Thursday, August 15, 2013

အစိုးရတစ်ဖွဲ့လုံး ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနှင့် အဂတိတရားများ ကင်းရှင်းအောင် စောင့်ထိန်းသွားရန် သမ္မတဦးသိန်းစိန် သတိပေး

Photo: အစိုးရတစ်ဖွဲ့လုံး ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနှင့် အဂတိတရားများ ကင်းရှင်းအောင် စောင့်ထိန်းသွားရန် သမ္မတဦးသိန်းစိန် သတိပေး
Thursday, August 15, 2013

အစိုးရတစ်ဖွဲ့လုံး ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနှင့် အဂတိတရားများ ကင်းရှင်းအောင် စောင့်ထိန်းသွားရန် သြဂုတ် ၁၄ ရက်က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော် သမ္မတ ၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနား တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သတိပေး ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသည် အသစ်ခန့်အပ်လိုက်သည့် ပြည်ထောင်စုအဆင့် ဒုတိယ၀န်ကြီးများနှင့် ပြည်ထောင်စုအဆင့် ဒုတိယ၀န်ကြီး အဆင့်ရှိ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ ကတိသစ္စာ ခံယူကြသည့် အခမ်း အနားဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "ပြည်သူတွေဟာ ကျွန်တော်တို့နိုင်ငံကို တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့နိုင်ငံ ဖြစ်လိုကြပါတယ်။ နောက် တစ်ခု က လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် လိုကြပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူရွေးချယ်တဲ့ အစိုးရ ဖြစ်တာနဲ့အညီ ပြည်သူရဲ့ ဆန္ဒဟာ ကျွန်တော်တို့ အစိုးရရဲ့ ရည်ရွယ်ချက်ဖြစ်ပြီး ပြည်သူရဲ့ ဆန္ဒတွေကို အောင်မြင်အောင် ဆောင်ရွက်ပေးရေးဟာ ကျွန်တော်တို့ အစိုးရရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာတွေလုပ်ကြရ မလဲဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံဖြစ်ဖို့အတွက် နိုင်ငံရေးတည်ငြိမ်အောင် လုပ်ရပါမယ်" ဟု ပြောကြားသည်။

အစိုးရ အနေဖြင့် ကျန်ရှိသည့် လပေါင်း ၃၀ သက်တမ်းအတွင်း ပြည်သူများ တိုက်ရိုက်ခံစားလိုသော ရေကောင်းရေသန့် ရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ သွားလာမှု အဆင်ပြေစေရေး၊ အလုပ်အကိုင် ရရှိရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ကြရန်နှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ရမည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် တက်တက်ကြွကြွ မြန်မြန် ဆန်ဆန် ၀ိုင်းဝန်းပြီး လုပ်ကြရန် လိုအပ်သည်ဟု သမ္မတဦးသိန်းစိန် က ပြောကြားသည်။

အထက်ပါ လုပ်ငန်းများသည် ပြည်သူများ၏ ဆန္ဒနှင့် မျှော်မှန်းချက်ဖြစ် သည့်အပြင် အစိုးရအဖွဲ့၏ ရည်ရွယ်ချက်၊ ရည်မှန်းချက် ဖြစ်သောကြောင့် လုပ်ငန်းများ အောင်မြင်အောင် အစိုးရတစ်ဖွဲ့လုံး တက်ညီလက်ညီ ၀ိုင်းလုပ်ကြဖို့ လိုအပ်သည်ဟုလည်း သမ္မတက ပြောကြားသည်။

နိဂုံးချုပ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရ တစ်ဖွဲ့လုံးအား "တစ်ဦးချင်း တာဝန်ဆိုတာကတော့ အလုပ်လုပ်ကြတဲ့ အခါမှာ စေတနာ အလျောက် လုပ်မှားကိုင်မှား ဖြစ်တတ်တာ ရှိပါတယ်။ အဲဒီလို လုပ်မှားကိုင်မှားတွေ ကို စေတနာအလျောက် မှားယွင်းတာတွေ ကို ပြုပြင်ပေး မှာ ဖြစ်သော်လည်း ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနဲ့ အဂတိတရားတွေ ကင်းရှင်းအောင် စောင့်ထိန်းသွားကြဖို့ သတိပေးပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်" ပြောကြားသည်။

ရာထူးတိုးမြှင့် ခံထားရသူများသည် ရာထူးတိုးမြှင့် ခန့်အပ်ခြင်း ခံရခြင်းနှင့်အတူ နိုင်ငံ့တာဝန်၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ တာဝန်များအပြင် တစ်ဦးချင်း လိုက်နာစောင့်ထိန်းရမည့် တာဝန်များကိုလည်း တိုးမြှင့်ယူကြ ရမည်ဟုလည်း နိုင်ငံတော်သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ပြီးခဲ့သည့်လ ၃၀ အတွင်းမှာ အစိုးရ ဌာနအချို့နှင့် ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းဝင် အချို့၏ ပြုပြင်ပြောင်းလဲအုပ်ချုပ်မှု စွမ်းဆောင်ရည် အားနည်းခြင်း၊ ပွင့်လင်းမြင်သာမရှိခြင်း၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ လိုအပ်ချက်များကို တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် လုပ်ဆောင်ပေးမှု အားနည်းခြင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် အားနည်းခြင်း၊ အဂတိ လိုက်စားခြင်းတို့ကြောင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ အပါအ၀င် ဌာနဆိုင်ရာ အရာရှိအချို့ကို တာဝန်မှ အနားပေးခြင်း၊ ပြောင်းရွှေ့ခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ခဲ့သည်။

