါ။ တီလား ဗီးယား ငါး အမျိုး အစားဟာ ကျစ်လျစ်ပြီး ချိုတဲ့ အတွက်ကြောင့် အမေရိကန်မှာ  စားသုံးမှု ပမာဏ များပြား လာပြီး ပြည်ပ တင်သွင်းမှု ဟာလည်း အလွန် များပြား လာပါတယ်''ဟု  မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ငါး အသား ပြုပြင် ထုတ်လုပ်သည့်  လုပ်ငန်းရှင် တစ်ဦးဖြစ်သူ   ဒေါ်တိုးနန္ဒာတင်က ပြောကြား ခဲ့သည်။

အမေရိကန်သို့ တီလားဗီးယားငါး တင်ပို့ရာတွင် တရုတ် နိုင်ငံက အများဆုံး ဖြစ်နေ ပြီး ထိုင်း၊  ဗီယက်နမ်နှင့် ဖိလစ်ပိုင် နိုင်ငံများကလည်း တင်ပို့ မှုများ ရှိနေကြောင်း သိရသည်။  ထို့ပြင် လက်တင် အမေရိကန် နိုင်ငံ အချို့ ကလည်း လတ်ဆတ်သော  တီလား ဗီးယား ငါးများကို တင်ပို့လျက် ရှိပြီး အမေရိကန် နိုင်ငံတွင် စားသုံးလျက် ရှိသည့် တီလား ဗီးယားငါး၏  ၉၅  ရာခိုင်နှုန်းမှာ ပြည်ပမှ  တင်သွင်း နေခြင်း ဖြစ်သည်။

တီလား ဗီးယား ငါးကို အမေရိကန်သို့ တင်ပို့ရာတွင် ပုံစံ အမျိုးမျိုးဖြင့် ပြုလုပ် တင် သွင်းခြင်း၊ ငါး အရှင် တင်သွင်းခြင်းနှင့် အသားလွှာ တင်သွင်းခြင်းများ ရှိသည့် အနက် တီလားဗီးယား ငါးအသားလွှာ တင်သွင်းခြင်းမှာ မြန်မာနိုင်ငံ၏  ရေထွက် ပစ္စည်း ထုတ်လုပ်မှု ကဏ္ဍ အတွက် ပိုမို သင့်လျော်ကြောင်း၊ Organic မွေးမြူရေး စနစ်ဖြင့် အဆင့်မြင့် မွေးမြူ နိုင် ပါက   မြင့်မားသော ဈေးနှုန်း ရရှိ နိုင်ကြောင်းနှင့် ယခု အချိန်တွင် အာရှ ဒေသရှိ နိုင်ငံ အများ အပြားက အမေရိကန်သို့ တီလား ဗီးယားငါး တင်ပို့မှု များကို ပြုလုပ်လျက် ရှိကြောင်း USAID မှ  တာဝန် ရှိသူ တစ်ဦးက အကြံပြု ထားကြောင်း သိရသည်။

အဆိုပါ တီလား ဗီးယားငါး အမျိုးအစားကို  အမေရိကန်၊  ဂျပန်နှင့် ဒိန်းမတ် စသော နိုင်ငံများသို့  အများဆုံး တင်သွင်းကာ စားသုံး လာကြသည်။  ၂ဝ၁ဝ  ပြည့်နှစ်က  ကမ္ဘာ ပေါ်တွင် တီလားဗီးယား ငါး ထုတ်လုပ် မှုမှာ  အမေရိကန် ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ တန်ဖိုး အထိ ရှိခဲ့ကြောင်း သိရသည်။
မင်းကနောင်
Myawady News
အမေရိကန် နိုင်ငံသို့ ရေထွက် ပစ္စည်း  တင်ပို့မှု တတိယ နေရာတွင် ရှိသော တီလား ဗီးယား ငါး အမျိုး အစားကို မြန်မာနိုင်ငံမှ  အသားလွှာ ပြုလုပ် တင်ပို့ ရန် USAID မှ တိုက်တွန်းထားကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။
''အခု အမေရိကန်ကို တင်ပို့ဖို့ တီလားဗီးယားငါးအမျိုးအစားတွေ မွေးမြူထုတ်လုပ်ဖို့ လိုတယ်။ ဘာလို့လဲ ဆိုတော့ အမေရိကန်မှာ   တီလားဗီးယားငါး စားသုံးမှုဟာ အခုဆို ပုစွန်နဲ့ ဆော်လမွန် ငါးပြီးရင်  တတိယ နေ ရာ မှာ ရှိလို့ပါ။ တီလား ဗီးယား ငါး အမျိုး အစားဟာ ကျစ်လျစ်ပြီး ချိုတဲ့ အတွက်ကြောင့် အမေရိကန်မှာ  စားသုံးမှု ပမာဏ များပြား လာပြီး ပြည်ပ တင်သွင်းမှု ဟာလည်း အလွန် များပြား လာပါတယ်''ဟု  မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ငါး အသား ပြုပြင် ထုတ်လုပ်သည့်  လုပ်ငန်းရှင် တစ်ဦးဖြစ်သူ   ဒေါ်တိုးနန္ဒာတင်က ပြောကြား ခဲ့သည်။

