Friday, August 9, 2013

ကွယ်လွန်ပြီလို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် ကျန်းကျန်းမာမာရှိနေတဲ့ ဂျက်ကီချန်း

Photo: ကွယ်လွန်ပြီလို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် ကျန်းကျန်းမာမာရှိနေတဲ့ ဂျက်ကီချန်း
Friday, August 9, 2013

ထင်ပေါ်ကျော်ကြားသူတွေ ကြုံတွေ့ရတတ်တဲ့ ဖြစ်ရပ်တစ်ခုဖြစ်တဲ့ ကွယ်လွန်ပြီလို့ မှားယွင်းသတင်း ထွက်ပေါ်လာတတ်တာကို ဒီတစ်ခါကြုံခဲ့ရတဲ့ သူကတော့ ဟောင်ကောင်အက်ရှင်မင်းသားကြီး ဂျက်ကီ ချန်းပဲဖြစ်ပါတယ်။

ဂျက်ကီချန်း ကွယ်လွန်တဲ့သတင်းဟာ ရက်ပိုင်းအတွင်းမှာ အလျင်အမြန်ပဲ လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်မှာပျံ့နှံ့ခဲ့ပြီး ဒီသတင်းကိုဖတ်ရတဲ့သူတိုင်းကလည်း သို့လောသို့လောဖြစ်ခဲ့ရပါတယ်။ 

လူသုံးများတဲ့ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာစာမျက်နှာတွေပေါ်မှာ အရေးကြီးကြားဖြတ်သတင်းဆိုပြီး ဂျက်ကီချန်း သေဆုံး တဲ့သတင်းတွေ အများအပြားပျံ့နှံ့ခဲ့ပြီး သုံးစွဲသူတွေကလည်း ဒီအကြောင်းကို တွင်တွင်ကျယ်ကျယ်ပြော ဆိုခဲ့ကြပါတယ်။ RIP ဂျက်ကီချန်းဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကိုတောင် ဖန်တီးခဲ့ကြပြီး သန်းပေါင်းများ စွာသော သုံးစွဲသူတွေက Like လုပ်ခဲ့ကြပါတယ်။

ဟောလိဝုဒ်ကြားဖြတ်သတင်းဆိုပြီးတော့လည်း ၁၂ ထပ်မြင့်တဲ့အဆောက် အအုံပေါ်ကနေ ပြုတ်ကျပြီး ဂျက်ကီချန်းသေဆုံးသွားပြီဖြစ်ကြောင်း၊ CSI ကလည်း အဆိုပါဖြစ်ရပ်ကို စုံစမ်းနေကြောင်းနှင့်ဂျက်ကီ ချန်း ပြုတ်ကျပြီးနောက် ကယ်ဆယ်နိုင်ဖို့ကြိုးစားတဲ့ ဗီဒီယိုဖိုင်ကို အသက် ၁၈ နှစ်နဲ့အထက်သူ များသာကြည့် ရန်ဆိုတဲ့ ဗီဒီယိုဖိုင်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

တကယ်တော့ အဲဒီလိုသတင်းမျိုးကို ဖေ့စ်ဘွတ်ပေါ်မှာ link နဲ့တင်တဲ့သူတွေဟာ ရည်ရွယ်ချက်တစ်မျိုးနဲ့ လုပ်ဆောင်လေ့ ရှိတာဖြစ်ပါတယ်။ အဲဒီလို link မျိုးကို သွားနှိပ်မိရင် အဲဒီဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ရဲ့ အကောင့်ကိုဟက် ဖို့လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။ 

ဂျက်ကီချန်းကိုယ်တိုင်ကတော့ သူဟာ ကျန်းကျန်းမာမာအ သက်ရှင် နေထိုင်လျက်ရှိကြောင်းနဲ့ စိုးရိမ်ပူပန်ပေးကြတဲ့ ပရိသတ်အားလုံးကို မစိုး ရိမ်ကြဖို့ သူ့ရဲ့တရားဝင် ဖေ့စ်ဘွတ် စာမျက်နှာပေါ်ကနေ ဖြေရှင်းပေးခဲ့ပါတယ်။

