မြန်မာပြည်မှာတော့ အဲ့လောက်သိပ်မဖြစ်သေးပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံ တွေမှာတော့ နည်းပညာ ပစ္စည်းများကို အလွန်အမင်း စွဲလမ်းနေကြပါပြီ။
နောက်ထပ်ဆိုးကျိုးကတော့ လူမှုဆက်ဆံရေး ညံ့ဖျင်းခြင်း ဖြစ် ပါတယ်။ အွန်လိုင်းမှ Chat တာနဲ့ အပြင်မှာ စကားပြောတာနဲ့ မတူပါဘူး။ အွန်လိုင်း အမြဲ အသုံးပြု အသက်ရှင်နေသူများက အပြင်မှာ နဖူးတွေ့ဒူးတွေ့ ထိတွေ့ဆက်ဆံ ရတဲ့ အခါ ပြဿနာနဲ့ အခက်အခဲပေါင်း များစွာ ကြုံရပါတယ်။ အချို့ လည်း ကြုံဖူးမယ် ထင်ပါတယ်။
ဒါကြောင့် ဂိမ်းပဲ ဖြစ်ဖြစ်၊ အင်တာနက်ပဲ ဖြစ်ဖြစ် အချိန်အတိုင်းတာ တစ်ခုအထိ ထိုက်သင့် သလောက်သာ ပြုလုပ်ပြီး လက်တွေ့ဘဝ မိတ်ဆွေ၊ ပေါင်းသင်းဆက်ဆံမှု၊ ဆော့ကစားမှုများကို အချိန် တစ်ခုပေး ပြုလုပ်ရန် လိုအပ်ကြောင်း သိရပါတယ်။
ရိုးရာလေး
No comments:
Post a Comment