အမေရိကန်သို့ တီလားဗီးယားငါး တင်ပို့ရာတွင် တရုတ် နိုင်ငံက အများဆုံး ဖြစ်နေ ပြီး ထိုင်း၊  ဗီယက်နမ်နှင့် ဖိလစ်ပိုင် နိုင်ငံများကလည်း တင်ပို့မှုများ ရှိနေကြောင်း သိရသည်။  ထို့ပြင် လက်တင် အမေရိကန် နိုင်ငံ အချို့ ကလည်း လတ်ဆတ်သော  တီလား ဗီးယား ငါးများကို တင်ပို့လျက် ရှိပြီး အမေရိကန် နိုင်ငံတွင် စားသုံးလျက် ရှိသည့် တီလား ဗီးယားငါး၏  ၉၅  ရာခိုင်နှုန်းမှာ ပြည်ပမှ  တင်သွင်း နေခြင်း ဖြစ်သည်။

တီလား ဗီးယား ငါးကို အမေရိကန်သို့ တင်ပို့ရာတွင် ပုံစံ အမျိုးမျိုးဖြင့် ပြုလုပ် တင် သွင်းခြင်း၊ ငါး အရှင် တင်သွင်းခြင်းနှင့် အသားလွှာ တင်သွင်းခြင်းများ ရှိသည့် အနက် တီလားဗီးယား ငါးအသားလွှာ တင်သွင်းခြင်းမှာ မြန်မာနိုင်ငံ၏  ရေထွက် ပစ္စည်း ထုတ်လုပ်မှု ကဏ္ဍ အတွက် ပိုမို သင့်လျော်ကြောင်း၊ Organic မွေးမြူရေး စနစ်ဖြင့် အဆင့်မြင့် မွေးမြူ နိုင် ပါက   မြင့်မားသော ဈေးနှုန်း ရရှိ နိုင်ကြောင်းနှင့် ယခု အချိန်တွင် အာရှ ဒေသရှိ နိုင်ငံ အများ အပြားက အမေရိကန်သို့ တီလား ဗီးယားငါး တင်ပို့မှု များကို ပြုလုပ်လျက် ရှိကြောင်း USAID မှ  တာဝန် ရှိသူ တစ်ဦးက အကြံပြု ထားကြောင်း သိရသည်။

အဆိုပါ တီလား ဗီးယားငါး အမျိုးအစားကို  အမေရိကန်၊  ဂျပန်နှင့် ဒိန်းမတ် စသော နိုင်ငံများသို့  အများဆုံး တင်သွင်းကာ စားသုံး လာကြသည်။  ၂ဝ၁ဝ  ပြည့်နှစ်က  ကမ္ဘာ ပေါ်တွင် တီလားဗီးယား ငါး ထုတ်လုပ် မှုမှာ  အမေရိကန် ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ တန်ဖိုး အထိ ရှိခဲ့ကြောင်း သိရသည်။

မင်းကနောင်
Myawady News

No comments:

Post a Comment