Friday, August 23, 2013

ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့အား ပြင်ဆင် ဖွဲ့စည်းရန် လေ့လာ လျက်ရှိ

Photo: ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့အား ပြင်ဆင် ဖွဲ့စည်းရန် လေ့လာ လျက်ရှိ
Friday, August 23, 2013

ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့(SDF)သည် အရေးပေါ် အခြေအနေ
တွင် တုံ့ပြန် ဆောင်ရွက်နိုင်ရေး အတွက် အဆင့်ဆင့် ကွပ်ကဲအုပ်ချုပ်မှု စနစ်အား စဉ်းစား သုံးသပ်သွားမည် ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာန က သြဂုတ် ၂၂ ရက်တွင် ထုတ်ပြန် ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ကာကွယ်ရေး တာဝန်များကို စစ်ဘက်အရာ ရှိများနှင့် အရပ်သား ဗျူရိုကရက်များက တာဝန်ခွဲဝေ ရယူထားသော်လည်း စစ်ဆင် ရေးများအား SDF ၏ ပူးတွဲ စစ်ဦးစီးချုပ်က အပြည့်အဝ တာဝန်ယူ သင့်ကြောင်း၊ စစ်ဘက် တာဝန်ရှိသူများ နှင့် ဗျူရိုကရက်များ စည်းလုံးညီညွတ် မှုပိုမိုမြင့်မား လာစေရန်အတွက် အမှု ထမ်းအချင်းချင်း ဖလှယ်၍ တာဝန်ထမ်း ဆောင်သင့်ကြောင်း ဂျပန်ပြည်ထဲရေး ဝန်ကြီးဌာန အဖွဲ့တစ်ဖွဲ့က အကြံပြုခဲ့သည်ဟု သိရသည်။ SDF ၏ ကြည်း၊ ရေ၊
လေတပ်ဖွဲ့များ ကျွမ်းကျင်မှုမြင့်မား စေရန်အတွက် ပစ္စည်း ကိရိယာများနှင့်
ထောက်ပံ့ပေးမှုများကို ပူးတွဲ လုပ်ဆောင်ရန်၊ အခြားနိုင်ငံများနှင့် စစ်ရေး
ဆိုင်ရာ ဆက်ဆံမှုများ မြှင့်တင်နိုင်ရန် အတွက် လည်း ကာကွယ်ရေး ဒုတိယ ဝန်ကြီး ရာထူးသစ် ထားရှိသင့်ကြောင်း အဆိုပါ အဖွဲ့ကအကြံပြု
ခဲ့သည်။

ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနသည် ၂ဝ၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် အကုန်
တွင် အဆို ပြုချက်များအား အပြီးသတ်ဆုံးဖြတ် ပြီးနောက် ၂ဝ၁၄ ခုနှစ် ဧပြီလတွင် ပြင်ဆင်ဖွဲ့စည်းမှုများ စတင်လုပ်ဆောင်သွားနိုင်ဖွယ်ရှိကြောင်း သိရသည်။

မြ၀တီ
ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့(SDF)သည် အရေးပေါ် အခြေအနေတွင် တုံ့ပြန် ဆောင်ရွက်နိုင်ရေး အတွက် အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်မှု စနစ်အား စဉ်းစား သုံးသပ်သွားမည် ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက သြဂုတ် ၂၂ ရက်တွင် ထုတ်ပြန် ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ကာကွယ်ရေး တာဝန်များကို စစ်ဘက်အရာ ရှိများနှင့် အရပ်သား ဗျူရိုကရက်များက တာဝန်ခွဲဝေ ရယူထားသော်လည်း စစ်ဆင် ရေးများအား SDF ၏ ပူးတွဲ စစ်ဦးစီးချုပ်က အပြည့်အဝ တာဝန်ယူသင့်ကြောင်း၊ စစ်ဘက် တာဝန်ရှိသူများ နှင့် ဗျူရိုကရက်များ စည်းလုံးညီညွတ် မှုပိုမိုမြင့်မား လာစေရန်အတွက် အမှု ထမ်းအချင်းချင်း ဖလှယ်၍ တာဝန်ထမ်း ဆောင်သင့်ကြောင်း ဂျပန်ပြည်ထဲရေး ဝန်ကြီးဌာန အဖွဲ့တစ်ဖွဲ့က အကြံပြုခဲ့သည်ဟု သိရသည်။ SDF ၏ ကြည်း၊ ရေ၊လေတပ်ဖွဲ့များ ကျွမ်းကျင် မှုမြင့်မား စေရန်အတွက် ပစ္စည်းကိရိယာများနှင့် ထောက်ပံ့ပေးမှုများကို ပူးတွဲလုပ်ဆောင်ရန်၊ အခြားနိုင်ငံ များနှင့် စစ်ရေးဆိုင်ရာ ဆက်ဆံမှုများ မြှင့်တင်နိုင်ရန် အတွက်လည်း ကာကွယ်ရေး ဒုတိယဝန်ကြီး ရာထူးသစ် ထားရှိ သင့်ကြောင်း အဆိုပါ အဖွဲ့ကအကြံပြု ခဲ့သည်။

ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနသည် ၂ဝ၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် အကုန်တွင် အဆို ပြုချက်များအား အပြီးသတ်ဆုံးဖြတ် ပြီးနောက် ၂ဝ၁၄ ခုနှစ် ဧပြီလတွင် ပြင်ဆင်ဖွဲ့စည်းမှုများ စတင်လုပ်ဆောင် သွားနိုင်ဖွယ်ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment