Saturday, August 3, 2013

နိုင်ငံတကာ မီဒီယာများတွင် ရခိုင်ပြည်နယ်ပဋိပက္ခ ဖြစ်စဉ်များ၌ အကြမ်းဖက် ခံရသည့် ရခိုင်လူမျိုးများကို အကြမ်းဖက် သူများအဖြစ် ရေးသားနေခြင်းအပေါ် AHRDO အဖွဲ့ အစီရင်ခံစာ ထုတ်ပြန်ရှင်းလင်း

8.2.2
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခ၊ အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာအား AHRDO အဖွဲ့မှ Mr. Rick Heizman နှင့် ဦးအောင်မင်းဦးက ရှင်းလင်းပြောကြားစဉ်
နိုင်ငံတကာ မီဒီယာများတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူမှုရေး၊ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများ၌ အကြမ်းဖက်ခံရသည့် ရခိုင်လူမျိုးများအား အကြမ်းဖက်သူအဖြစ် တစ်ဖက်သတ် ရေး
သားဖော်ပြ နေမှုများအတွက် ပဋိပက္ခများနှင့် ရခိုင်လူမျိုးများအပေါ် တစ်ဖက်သတ် ရေးသားခြင်း မပြုနိုင်စေရန် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခ၊ အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာအား AHRDO အဖွဲ့မှ ထုတ်ပြန်ရှင်းလင်းခဲ့ကြောင်း သြဂုတ် ၁ ရက်က ရန်ကုန်မြို့ရှိ စန်ထရယ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
အဆိုပါ အစီရင်ခံစာအား ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) မှ ရေးသား ခဲ့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံသား ပညာရှင် တစ်ဦးဖြစ်သည့် AHRDO မှ Mr. Rick Heizman က ဦးဆောင်ရေးသားခဲ့ကြောင်း သိရသည်။
အဆိုပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် ကျရောက်စဉ် ခိုင်းစေရန် ခေါ်ဆောင် လာသည့် ဘင်္ဂါလီလူမျိုးများ အနေဖြင့် ၁၉၄၂ ခုနှစ်ခန့်တွင် ရိုဟင်ဂျာဆိုသော အမည်အားခံယူကာ သမိုင်းအမှားများ ဖန်တီးခဲ့ကြောင်း၊ ဘူးသီးတောင်၊ မောင်တော စသည့် ရခိုင်လူမျိုးများ မူရင်းနေထိုင်ရာ မြို့ရွာများအား ဘင်္ဂါလီလူမျိုးများက မူရင်းနေထိုင်သူ ရခိုင်လူမျိုးများအား လူမျိုးသုဉ်း သတ်ဖြတ်၍ ဘင်္ဂါလီများ နေထိုင်ရာ ဒေသအဖြစ် ပြောင်းလဲရန် လုပ်ဆောင်ခဲ့သည်ကို လက်ရှိအချိန်တွင် အဆိုပါ ဘူးသီးတောင်၊ မောင်တောဒေသများတွင် ရခိုင်လူမျိုးများ မရှိသလောက် ဖြစ်နေခြင်းက သက်သေခံနေ ပြီး မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာအပေါ် တိုင်းမဂ္ဂဇင်းမှ ဆောင်းပါးရှင် ဟန်နာဘိခ်ျက ရေးသားခဲ့ခြင်းမှာ တစ်ဖက်သတ် အမြင်သာ ဖြစ်ကြောင်း Mr. Rick Heizman က သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား သည်။
အဆိုပါ အစီရင်ခံစာတွင် အင်္ဂလိပ်နယ်ချဲ့ လက်အောက်သို့ မြန်မာနိုင်ငံ ကျရောက်စဉ် ဘင်္ဂါလီများအား ရခိုင်ပြည်နယ် အပါအ၀င် မြန်မာနိုင်ငံ အတွင်းသို့ ခေါ်သွင်းခဲ့မှုများ၊ ၀န်ကြီးချုပ်ဦးနုက ဘင်္ဂါလီ များအား နေ ရာပေးခဲ့သည့် အနေအထားများ၊ မြန်မာနိုင်ငံကဲ့သို့ပင် ထိုင်းနိုင်ငံတောင်ပိုင်း၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ အာသံပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စသည့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ဘင်္ဂါလီကဲ့သို့သော အစ္စလာမ္မစ် အစွန်းရောက်များက ရခိုင်ကဲ့သို့သော မူရင်းနေထိုင် သူများအပေါ် ယနေ့ကာလအထိ သတ်ဖြတ်နေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းအပြင် အဆိုပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း တစ်နှစ်ကျော် ဖြစ်ပွားခဲ့သည့် လူမှုရေး၊ ဘာသာရေး ပဋိပက္ခများအပြင် မလေးရှားနိုင်ငံ ကဲ့သို့သော နိုင်ငံများတွင် ရခိုင်အပါအ၀င် မြန်မာလူမျိုး အများစု သတ်ဖြတ်ခံရမှုများအား အသေးစိတ် ဖော်ပြထားကြောင်း AHRDO အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးအောင်မင်းဦးက ဆိုသည်။
''ဒေသခံ ရခိုင်လူမျိုးတွေအပေါ် ကျုးကျော်လာတဲ့ ဘင်္ဂါလီတွေက အနိုင်ကျင့် သတ်ဖြတ် မှုကို နှစ်ပေါင်း များစွာ ခံနေရပေမဲ့ ကမ္ဘာ့သတင်း စာမျက်နှာမှာ ရခိုင်လူမျိုးတွေကပဲ အကြမ်း ဖက်သူ ဖြစ်နေတယ်။ အယ်ဂျာဇီးယားလို မီဒီယာမျိုးမှာဆို တစ်ဖက်သတ် ခံနေရတဲ့ ရခိုင်လူမျိုးတွေကို အကြမ်းဖက်သူ အဖြစ်ပဲ ဖော်ပြတယ်။ နာဂစ်မှာ သေခဲ့တဲ့ အလောင်းတွေကို ရခိုင်တွေကပဲ ဘင်္ဂါလီကို သတ် သလို ဖော်ပြကြ တယ်။ ဒီအစီရင်ခံစာကို ထုတ်ရတဲ့ အကြောင်းရင်းက ရခိုင်လူမျိုးတွေရဲ့သမိုင်း အမှန်ကို ကမ္ဘာမှာရှိတဲ့ မီဒီယာတွေသိပြီး သတင်းတစ်ပုဒ် ရေးသားတိုင်း ရခိုင်လူမျိုးတွေရဲ့ ခံစားချက် မပါဘဲ ဘင်္ဂါလီတွေရဲ့ တစ်ဖက်သတ် စွပ်စွဲမှုတွေကနေ ကင်းဝေးဖို့ပါ'' ဟု ဦးအောင်မင်းဦးက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခ၊ အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာအား AHRDO အဖွဲ့မှ လွှတ်တော်အတွင်း တင်သွင်းကာ တရားဝင် ထုတ်ပြန်သော အစီရင်ခံစာဖြစ်ကြောင်း အတည်ပြုမည်ဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရအနေဖြင့်လည်း ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်သည့် အစီရင်ခံစာ ထုတ်ပြန်ပြီးဖြစ်သည်။

EMG

No comments:

Post a Comment