Thursday, August 15, 2013

အစိုးရ အဖွဲ့အစည်းများသို့ ကမ်းလွန်သဘာဝဓာတ်ငွေ့ အရှုံးခံ ရောင်းချနေ သည့်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၂၈ ဒသမ ၉၃၃ ရှုံးနေ၍ ဈေးနှုန်းမြှင့်ရန် လိုအပ်ကြောင်း ဒုတိယ၀န်ကြီး ပြောကြား

၂၀၁၂ ခုနှစ် ဇွန်မှ ၂၀၁၃ ခုနှစ် ဇွန်လအထိ နိုင်ငံပိုင် စက်ရုံများသို့ ပြည်တွင်း သုံး ကမ်းလွန်သဘာဝဓာတ်ငွေ့ ရောင်းချရာတွင် Total E& P Myanmar Co.Ltd သို့ ပေးချေရသည့် ဈေးနှုန်းနှင့် ရောင်းဈေးကွာခြားမှုကြောင့်
အရှုံး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၂ ဒသမ ၅၆၈ နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ  ပိုက်လိုင်းဖြတ်သန်းခ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၇၆ ဒသမ ၃၆၅ ရရှိခြင်း မရှိသောကြောင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၂၈ ဒသမ ၉၃၃ ဆုံးရှုံးသည့်အတွက် ပြည်တွင်းသုံး ကမ်းလွန်သဘာဝ ဓာတ်ငွေ့ ဈေးနှုန်း အား ယေဘုယျအားဖြင့် မြှင့် တင်ရန် လိုအပ်ကြောင်း၊ ဖြစ်ပေါ်နိုင်သည့် နောက်ဆက်တွဲ အကျိုးအပြစ်များကို ချင့်ချိန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူး က ပြောကြားသည်။

၂၀၁၂ ခုနှစ် ဇွန် ၁ ၇က် မှ ၂၀၁၃ ခုနှစ် မတ် ၃၁ ရက်အထိ အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၀ ဖြင့် ရောင်း ချ ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင်လည်း ယင်းဈေးနှုန်းဖြင့် ပင် ရောင်းချရန် နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားသည့် အတွက် အဆိုပါ ဈေးနှုန်းဖြင့်ပင် အရှုံးခံ၍ ဆက်လက်ရောင်းချမည် . . . . .

စွမ်းအင်ဝန်ကြီးဌာနမှ အစိုးရ အဖွဲ့အစည်းများသို့ ပြည်တွင်းသုံး သဘာဝ ဓာတ်ငွေ့ ကို နိုင်ငံခြားငွေဖြင့် ရောင်းချရာတွင် 1 MMBTU အတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၀ ဖြင့်ပင် အရှုံးခံ၍ ဆက်လက်ရောင်းချ မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက သြဂုတ် ၁၄ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။

အစိုးရ အဖွဲ့အစည်း ဌာနများသို့ ပြည်တွင်းသုံး ကမ်းလွန်သဘာဝ ဓာတ်ငွေ့ ဈေးနှုန်းများကို ၂၀၁၂ ခုနှစ် ဇွန် ၁ ၇က်မှ ၂၀၁၃ ခုနှစ် မတ် ၃၁ ရက်အထိ အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၀ ဖြင့် ရောင်းချခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင်လည်း ယင်းဈေးနှုန်းဖြင့်ပင် ရောင်းချ ရန် နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားသည့်အတွက် အဆိုပါ ဈေးနှုန်းဖြင့်ပင် အရှုံးခံ၍ ဆက်လက်ရောင်းချမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြား သည်။

"ရတနာ စီမံကိန်းကနေ ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၀ နဲ့ ရောင်းချနေပါတယ်။ ၂၀ လက်မ ပိုက်လိုင်းနဲ့ ရောင်းချရာမှာ 1 MMBTU မှာ ပျမ်းမျှကုန်ကျငွေက အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ခန့်၊ ကုန်းတွင်းပိုင်း Tariff Fee အဖြစ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၇ ထည့်သွင်း ကောက်ခံခြင်း မရှိပါဘူး။ ဒါကြောင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ခန့် လျှော့ရောင်းနေပါတယ်။ ၂၄ လက်မ ပိုက်လိုင်းနဲ့ ရောင်းရာမှာလည်း 1 MMBTU အတွက် ပျမ်းမျှအမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ခန့်၊ Tariff Fee အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၈၁၂ ထည့်သွင်းကောက်ခံခြင်း မရှိပါဘူး။ ဒါကြောင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၈၁၂ လျှော့ပြီး ရောင်းချနေပါတယ်" ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။
Eleven Media Group

No comments:

Post a Comment