အောင်သုတ
မဇ္ဈိမ
ထင်ပေါ်ကျော်ကြားသူတွေ ကြုံတွေ့ရတတ်တဲ့ ဖြစ်ရပ်တစ်ခုဖြစ်တဲ့ ကွယ်လွန်ပြီလို့ မှားယွင်းသတင်း ထွက်ပေါ်လာတတ်တာကို ဒီတစ်ခါကြုံခဲ့ရတဲ့ သူကတော့ ဟောင်ကောင်အက်ရှင်မင်းသားကြီး ဂျက်ကီ ချန်းပဲဖြစ်ပါတယ်။

ဂျက်ကီချန်း ကွယ်လွန်တဲ့သတင်းဟာ ရက်ပိုင်းအတွင်းမှာ အလျင်အမြန်ပဲ လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်မှာပျံ့နှံ့ခဲ့ပြီး ဒီသတင်းကိုဖတ်ရတဲ့သူတိုင်းကလည်း သို့လောသို့လောဖြစ်ခဲ့ရပါတယ်။ 

လူသုံးများတဲ့ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာစာမျက်နှာတွေပေါ်မှာ အရေးကြီးကြားဖြတ်သတင်းဆိုပြီး ဂျက်ကီချန်း သေဆုံး တဲ့သတင်းတွေ အများအပြားပျံ့နှံ့ခဲ့ပြီး သုံးစွဲသူတွေကလည်း ဒီအကြောင်းကို တွင်တွင် ကျယ်ကျယ်ပြော ဆိုခဲ့ကြပါတယ်။ RIP ဂျက်ကီချန်းဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကိုတောင် ဖန်တီးခဲ့ကြပြီး သန်းပေါင်းများ စွာသော သုံးစွဲသူတွေက Like လုပ်ခဲ့ကြပါတယ်။

ဟောလိဝုဒ်ကြားဖြတ်သတင်းဆိုပြီးတော့လည်း ၁၂ ထပ်မြင့်တဲ့အဆောက် အအုံပေါ်ကနေ ပြုတ်ကျပြီး ဂျက်ကီချန်းသေဆုံးသွားပြီဖြစ်ကြောင်း၊ CSI ကလည်း အဆိုပါဖြစ်ရပ်ကို စုံစမ်းနေကြောင်းနှင့်ဂျက်ကီ ချန်း ပြုတ်ကျပြီးနောက် ကယ်ဆယ်နိုင်ဖို့ကြိုးစားတဲ့ ဗီဒီယိုဖိုင်ကို အသက် ၁၈ နှစ်နဲ့အထက်သူ များသာကြည့် ရန်ဆိုတဲ့ ဗီဒီယိုဖိုင်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

တကယ်တော့ အဲဒီလိုသတင်းမျိုးကို ဖေ့စ်ဘွတ်ပေါ်မှာ link နဲ့တင်တဲ့သူတွေဟာ ရည်ရွယ်ချက်တစ်မျိုးနဲ့ လုပ်ဆောင်လေ့ ရှိတာဖြစ်ပါတယ်။ အဲဒီလို link မျိုးကို သွားနှိပ်မိရင် အဲဒီဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ရဲ့ အကောင့်ကိုဟက် ဖို့လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။ 

ဂျက်ကီချန်းကိုယ်တိုင်ကတော့ သူဟာ ကျန်းကျန်းမာမာအ သက်ရှင် နေထိုင်လျက်ရှိကြောင်းနဲ့ စိုးရိမ် ပူပန်ပေးကြတဲ့ ပရိသတ်အားလုံးကို မစိုး ရိမ်ကြဖို့ သူ့ရဲ့တရားဝင် ဖေ့စ်ဘွတ် စာမျက်နှာပေါ်ကနေ ဖြေရှင်းပေးခဲ့ပါတယ်။

မဇ္ဈိမ

No comments:

Post a Comment