Saturday, August 31, 2013

သီလဝါ အများပိုင်ရှယ်ယာ အများဆုံးဝယ်ယူခွင့် သတ်မှတ်၍ စက်တင်ဘာ စရောင်းမည်


Photo: သီလဝါ အများပိုင်ရှယ်ယာ အများဆုံးဝယ်ယူခွင့် သတ်မှတ်၍ စက်တင်ဘာ စရောင်းမည်
Saturday, August 31, 2013

ကုမ္ပဏီများ အပါအဝင် ပြည်သူများသို့ ရောင်းချမည့် သီလဝါ အများပိုင် ရှယ်ယာဝယ်ယူခွင့်ကို အများဆုံး ဝယ်ယူခွင့် ပမာဏသတ်မှတ်ကာ စက်တင်ဘာလအတွင်း ရောင်းချမည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က The Voice သို့ ပြောကြားသည်။

အများပိုင်ရှယ်ယာတစ်ခုကို ကျပ်တစ်သောင်း သတ်မှတ်ထားပြီး အဖွဲ့အစည်းတစ်ခု၊ ကုမ္ပဏီတစ်ခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးတည်းက လက်ဝါးကြီးအုပ် ဝယ်ယူမှု မပြုနိုင်ရန်နှင့် အများပြည်သူအားလုံး ပါဝင်ဝယ်ယူခွင့် ရရှိရန်အတွက် ယင်းသို့ ဝယ်ယူမှုပမာဏကို ကန့်သတ်ထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

သီလဝါ စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာ ထိခိုက်နစ်နာမှု အကဲဖြတ် (EIA နှင့် SIA) အစီရင်ခံစာ ထုတ်ပြန်ပြီးပါက
မြန်မာသီလဝါ အများပိုင်ကုမ္ပဏီနှင့် ဂျပန်ကုမ္ပဏီသုံးခုနှင့် ဖွဲ့ထားသော အကျိုးတူပူးပေါင်း အဖွဲ့အစည်းတို့ လုပ်ငန်းဖက်စပ် ဆောင်ရွက်မှုစာချုပ် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း၊ ယင်းနောက် အများပိုင်ရှယ်ယာ
ရောင်းချမည့်ပမဏ သတ်မှတ်ခြင်းနှင့် ဒါရိုက်တာအဖွဲ့ဝင် ရွေးချယ်ခြင်း
တို့ကို ဆက်တိုက်ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း တစ်ခုလုံးအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး ဂျပန်အစိုးရက အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းနှင့် ယန်း ၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်းနှစ်ရာ) ကို စီမံကိန်းပြင်ပနှင့် စီမံကိန်း အထောက်အကူပြု အခြေခံ အဆောက်အဦးများ တည်ဆောက်ရေးအတွက် ထုတ်ချေးထားသည်။

The Voice Weekly

ကုမ္ပဏီများ အပါအဝင် ပြည်သူများသို့ ရောင်းချမည့် သီလဝါအများပိုင် ရှယ်ယာဝယ်ယူခွင့်ကို အများဆုံး ဝယ်ယူခွင့် ပမာဏသတ်မှတ်ကာ စက်တင်ဘာလအတွင်း ရောင်းချမည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က The Voice သို့ ပြောကြားသည်။
အများပိုင်ရှယ်ယာတစ်ခုကို ကျပ်တစ်သောင်း သတ်မှတ်ထားပြီး အဖွဲ့အစည်းတစ်ခု၊ ကုမ္ပဏီတစ်ခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးတည်းက လက်ဝါးကြီးအုပ် ဝယ်ယူမှု မပြုနိုင်ရန်နှင့် အများပြည်သူအားလုံး ပါဝင်ဝယ်ယူခွင့် ရရှိရန်အတွက် ယင်းသို့ ဝယ်ယူမှုပမာဏကို ကန့်သတ်ထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

သီလဝါ စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာ ထိခိုက်နစ်နာမှု အကဲဖြတ် (EIA နှင့် SIA) အစီရင်ခံစာ ထုတ်ပြန်ပြီးပါက မြန်မာသီလဝါ အများပိုင်ကုမ္ပဏီနှင့် ဂျပန်ကုမ္ပဏီသုံးခုနှင့် ဖွဲ့ထားသော အကျိုးတူပူးပေါင်း အဖွဲ့အစည်းတို့ လုပ်ငန်းဖက်စပ် ဆောင်ရွက်မှုစာချုပ် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း၊ ယင်းနောက် အများပိုင်ရှယ်ယာ ရောင်းချမည့်ပမဏ သတ်မှတ်ခြင်းနှင့် ဒါရိုက်တာအဖွဲ့ဝင် ရွေးချယ်ခြင်း တို့ကို ဆက်တိုက်ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း တစ်ခုလုံးအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး ဂျပန်အစိုးရက အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းနှင့် ယန်း ၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်းနှစ်ရာ) ကို စီမံကိန်းပြင်ပနှင့် စီမံကိန်း အထောက်အကူပြု အခြေခံ အဆောက်အဦးများ တည်ဆောက်ရေးအတွက် ထုတ်ချေးထားသည်။

The Voice Weekly

No comments:

Post a Comment