Eleven Media Group
အစိုးရတစ်ဖွဲ့လုံး ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနှင့် အဂတိတရားများ ကင်းရှင်းအောင် စောင့် ထိန်းသွားရန် သြဂုတ် ၁၄ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတိပေး ပြောကြား ခဲ့သည်။

အဆိုပါ အခမ်းအနားသည် အသစ်ခန့်အပ်လိုက်သည့် ပြည်ထောင်စုအဆင့် ဒုတိယ၀န်ကြီးများနှင့် ပြည်ထောင်စုအဆင့် ဒုတိယ၀န်ကြီးအဆင့်ရှိ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ ကတိသစ္စာခံယူကြသည့် အခမ်း အနားဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "ပြည်သူတွေဟာ ကျွန်တော်တို့နိုင်ငံကို တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့နိုင်ငံ ဖြစ်လိုကြပါတယ်။ နောက်တစ်ခုက လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် လိုကြပါတယ်။ ကျွန်တော် တို့ဟာ ပြည်သူရွေးချယ်တဲ့ အစိုးရဖြစ်တာနဲ့အညီ ပြည်သူရဲ့ ဆန္ဒဟာ ကျွန်တော်တို့ အစိုးရရဲ့ ရည်ရွယ် ချက်ဖြစ်ပြီး ပြည်သူရဲ့ ဆန္ဒတွေကို အောင်မြင်အောင် ဆောင်ရွက်ပေးရေးဟာ ကျွန်တော်တို့ အစိုးရရဲ့ ရည်မှန်း ချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာတွေလုပ်ကြရ မလဲဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တရား ဥပဒေ စိုးမိုးတဲ့ နိုင်ငံဖြစ်ဖို့အတွက် နိုင်ငံရေးတည်ငြိမ်အောင် လုပ်ရပါမယ်" ဟု ပြောကြားသည်။

အစိုးရအနေဖြင့် ကျန်ရှိသည့် လပေါင်း ၃၀ သက်တမ်းအတွင်း ပြည်သူများ တိုက်ရိုက်ခံစားလိုသော ရေကောင်းရေသန့် ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ သွားလာမှုအဆင်ပြေစေရေး၊ အလုပ်အကိုင်ရရှိရေး လုပ်ငန်း များကို ဦးစားပေး ဆောင်ရွက်ကြရန်နှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ရမည့်လုပ်ငန်းများကို အားသွန်ခွန်စိုက် တက်တက်ကြွကြွ မြန်မြန်ဆန်ဆန် ၀ိုင်းဝန်းပြီးလုပ်ကြရန် လိုအပ်သည်ဟု သမ္မတဦးသိန်းစိန် က ပြောကြားသည်။

အထက်ပါ လုပ်ငန်းများသည် ပြည်သူများ၏ဆန္ဒနှင့် မျှော်မှန်းချက်ဖြစ်သည့်အပြင် အစိုးရအဖွဲ့၏ရည်ရွယ်ချက်၊ ရည်မှန်းချက် ဖြစ်သောကြောင့် လုပ်ငန်းများအောင်မြင်အောင် အစိုးရတစ်ဖွဲ့လုံး တက်ညီလက်ညီ ၀ိုင်းလုပ်ကြ ဖို့ လိုအပ်သည်ဟုလည်း သမ္မတက ပြောကြားသည်။

နိဂုံးချုပ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရတစ်ဖွဲ့လုံးအား "တစ်ဦးချင်း တာဝန်ဆိုတာကတော့ အလုပ်လုပ်ကြတဲ့အခါမှာ စေတနာအလျောက် လုပ်မှားကိုင်မှား ဖြစ်တတ်တာရှိပါတယ်။ အဲဒီလို လုပ်မှား ကိုင်မှားတွေကို စေတနာအလျောက် မှားယွင်းတာတွေကို ပြုပြင်ပေးမှာ ဖြစ်သော်လည်း ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနဲ့ အဂတိတရားတွေ ကင်းရှင်းအောင် စောင့်ထိန်းသွားကြဖို့ သတိပေးပြော ကြားရင်း နိဂုံးချုပ်အပ်ပါတယ်" ပြောကြားသည်။

ရာထူးတိုးမြှင့် ခံထားရသူများသည် ရာထူးတိုးမြှင့် ခန့်အပ်ခြင်း ခံရခြင်းနှင့်အတူ နိုင်ငံ့တာဝန်၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ တာဝန်များအပြင် တစ်ဦးချင်း လိုက်နာစောင့်ထိန်းရမည့် တာဝန်များကိုလည်း တိုးမြှင့်ယူကြ ရမည်ဟုလည်း နိုင်ငံတော်သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ပြီးခဲ့သည့်လ ၃၀ အတွင်းမှာ အစိုးရဌာနအချို့နှင့် ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းဝင် အချို့၏ ပြုပြင်ပြောင်းလဲ အုပ်ချုပ်မှု စွမ်းဆောင်ရည် အားနည်းခြင်း၊ ပွင့်လင်းမြင်သာမရှိခြင်း၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ လိုအပ်ချက် များကို တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် လုပ်ဆောင်ပေးမှု အားနည်းခြင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းနှင့် အညီ လုပ်ဆောင်ရန် အားနည်းခြင်း၊ အဂတိ လိုက်စားခြင်းတို့ကြောင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ အပါအ၀င် ဌာနဆိုင်ရာ အရာရှိအချို့ကို တာဝန်မှ အနားပေးခြင်း၊ ပြောင်းရွှေ့ခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ခဲ့သည်။
Eleven Media Group

No comments:

Post a Comment